
ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဘာသာစကားမျိုးစုံ ကမ္ဘာလုံးဆိုင်ရာ ထူးခြားချက် စာတမ်းအရင်းအမြစ်စင်တာ တည်ဆောက်ထားသည်။ စာကြည့်တိုက်တွင် သိမ်းဆည်းထားသည့် ဘာသာစကား ၁၀၇ မျိုးဖြင့် ရေးသားထားသောစက္ကူစာတမ်း ၁.၆ သန်းနီးပါး၊ အီလက်ထရွန်းနစ်စာအုပ် ၁.၄၁ သန်းခန့်၊ ပုံနှိပ်သတင်းစာနှင့် ဂျာနယ် ၈၇၃ မျိုးနှင့် ဒေတာဘေ့စ် ၁၀၃ ခုတို့ ရှိရာ ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှုတို့ကို အဓိကထားသောအချက်အလက်များသည် ပြတိုက် သိမ်းဆည်းရာ ထူးခြားချက် ပဏာမအားဖြင့် ဖြစ်တည်လာသည်။ ယခုနှစ်များတွင် ဘာသာရပ်ဆိုင်ရာ တည်ဆောက်မှုများ တိုးတက်လာသည်နှင့်အမျှ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး၊ ဥပဒေ၊ သတင်းမီဒီယာ၊ စီမံခန့်ခွဲမှု၊ နိုင်ငံနှင့် ဒေသဆိုင်ရာ သုတေသန စသည့်နယ်ပယ်များမှ စာတမ်းများသည် စုဆောင်းမှုစနစ် တဖြည်းဖြည်း ဖြစ်တည်လာသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ပညာရေးသတင်းအချက်အလက်အသွင် တည်ဆောက်ရေးကို အဆက်မပြတ် အားဖြည့်လျက်ရှိပြီး “ဖွင့်လှစ်မှု၊ အပြန်အလှန် ချိတ်ဆက်မှု၊ စမတ်ကျမှု၊ ဆန်းသစ်တီထွင်မှု၊ ပေါင်းစည်းမှု”ကို တိုးတက်ရေးအယူအဆအဖြစ် ထားရှိရာ ဘာသာစကားမျိုးစုံဝက်ဘ်ဆိုက်များ၊ ဒီဂျစ်တယ်ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၊ ဒေတာစင်တာ၊ အွန်လိုင်းသင်ကြားပို့ချရေး၊ သင်ကြားပို့ချရေးအရင်းအမြစ်များ စသည့် ဆော့ဖ်ဝဲပလက်ဖောင်းများကို ဖန်တီးထားသည်။ ထို့ပြင် စမတ်သင်ကြားပို့ချရေးပတ်ဝန်းကျင်၊ ဆရာဆရာမများ ဖွံဖြိုးတိုးတက်ရေး စမတ်ပလက်ဖောင်းနှင့် စမ်းသပ်ခန်းများကို တည်ဆောက်ကာ ဆရာများ၏သင်ကြားပို့ချရေး ဆန်းသစ်တီထွင်မှုနှင့် ဖွံဖြိုးတိုးတက်မှုကို တွန်းအားပေးရာ အထင်ကရ ရလဒ်များ ဖြစ်ပေါ်လာသည်။ ပညာရေးဝန်ကြီးဌာန၏ ပထမအသုတ် ဥာဏ်ရည်တု(AI)အထောက်အကူဖြင့် ဆရာဆရာမအဖွဲ့ တည်ဆောက်ရေးလုပ်ငန်းလှုပ်ရှားမှု ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ရှေ့ပြေးစမ်းသပ်ခြင်းလုပ်ငန်းအဖြစ် ရွေးချယ်ခံရသည်။ ကမ္ဘာ့ဘာသာစကားပြတိုက် တည်ဆောက်ခြင်းသည် ဘာသာစကားနှင့် ယဥ်ကျေးမှုအမှတ်အသားသစ်ကို ဖန်တီးသလို တက္ကသိုလ်သမိုင်းပြတိုက်သစ် ပြီးမြောက်ခြင်းသည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ ကျောင်းဖွင့်လှစ်ခြင်း၏ခရီးစဥ်ကို ဘက်စုံဖော်ပြသည်။

