ပင်မစာမျက်နှာ > BFSU နှင့်စပ်လျဉ်း၍ > BFSU အကျဉ်းမိတ်ဆက်
>BFSU အကျဉ်းမိတ်ဆက်
>ကျောင်းဆောင်ပုဒ်နှင့် ကျောင်းတံဆိပ်
>လက်ရှိခေါင်းဆောင်များ
>အဓိကအချက်အလက်များ
>ကျောင်းဝင်း
>ဆက်သွယ်ရန်

BFSU အကျဉ်းမိတ်ဆက်

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်(အတိုကောက်”BFSU”)သည် ပေကျင်းမြို့ ဟိုင်တျန့်ခရိုင် မြောက်ရှီးဆန်းဟွမ်လမ်းမကြီးတွင် တည်ရှိသည်။ ၎င်းသည် ပညာရေးဝန်ကြီးဌာန တိုက်ရိုက်အုပ်ချုပ်သော၊ ပထမအသုတ် "၂၁၁ ပရောဂျက်" တက္ကသိုလ်များအနက် တစ်ကျောင်းအပါအဝင် ဖြစ်သလို "၉၈၅" အားသာချက် ရှိသော ပညာရပ်ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု ပလက်ဖောင်းတက္ကသိုလ်နှင့် ပထမအသုတ် “ကမ္ဘာ့ထိပ်တန်းနှင့် ပညာရပ်ထိပ်တန်းနှစ်ရပ်”အဖြစ် တည်ဆောက်ထားသောတက္ကသိုလ်နှင့် ကောလိပ်များအနက် တစ်ကျောင်းအပါအဝင် ဖြစ်သည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်(BFSU)သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့သည့် ပထမဦးဆုံးသော နိုင်ငံခြားဘာသာ အဆင့်မြင့်တက္ကသိုလ် ဖြစ်သည်။ BFSU ၏ မူလအစမှာ ၁၉၄၂ ခုနှစ်က ယန်အန်းဒေသ၌ တည်ထောင်ခဲ့သည့် တရုတ်ဂျပန်ခုခံရေး စစ်ရေးနှင့် နိုင်ငံရေးတက္ကသိုလ်၏ ရုရှားဘာသာကျောင်းခွဲ ဖြစ်ပြီး နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဗဟိုစစ်ကော်မရှင်၏ နိုင်ငံခြားဘာသာကျောင်းအဖြစ် ပြောင်းလဲတိုးတက်လာခဲ့ရာ တည်ထောင်စဥ်မှစ၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် တည်ရှိသည်။ တရုတ်နိုင်ငံသစ် ထည်ထောင်ပြီးနောက် ၎င်းသည် နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်၌ တည်ရှိပြီး ၁၉၅၄ ခုနှစ်တွင် ပေကျင်းနိုင်ငံခြားဘာသာအင်စတီကျုအဖြစ် အမည်ပြောင်းလဲခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ၎င်းကို ပညာရေးဝန်ကြီးဌာနမှ တိုက်ရိုက်အုပ်ချုပ်ပြီး ၁၉၉၄ ခုနှစ်တွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်အဖြစ် တရားဝင်အမည်ပြောင်းလဲခဲ့သည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် နိုင်ငံခြားဘာသာစကား ၁၀၁ မျိုး ဖွင့်လှစ်ရန် ခွင့်ပြုချက် ရရှိထားပြီး ဥရောပဘာသာစကားအုပ်စုနှင့် အာရှ-အာဖရိကဘာသာအုပ်စုတို့သည် ယခုအချိန်တွင် တရုတ်နိုင်ငံ၌ ဖုံးလွှမ်းအတိုင်းအတာ အကျယ်ပြန့်ဆုံးသော အသုံးနည်းဘာသာစကား တည်ဆောက်ရေးအခြေစိုက်စခန်း ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ ပထမအသုတ် ထူးခြားချက် ဘာသာရပ် တည်ဆောက်ရေးနေရာလည်း ဖြစ်သည်။ ယင်းကျောင်းသည် နိုင်ငံခြားဘာသာစကားနှင့် စာပေဘာသာရပ်ကို အဓိကထား၍ လူမှုရေး၊ ဥပဒေ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် ပညာရေး စသည့် ဘာသာရပ်မျိုးစုံ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသောအခြေအနေကို