စာကြည့်တိုက်၌ သိမ်းဆည်းထားသည့်စာတမ်းများတွင် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ ဂျာမန်၊ စပိန်၊ ဂျပန်၊ အာရပ် စသည့် ဘာသာစကား ၁၀၇ မျိုး(BFSU တွင် သင်ကြားပို့ချသော ဘာသာစကား ၁၀၁ မျိုးအပါအဝင်) ရှိသည်။ စာတမ်းစုစုပေါင်း ၁.၆ သန်းနီးပါး၊ အီလက်ထရွန်နစ်စာအုပ် ၁.၄၁ သန်းကျော်၊ တရုတ်ဘာသာနှင့် နိုင်ငံခြာဘာသာစာနယ်ဇင်း ၈၇၃ မျိုး၊ ရုပ်သံအချက်အလက် ၁ သောင်းကျော်၊ တရုတ်နှင့် နိုင်ငံခြားဘာသာစကားများဖြင့် စာသားအပြည့်အစုံ အီလက်ထရွန်နစ်ဂျာနယ်အမျိုး ၃၈,၀၀၀ ခန့်၊ တရုတ်ဘာသာနှင့် နိုင်ငံခြားဘာသာဒေတာဘေ့စ် ၁၀၃ ခု၊ ကိုယ်ပိုင်တည်ဆောက်ထားသော ထူးခြားချက်လက္ခဏာ ရှိသည့် ဒေတာဘေ့စ် ၉ ခု ရှိရာ ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှုတို့ကို အဓိကထားသောအချက်အလက်များသည် ပြတိုက် သိမ်းဆည်းရာ ထူးခြားချက် ပဏာမအားဖြင့် ဖြစ်တည်လာသည်။