စာကြည့်တိုက်သည် အကျယ်အဝန်း စုစုပေါင်း ၂၃၀၀၀ စတုရန်းမီတာ ရှိပြီး အဆောက်အအုံ ၆ ထပ် ရှိသည်။ စာဖတ်သူများအတွက် စာကြည့်ရာနေရာထိုင်ခင်းပေါင်း ၂၂၀၀ ကျော်၊ လေ့လာဆွေးနွေးခန်း ၁၈ ခန်း ပံ့ပိုးပေးပြီး သုတေသနဆိုင်ရာ ဟောပြောပွဲခန်းမများ၊ သုတေသနဆိုင်ရာ လေ့လာဆွေးနွေးပွဲခန်းမများ၊ မွမ်းမံသင်တန်း စာသင်ခန်းများ စသည်တို့ကိုလည်း ထားရှိသည်။ ထို့ပြင် ပြခန်း၊ ဆရာစာအုပ်ဘားများ၊ ကျောင်းသားစာအုပ်ဘားများနှင့် ကိုယ်တိုင်ကိုယ်ကျ အပြည့်အဝ ခံစားနိုင်စေရန် ဘာသာစကားနှင့် ယဥ်ကျေးမှုစင်တာ စသည့် ယဉ်ကျေးမှုနှင့် အပန်းဖြေစရာနေရာများကိုလည်း ပံ့ပိုးထားသည်။

စာကြည့်တိုက်ကို ကြိုးမဲ့အင်တာနက်(Wi-Fi)ဖြင့် အပြည့်အဝ လွှမ်းခြုံထားပြီး ၂၄ နာရီ ကိုယ်တိုင် ဝန်ဆောင်မှု ပေးသည့် စာအုပ်ပြန်ပေးသည့် ကိရိယာ ရှိသည်။ ကိုယ်တိုင် ဝန်ဆောင်မှု ပုံနှိပ်ခြင်း၊ မိတ္တူကူးယူခြင်း၊ စကင်န်ဖတ်ခြင်း၊ စာအုပ်များ ငှားရမ်းခြင်းနှင့် ပြန်ပေးခြင်း၊ အီလက်ထရွန်းနစ် လမ်းညွှန်ခြင်း၊ အီလက်ထရွန်နစ် သတင်းစာဖတ်ခြင်း စသည့် ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့် အသုံးအဆောင်ပစ္စည်းများကိုလည်း ပံ့ပိုးပေးသည်။ အီလက်ထရွန်းနစ် စာကြည့်နေရာများနှင့် မာလ်တီမီဒီယာ သင်ကြားရေးနေရာများ ထားရှိပြီး သတင်းအချက်အလက် ဖြန့်ချိရေးစနစ်များ နေရာတိုင်းတွင် တပ်ဆင်ထားသည်။

“နိုင်ငံခြားဘာသာစကားတွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ ထူးခြားသောလက္ခဏာများ ရှိရန်၊ ထူးချွန်ထက်မြက်သူများ ပျိုးထောင်မွေးထုတ်ပေးရန်၊ တရုတ်-နိုင်ငံတကာ ဆက်သွယ်ရန်” ဟူသော ကျောင်းတည်ထောင်ခြင်းအယူအဆဖြင့် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် စာကြည့်တိုက်သည် လူကို ဗဟိုပြု၍ အသိပညာစီးပွားရေး၊ ဒစ်ဂျစ်တယ်အသွင် ဖွံ့ဖြိုးတိုးတက်ရေးခေတ်ကာလဒီရေလှိုင်းနှင့် လိုက်လျော်ညီထွေဖြစ်ပြီး ကြွယ်ဝသောစာကြည့်တိုက်သိမ်းဆည်းမှုအရင်းအမြစ်များ၊ သက်တောင့်သက်သာရှိသော သင်ယူမှုပတ်ဝန်းကျင်၊ အသုံးပြုရလွယ်ကူသောဝန်ဆောင်မှုအယူအဆ၊ အဆင့်မြင့်ဝန်ဆောင်မှုပစ္စည်းများ စသည်တို့ဖြင့် စာဖတ်သူများအတွက် ပြည့်စုံသော အချက်အလက်ဝန်ဆောင်မှုများနှင့် ပညာရပ်သုတေသန ပံ့ပိုးကူညီမှုများ ပေးအပ်လျက်ရှိသည်။ တစ်ချိန်တည်းတွင်ပင် စာကြည့်တိုက်သည် နိုင်ငံခြားဘာသာဆိုင်ရာ သုတေသနအရင်းအမြစ်နှင့် ထူးခြားချက်ပါသောအရင်းအမြစ်များတို့ကို စုဆောင်းရန် ကြိုးပမ်းလျက်ရှိရာ ကျောင်းတွင်းနှင့် ကျောင်းချင်း ယဥ်ကျေးမှုအမျိုးမျိုးပေါင်းစုံသော အရင်းအမြစ်စင်တာနှင့် ယဥ်ကျေးမှုဖလှယ်ရေးစင်တာ ဖြစ်တည်လာသည်။