ပုံဖော်လာသည်။ အချိန်အစီအစဥ်အလိုက် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ရုရှားဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ ပြင်သစ်ဘာသာစကား၊ ဂျာမန်ဘာသာစကား၊ စပိန်ဘာသာစကား၊ ပိုလန်ဘာသာစကား၊ ချက်ကိုဘာသာစကား၊ ရူမေးနီးယားဘာသာစကား၊ ဂျပန်ဘာသာစကား၊ အာရပ်ဘာသာစကား၊ ကမ္ဘောဒီးယားဘာသာစကား၊ လာအိုဘာသာစကား၊ သီရိလင်္ကာဘာသာစကား၊ မလေးရှားဘာသာစကား၊ ဆွီဒင်ဘာသာစကား၊ ပေါ်တူဂီဘာသာစကား၊ ဟန်ဂေရီဘာသာစကား၊ အဲလဘေးနီးယားဘာသာစကား၊ ဘာလ်ဂေးရီးယားဘာသာစကား၊ ဆွာဟီလီဘာသာစကား၊ မြန်မာဘာသာစကား၊ အင်ဒိုနီးရှားဘာသာစကား၊ အီတလီဘာသာစကား၊ ခရိုအေးရှားဘာသာစကား၊ ဆားဘီးယားဘာသာစကား၊ ဟာအူဆာဘာသာစကား၊ ဗီယက်နမ်ဘာသာစကား၊ ထိုင်းဘာသာစကား၊ တူရကီဘာသာစကား၊ ကိုးရီးယားဘာသာစကား၊ စလိုဗားကီးယားဘာသာစကား၊ ဖင်လန်ဘာသာစကား၊ ယူကရိန်းဘာသာစကား၊ ဒတ်ချ်ဘာသာစကား၊ နော်ဝေဘာသာစကား၊ အိုက်စလန်ဘာသာစကား၊ ဒိန်းမတ်ဘာသာစကား၊ ဂရိဘာသာစကား၊ ဖိလစ်ပိုင်ဘာသာစကား၊ အိန္ဒိယဘာသာစကား၊ အူရဒူဘာသာစကား၊ ဟေဗြဲဘာသာစကား၊ ပါရှားဘာသာစကား၊ ဆလိုဗေးနီးယားဘာသာစကား၊ အက်စတိုးနီးယားဘာသာစကား၊ လတ်ဗီးယားဘာသာစကား၊ လစ်သူယေးနီးယားဘာသာစကား၊ အိုင်ယာလန်ဘာသာစကား၊ မော်လတာဘာသာစကား၊ ဘင်္ဂလားဒေ့ဘာသာစကား၊ ကာဇက်ဘာသာစကား၊ ဥဇဘက်ဘာသာစကား၊ လက်တင်ဘာသာစကား၊ ဇူလူဘာသာစကား၊ ကာဂျစ်ဘာသာစကား၊ ပက်ရှ်တိုဘာသာစကား၊ သင်္သကရိုက်ဘာသာစကား၊ ပါဠိဘာသာစကား၊ အမ်ဟာရစ်ဘာသာစကား၊ နီပေါဘာသာစကား၊ ဆိုမာလီဘာသာစကား၊ တမီးလ်ဘာသာစကား၊ တာ့ခ်မင်ဘာသာစကား၊ ကတ်တလန်ဘာသာစကား၊ ယိုရူဘာဘာသာစကား၊ မွန်ဂိုလီးယားဘာသာစကား၊ အာမေးနီးယားဘာသာစကား၊ မာလာဂါစီဘာသာစကား၊ ဂျော်ဂျီယန်ဘာသာစကား၊ အဇာဘိုင်ဂျန်ဘာသာစကား၊ အာဖရိကန်းဘာသာစကား၊ မာစီဒိုးနီးယားဘာသာစကား၊ တာဂျစ်ဘာသာစကား၊ ဆွာနာဘာသာစကား၊ အန်ဒီဘီလီဘာသာစကား၊ ကိုမိုရိုဘာသာစကား၊ ကရီအိုးဘာသာစကား၊ ရှောနာဘာသာစကား၊ တီဂ်ရီနျာဘာသာစကား၊ ဘီလာရုစ်ဘာသာစကား၊ မာအိုရီဘာသာစကား၊ တုန်ဂါဘာသာစကား၊ ဆမိုးဘာသာစကား၊ ကဒ်ဘာသာစကား၊ ဘီစ်လာမာဘာသာစကား၊ ဒါရီဘာသာစကား၊ တီတွမ်ဘာသာစကား၊ ဒီဗီဟီဘာသာစကား၊ ဖီးဂျီးဘာသာစကား၊ ကွတ်ကျွန်းမာအိုရီဘာသာစကား၊ ရွန်ဒီဘာသာစကား၊ လူဇင်ဘတ်ဘာသာစကား၊ ရဝမ်ဒါဘာသာစကား၊ နူအေးဘာသာစကား၊ ပီဂျင်ဘာသာစကား၊ ချီဝါဘာသာစကား၊ ဆိုသိုဘာသာစကား၊ ဆန်ဂိုဘာသာစကား၊ တာမာဇိုက်ဘာသာစကား၊ ဂျာဗားဘာသာစကား၊ ပန်ချာပီဘာသာစကားတို့ကို သင်ကြားပို့ချသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ယန်အန်းစိတ်ဓာတ်ကို လက်ခံထားပြီး တရုတ်နိုင်ငံ၏ နိုင်ငံတော်ဗျူဟာများကို ဝန်ဆောင်မှုပေးရန် ခိုင်မာစွာ ရပ်တည်လျက်၊ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထားရှိသောနိုင်ငံပေါင်း ၁၈၃ နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကားများကို သင်ကြားပို့ချလျက်ရှိသည်။

ယခုနှစ်များတွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် လူရည်ချွန် ပြုစုပျိုးထောင်မှုပုံစံ ပြုပြင်ပြောင်းလဲရေးကို အားကြိုးမာန်တက် မြှင့်တင်ရာ ပြည်တွင်းတက္ကသိုလ်များ၏ ပထမဆုံးသော သင်ရိုးညွှန်းတမ်းဌာနကို ထူထောင်ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကျောင်းနှင့် အပြည်ပြည်ဆိုင်ရာပညာရေးကျောင်းကို တည်ထောင်ကာ မူလက အာရှ-အာဖရိကကျောင်းကို အာရှကျောင်းနှင့် အာဖရိကကျောင်းအဖြစ်သို့ တိုးချဲ့ခဲ့သည်။ ဉာဏ်ရည်တု(AI)နှင့် လူသားဘာသာစကား အဓိကစမ်းသပ်ခန်းကို ထူထောင်ခဲ့သလို နိုင်ငံတကာ ဖြန့်ချိရေးစွမ်းရည် မြှင့်တင်ရန် နိုင်ငံတော် ဘာသာပြန်စွမ်းရည် သုတေသနစင်တာ စသည့် အထူးသုတေသနလုပ်ငန်းဌာနကို ထူထောင်ခဲ့သည်။ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာဘာသာစကား၊ ကမ္ဘာလုံးဆိုင်ရာယဥ်ကျေးမှုနှင့် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်ရေးကို မဟာဗျူဟာဦးတည်ချက်များအဖြစ် ထားရှိကာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားဘာသာတက္ကသိုလ်မဟာမိတ်၊ ကမ္ဘာ့ဒေသနှင့် နိုင်ငံများဆိုင်ရာ သုတေသနအသိုက်အဝန်း၊ တရုတ်နိုင်ငံ ဒေသနှင့် နိုင်ငံများဆိုင်ရာ သုတေသနအသိုက်အဝန်းတို့ကို ကမကထပြု၍ တည်ထောင်ခဲ့သည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်တွင် နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်နှင့် ဝန်ကြီးဌာနအဆင့်ရှိ သုတေသနအခြေစိုက်စခန်း ၅၄ ခု ရှိပါသည်။ ၎င်းတို့အနက် ပညာရေးဝန်ကြီးဌာန၏ လူမှုယဥ်ကျေးမှုဆိုင်ရာ လူမှုရေးသိပ္ပံ အဓိကသုတေသနအခြေစိုက်စခန်းများ ဖြစ်ကြသော တရုတ်နိုင်ငံခြားဘာသာနှင့် ပညာရေးသုတေသနစင်တာ၊ ပညာရေးဝန်ကြီးဌာန၏ ဒဿနိကဗေဒဆိုင်ရာ လူမှုရေးသိပ္ပံစမ်းသပ်ခန်း(ပျိုးထောင်ခြင်း)/ပညာရေးဝန်ကြီးဌာန အင်ဂျင်နီယာသုတေသနစင်တာ ပျိုးထောင်မှုတည်ဆောက်ရေးစီမံကိန်းတွင် ဉာဏ်ရည်တု(AI)နှင့် လူသားဘာသာစကား အဓိကစမ်းသပ်ခန်း၊ နိုင်ငံတော် ဘာသာစကားကော်မရှင် သုတေသန အခြေစိုက်စခန်း ဖြစ်သည့် နိုင်ငံတော် ဘာသာစကား စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာ၊ နိုင်ငံတော် သင်ရိုးညွှန်းတမ်းတည်ဆောက်ရေး အဓိက သုတေသန အခြေစိုက်စခန်း ဖြစ်သည့် တက္ကသိုလ်၊ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်း နိုင်ငံခြား ဘာသာစကား သင်ရိုးညွှန်တမ်း သုတေသနအခြေစိုက်စခန်း၊ ပညာရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံများ၊ ဒေသများနှင့် အပြည်ပြည်ဆိုင်ရာဖြန့်ချိရေးပူးတွဲသုတေသနဌာန၏ ဆက်စပ်ဆန်းသစ်တီထွင်မှု ပလက်ဖောင်းနှင့် ပညာရေးဝန်ကြီးဌာန/အမျိုးသားတိုင်းရင်းသားရေးရာကော်မရှင်၏ တရုတ်လူမျိုးများအသိုက်အဝန်း သုတေသနအခြေစိုက်စခန်းဟူ၍လည်းကောင်း၊  ဒေသနှင့် ကမ္ဘာလုံး စီမံအုပ်ချုပ်မှုဆိုင်ရာ အဆင့်မြင့်သုတေသနအင်စတီကျု၊ ပညာရေးဝန်ကြီးဌာန ဒေသနှင့် နိုင်ငံများဆိုင်ရာ သုတေသနပျိုးထောင်ရေးအခြေစိုက်စခန်း ၄ ခု ဖြစ်ကြသော အလယ်နှင့် အရှေ့ဥရောပ သုတေသနစင်တာ၊ ဂျပန်နိုင်ငံ သုတေသနစင်တာ၊ ဗြိတိန်နိုင်ငံ သုတေသနစင်တာ၊ ကနေဒါနိုင်ငံ သုတေသနစင်တာ၊ ပညာရေးဝန်ကြီးဌာနတွင် စာရင်းသွင်း မှတ်ပုံတင်ထားသည့် နိုင်ငံနှင့် ဒေသဆိုင်ရာ သုတေသနစင်တာ ၃၇ ခု၊ ပညာရေးဝန်ကြီးဌာန၏ တရုတ်-နိုင်ငံခြားလူမှုယဥ်ကျေးမှုဖလှယ်ရေး သုတေသနစင်တာ ၃ ခု ဖြစ်သည့် တရုတ်-အင်ဒိုနီးရှား လူမှုယဥ်ကျေးမှုဖလှယ်ရေး သုတေသနစင်တာ၊ တရုတ်-ပြင်သစ် လူမှုယဥ်ကျေးမှုဖလှယ်ရေး သုတေသနစင်တာနှင့် တရုတ်-ဂျာမနီ လူမှုယဥ်ကျေးမှုဖလှယ်ရေး သုတေသနစင်တာဟူ၍လည်းကောင်း ရှိကြသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ပေကျင်းမြို့ ဒဿနိကဗေဒဆိုင်ရာ လူမှုရေးသိပ္ပံ အဓိကသုတေသနအခြေစိုက်စခန်း၊ ပေကျင်းမြို့ ပညာရေးနှင့် တရားဥပ‌ဒေစိုးမိုးရေး သုတေသနအခြေစိုက်စခန်းတို့လည်း ရှိသည်။ ထို့ပြင် ပထမဆုံးသော နိုင်ငံတော်၏ ဘာသာစကား ဖြန့်ချိရေး အခြေစိုက်စခန်းနှင့် ပေကျင်းမြို့၏ ပထမဆုံးသော ရှီကျင့်ဖိန် ခေတ်သစ်တရုတ်ဝိသေသလက္ခဏာ ဆောင်သည့် ဆိုရှယ်လစ်ဝါဒအတွေးအခေါ် သုတေသနစင်တာ သုတေသနအခြေစိုက်စခန်းအဖြစ် ရွေးချယ်ခံရပြီး ပေကျင်းမြို့ တက္ကသိုလ်နှင့် ကောလိပ်များ တရုတ်ဝိသေသလက္ခဏာ ဆောင်သည့် ဆိုရှယ်လစ်ဝါဒ သီအိုရီသုတေသန တွဲဖက်ဆန်းသစ်တီထွင်ရေးစင်တာအဖြစ် ချီးမြှင့်ခံရသည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကြီးမှူးထုတ်ဝေသည့် ဂျာနယ်၊ စာစောင်များစွာ ရှိသည်။ ၎င်းတို့တွင်  CSSCI စာနယ်ဇင်း ၅ မျိုး ဖြစ်ကြသည့်《နိုင်ငံခြားဘာသာစကားသင်ကြားပို့ချရေးနှင့် သုတေသန》၊《နိုင်ငံခြားစာပေ》၊《နိုင်ငံတကာဖိုရမ်》၊《နိုင်ငံခြားဘာသာစကား ပညာရေးနှင့် သုတေသနရှေ့တန်းနယ်ပယ်》နှင့်《နိုင်ငံတကာတရုတ်ပညာရပ်》၊ CSSCI တိုးချဲ့ပုံနှိပ်ထုတ်ဝေသည့် ဂျာနယ်များ ဖြစ်ကြသည့်《တရုတ်နိုင်ငံ ရုရှားဘာသာစကား သင်ကြားပို့ချရေး》၊ CSSCI စုစည်းထုတ်ဝေသည့် စာစောင်များ ဖြစ်ကြသည့်《ဂျပန်နိုင်ငံ ပညာရပ်သုတေသန》၊《ဘာသာစကားမူဝါဒနှင့် စီမံကိန်းဆိုင်ရာသုတေသန》တို့ ဖြစ်သည်။ ထို့အပြင် အခြားတရုတ်ဘာသာဖြင့် ပညာရပ်ဆိုင်ရာစာနယ်ဇင်းများ ၇ မျိုး ထုတ်ဝေသည်။ ကြီးမှူးထုတ်ဝေသောဂျာနယ် ၁၃ မျိုး ဖြစ်ကြသည့် ESCI အင်္ဂလိပ်ဘာသာဂျာနယ်《Chinese Journal of Applied Linguistics》(တရုတ်နိုင်ငံအသုံးချဘာသာဗေဒ)၊ Scopus ဒေတာဘေ့စ်တွင် စာရင်းသွင်းထားသောအင်္ဂလိပ်ဘာသာဂျာနယ် ၂ မျိုး ဖြစ်သော《Journal of World Languages》(ကမ္ဘာ့ဘာသာစကားသုတေသနစာနယ်ဇင်း)နှင့်《Interpreting and Society: An Interdisciplinary Journal》(စကားပြန်နှင့် လူမှုရေး)၊  အခြားသော ဘာသာစကားမျိုးစုံဂျာနယ်စာစောင်များ ရှိသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်တွင် တစ်နိုင်ငံလုံး အကြီးဆုံးသော နိုင်ငံခြားဘာသာစကား စာအုပ်များ၊ ရုပ်သံနှင့် အီလက်ထရွန်နစ် ထုတ်ကုန်ထုတ်ဝေရေး အခြေစိုက်စခန်း ဖြစ်သည့် နိုင်ငံခြားဘာသာစကား သင်ကြားပို့ချရေးနှင့် သုတေသနထုတ်ဝေရေးဌာန ရှိသည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဘွဲ့ကြိုအထူးပြုဘာသာရပ် ၁၂၂ ခု ဖွင့်လှစ်ထားပြီး ၎င်းတို့အနက် ၄၆ ခုမှာ တစ်နိုင်ငံလုံး၌ တစ်ခုတည်းသော အထူးပြုဘာသာရပ်များ ဖြစ်ကာ ၅၄ ခုမှာ နိုင်ငံတော်အဆင့် ပထမတန်းစား ဘွဲ့ကြိုအထူးပြုဘာသာရပ် တည်ဆောက်ရေးနေရာ ဖြစ်သလို ၁၈ ခုမှာ ပြည်နယ်အဆင့် ပထမတန်းစား ဘွဲ့ကြိုအထူးပြုဘာသာရပ် တည်ဆောက်ရေးနေရာ ဖြစ်သည်။ “ဘာသာစကားမျိုးစုံ ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည် ပျိုးထောင်ရေး ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်ပုံစံ”သည် ၂၀၂၂ ခုနှစ်က နိုင်ငံတော်အဆင့် သင်ကြားပို့ချရေးရလဒ် ပထမဆုကို ရရှိခဲ့သည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်တွင် နိုင်ငံတော်အဆင့် အဓိက ဘာသာရပ်(ပျိုးထောင်မှုဘာသာရပ်များအပါအဝင်) ၄ ခုနှင့် ပေကျင်းမြို့အဆင့် အဓိက ဘာသာရပ် ၇ ခု ရှိပါသည်။ ပါရဂူဘွဲ့ ပထမအဆင့် ဘာသာရပ်ဘွဲ့ ပေးအပ်ခွင့်ရ ဘာသာရပ် ၆ ခု(နိုင်ငံခြားဘာသာစကားနှင့် စာပေ၊ စီမံခန့်ခွဲမှုသိပ္ပံနှင့် အင်ဂျင်နီယာ၊ ဒေသများနှင့် နိုင်ငံများလေ့လာရေးပညာ၊ တရုတ်ဘာသာစကားနှင့် စာပေ၊ ပညာရေးနှင့် ဘာသာပြန်)၊ မဟာဘွဲ့ပေးအပ်ခွင့်ရဘာသာရပ် ၁၂ ခု(နိုင်ငံခြားဘာသာစကားနှင့် စာပေ၊ စီမံခန့်ခွဲမှုသိပ္ပံနှင့် အင်ဂျင်နီယာပညာ၊ တရုတ်ဘာသာစကားနှင့် စာပေ၊ ဒေသများနှင့် နိုင်ငံများဗေဒ၊ ပညာရေးဗေဒ၊ နိုင်ငံရေးဗေဒ၊ သတင်းဖြန့်ချိရေးဗေဒ၊ ဥပဒေဗေဒ၊ အသုံးချစီးပွားရေးဗေဒ၊ စီးပွားရေးစီမံခန့်ခွဲမှုဗေဒ၊ မာ့က်စ်ဝါဒ သဘောတရား၊ ကမ္ဘာ့သမိုင်း)၊ ပရော်ဖက်ရှင်နယ် မဟာဘွဲ့ပေးအပ်ခွင့်ရဘာသာရပ် ၉ ခု(ဘာသာပြန်၊ နိုင်ငံတကာ တရုတ်ဘာသာစကား ပညာရေး၊ နိုင်ငံတကာစီးပွားရေး၊ ဘဏ္ဍာရေး၊ သတင်းနှင့် ဖြန့်ချိရေး၊ ဥပဒေ၊ စာရင်းကိုင်၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့် နိုင်ငံတကာရေးရာ) ရှိပါသည်။  နိုင်ငံခြားဘာသာစကားနှင့် စာပေများသည် နိုင်ငံတော်၏ “ကမ္ဘာ့ထိပ်တန်းနှင့် ပညာရပ်ထိပ်တန်းနှစ်ရပ်”အဖြစ် တည်ဆောက်ထားသော ဘာသာရပ် ရွေးချယ်ခံခဲ့သည်။ “နိုင်ငံခြားဘာသာစကားပညာရေး”သည် ပေကျင်းမြို့ တက္ကသိုလ်နှင့် ကောလိပ်များ၏ အဆင့်မြင့်ဖြစ်သော၊ ကျွမ်းကျင်သော၊ ထိပ်တန်းရောက်သော ဘာသာရပ်အဖြစ် အသိအမှတ်ပြုခြင်း ခံရသည်။ ပညာရေးဝန်ကြီးဌာန၏ ဘာသာရပ်ဆိုင်ရာ အကဲဖြတ်မှု အကြိမ်ကြိမ်တွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ နိုင်ငံခြားဘာသာစာပေ ပထမအဆင့် ဘာသာရပ်သည် အဆင့် A+ အဖြစ် အဆက်မပြတ် သတ်မှတ်ခြင်းခံရရာ တစ်နိုင်ငံလုံးတွင် ထိပ်တန်းနေရာ၌ ရပ်တည်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် QS ကမ္ဘာ့တက္ကသိုလ်များ ဘာသာရပ်အလိုက် အဆင့်သတ်မှတ်ချက်စာရင်းတွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ ဘာသာဗေဒအဆင့် ၁၈၊ အင်္ဂလိပ်ဘာသာနှင့် စာပေအဆင့် ၉၈၊ ခေတ်သစ်ဘာသာဗေဒအဆင့် ၂၅၁-၂၀၀၊ ပညာရေးဗေဒအဆင့် ၂၅၁-၃၀၀ တို့ဖြင့် တရုတ်နိုင်ငံရှိ အမျိုးအစား တူသည့် တက္ကသိုလ်နှင့် ကောလိပ်၏ ထိပ်တန်းနေရာ၌ ရပ်တည်လျက်သည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် အနီရောင်မျိုးဆက်ကို ဆက်ခံပြီး နိုင်ငံတော် မဟာဗျူဟာများကို ဝန်ဆောင်မှုပေးသည်။ “နိုင်ငံခြားဘာသာစကားတွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ ထူးခြားသောလက္ခဏာများ ရှိရန်၊ ထူးချွန်ထက်မြက်သူများ မွေးထုတ်ရန်၊ တရုတ်-နိုင်ငံတကာ ဆက်သွယ်ရန်” ဟူသော ကျောင်းတည်ထောင်သည့်အယူအဆနှင့် ပညာဗဟုသုတ ကြွယ်ဝအောင် လေ့လာသင်ယူဆည်းပူး၍ လေ့လာသင်ယူဆည်းပူးထား‌သော အသိပညာများကို အတတ်ပညာများအဖြစ်သို့ ပြောင်းလဲလက်တွေ့အသုံးချမည်” ဟူသော ကျောင်းဆောင်ပုဒ်စိတ်ဓာတ်ကို ခိုင်မြဲစွာ လက်ကိုင်ထားကျင့်သုံးသည်။ “အနီရောင်ဝါဒ လက်ကိုင်ထားခြင်း၊ ပညာထူးချွန်ခြင်း၊ ယဥ်ကျေးမှုမြင့်မားခြင်း” ဟူသည့် ကျောင်းဝင်းယဥ်ကျေးမှုကို မြှင့်တင်ကာ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ စိတ်ဓာတ်ကို စောင့်စည်းပြီး ”အကျင့်စာရိတ္တ ကောင်းမွန်ရန်၊ လူရည်ချွန် မွေးထုတ်ရန် အခြေခံတာဝန်”ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သည်။ ထို့ကြောင့် သံတမန်ရေး၊ ဘာသာပြန်၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ သတင်းမီဒီယာ၊ ဥပဒေနှင့် ဘဏ္ဍာရေး စသည့် နိုင်ငံတကာဆိုင်ရာနယ်ပယ်များအတွက် အရည်အချင်း မြင့်မားသော လူရည်ချွန် ပျိုးထောင်ပေးရာ အဓိကအခြေစိုက်စခန်း ဖြစ်လာသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းပြီးဘွဲ့ရသူများသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံအနယ်နယ်အရပ်ရပ်ရှိ လုပ်ငန်းအသီးသီးတွင် တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ကြီးမားဂုဏ်သိက္ခာနှင့် အောင်မြင်မှုများ ရခဲ့သလို ထိပ်တန်းထူးချွန်သူနှင့် လူမှုအသိုက်အဝိုင်း၏အားထားရာ ပင်မထောက်တိုင်များ ဖြစ်လာခဲ့ကြသည်။ မပြည့်စုံသောစာရင်းဇယားအရ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းပြီးသော ကျောင်းသားဟောင်းများအနက် နိုင်ငံခြားတွင် တာတန်ထမ်းဆောင်သောသံအမတ်ကြီး ၅၀၀ ကျော်၊ သံမှူး ၃၀၀၀ ကျော် ရှေ့ဆင့်နောက်ဆက် ပေါ်ထွန်းခဲ့ရာ ထို့ကြောင့်ပင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်ကို “တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံတမန်များ၏ ပုခက်”ဟူ၍ တင်စားခေါ်ဝေါ်ကြပေသည်။ တက္ကသိုလ်တွင် လက်ရှိတက်ရောက်နေသော ဘွဲ့ကြိုကျောင်းသား ၅၇၀၀ ကျော်၊ ဘွဲ့လွန်(မဟာဘွဲ့၊ ပါရဂူဘွဲ့) ကျောင်းသား ၄၃၀၀ ကျော်နှင့် နိုင်ငံတကာကျောင်းသား ၁၂၀၀ ကျော် ရှိသည်။ ၂၀၂၄ ခုနှစ်က ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် တရုတ်နိုင်ငံသို့ လာရောက် ပညာသင်နေသော ပညာတော်သင်များအတွက် အဆင့်မြင့်ပညာရေး အရည်အသွေး အသိအမှတ်ပြုအဆင့် A ကို ထပ်မံဂုဏ်ယူဖွယ်ရရှိခဲ့သည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် လူရည်ချွန် စီမံခန့်ခွဲမှုယန္တရားများကို ဆန်းသစ်တီထွင်ရန် အလေးထားပြီး ဆရာ၊ ဆရာမအင်အားအဖွဲ့၏အဆင့်ကို ဘက်စုံမြှင့်တင်ပေးရာ ယခု တာဝန်ထမ်းဆောင်လျက်ရှိသော အတည်တကျ ခန့်အပ်ထားသည့် စာရင်းဝင် ပညာရေးဝန်ထမ်းပေါင်း ၁၂၀၀ ကျော် ရှိသည့်အပြင် နိုင်ငံနှင့် ဒေသပေါင်း ၆၅ ခုမှ ရေတိုရေရှည် ခန့်အပ်ထားသည့် နိုင်ငံခြားသားဆရာ၊ ဆရာမ ၂၀၀ နီးပါး ရှိသည်။ ကျောင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ”ချစ်ကြည်ရေးတံဆိပ်”ရရှိသူများ၊ ပြည်လုံးဆိုင်ရာ ထူးချွန်ဆရာ၊ ဆရာမများနှင့် နိုင်ငံတော်အဆင့် လူရည်ချွန်များ စသော အရည်အချင်းမြင့် ဆရာ၊ ဆရာမအင်အား ရှိသည်။ ဆရာဆရာမ၏ ၉၀ ရာခိုင်နှုန်းကျော်သည် နိုင်ငံခြားတွင် ပညာဆည်းပူးလေ့လာမှုအတွေ့အကြုံ ရှိခဲ့သည်။ တရုတ်နိုင်ငံခြားဘာသာနှင့် ပညာရေးသုတေသနစင်တာ ဆရာဆရာမအဖွဲ့၊  ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း လူရည်ချွန်ပျိုးထောင်ရေးအဖွဲ့သည် “ပြည်လုံးဆိုင်ရာတက္ကသိုလ်နှင့် ကောလိပ် ဟွမ်တာ့နျန် စံပြဆရာဆရာမအဖွဲ့”အဖြစ် ရွေးချယ်တင်မြောက်ခြင်းခံရသည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၈၀ ကျော်မှ တက္ကသိုလ်၊ ကောလိပ်နှင့် ပညာရပ်ဆိုင်ရာဌာန ၃၀၀ ကျော်နှင့် ကူးလူးဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးထားသည်။ ဗြိတိန် ကိန်းဘရစ်ချ်တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု ရှီကာဂိုတက္ကသိုလ်၊ စင်ကာပူ နန်ယန်းနည်းပညာတက္ကသိုလ်၊ ဂျပန် တိုကျိုတက္ကသိုလ်၊ သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ ပဲရစ် ဆော်ဘွန်းတက္ကသိုလ်၊ ဟောင်ကောင်တရုတ်တက္ကသိုလ်၊ မလေးရှား မာလာယာတက္ကသိုလ်၊ ရုရှား မော်စကိုအမျိုးသားတက္ကသိုလ်၊ ဘရာဇီး ဆောင်ပေါ်လိုတက္ကသိုလ်၊ ဂျာမနီ ဟိုက်ဒယ်ဘတ်တက္ကသိုလ်၊ မက္ကဆီကို အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်နှင့် ဘာစီလိုနာ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် စသည့် နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်များနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ထားသည်။ ထို့ပြင် အာရှ၊ ဥရောပနှင့် အမေရိကရှိ ၁၈ နိုင်ငံတွင် ကွန်ဖြူးရှပ်အင်စတီကျု ၂၃ ခု တည်ထောင်ထားရာ ပြည်တွင်းတက္ကသိုလ်များအနက် အရေအတွက် အများဆုံး ဖြစ်ပြီး ၎င်းတို့အနက် ၇ ခုမှာ ကမ္ဘာ့ စံပြ ကွန်ဖြူးရှပ်အင်စတီကျု ဖြစ်သည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဘာသာစကားမျိုးစုံ ကမ္ဘာလုံးဆိုင်ရာ ထူးခြားချက်စာတမ်း အရင်းအမြစ်စင်တာ တည်ဆောက်ထားပြီး စာကြည့်တိုက်တွင် သိမ်းဆည်းထားသည့်ဘာသာစကား ၁၀၇ မျိုးဖြင့် ရေးသားထားသော စက္ကူစာတမ်း ၁.၆ သန်းနီးပါး၊ အီလက်ထရွန်းနစ်စာအုပ် ၁.၄၁ သန်းခန့်၊ ပုံနှိပ်သတင်းစာနှင့် ဂျာနယ် ၈၇၃ မျိုးနှင့် ဒေတာဘေ့စ် ၁၀၃ ခုတို့ ရှိရာ ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှုတို့ကို အဓိကထားသော အချက်အလက်များသည် ပြတိုက် သိမ်းဆည်းရာ ထူးခြားချက်အဖြစ် ပဏာမအားဖြင့် ဖြစ်တည်လာသည်။ ယခုနှစ်များတွင် ဘာသာရပ်ဆိုင်ရာ တည်ဆောက်မှုများ တိုးတက်လာသည်နှင့်အမျှ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး၊ ဥပဒေ၊ သတင်းမီဒီယာ၊ စီမံခန့်ခွဲမှု၊ နိုင်ငံနှင့် ဒေသရေးရာသုတေသန စသည့်နယ်ပယ်များမှ စာတမ်းများသည် စုဆောင်းမှုစနစ် တဖြည်းဖြည်း ဖြစ်တည်လာသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ပညာရေးသတင်းအချက်အလက်အသွင် တည်ဆောက်ရေးကို အဆက်မပြတ် အားဖြည့်လျက်ရှိပြီး “ဖွင့်လှစ်မှု၊ အပြန်အလှန် ချိတ်ဆက်မှု၊ စမတ်ကျမှု၊ ဆန်းသစ်တီထွင်မှု၊ ပေါင်းစည်းမှု”ကို တိုးတက်ရေးအယူအဆအဖြစ် ထားရှိရာ ဘာသာစကားမျိုးစုံဝက်ဘ်ဆိုက်များ၊ ဒီဂျစ်တယ်ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၊ ဒေတာစင်တာ၊  အွန်လိုင်းသင်ကြားပို့ချရေး၊ သင်ကြားပို့ချရေးအရင်းအမြစ်များ စသည့် ဆော့ဖ်ဝဲပလက်ဖောင်းများကို ဖန်တီးထားသည်။ ထို့ပြင် စမတ်သင်ကြားပို့ချရေးပတ်ဝန်းကျင်၊ ဆရာဆရာမများ ဖွံဖြိုးတိုးတက်ရေး စမတ်ပလက်ဖောင်းနှင့် စမ်းသပ်ခန်းများကို တည်ဆောက်ကာ ဆရာများ၏သင်ကြားပို့ချရေး ဆန်းသစ်တီထွင်မှုနှင့် ဖွံဖြိုးတိုးတက်မှုကို တွန်းအားပေးရာ အထင်ကရ ရလဒ်များ ဖြစ်ပေါ်လာသည်။ ပညာရေးဝန်ကြီးဌာန၏ ပထမအသုတ် ဥာဏ်ရည်တု(AI)အထောက်အကူဖြင့် ဆရာဆရာမအဖွဲ့ တည်ဆောက်ရေးလုပ်ငန်းလှုပ်ရှားမှု ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ရှေ့ပြေးစမ်းသပ်ခြင်းလုပ်ငန်းအဖြစ် ရွေးချယ်ခံရသည်။  ကမ္ဘာ့ဘာသာစကားပြတိုက် တည်ဆောက်ခြင်းသည် ဘာသာစကားနှင့် ယဥ်ကျေးမှုအမှတ်အသားသစ်ကို ဖန်တီးသလို တက္ကသိုလ်သမိုင်းပြတိုက်သစ် ပြီးမြောက်ခြင်းသည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ ကျောင်းဖွင့်လှစ်ခြင်း၏ခရီးစဥ်ကို ဘက်စုံဖော်ပြသည်။

ယခု ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ရှီကျင့်ဖိန် ခေတ်သစ်တရုတ်ဝိသေသလက္ခဏာ ဆောင်သည့် ဆိုရှယ်လစ်ဝါဒအတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ခိုင်မာစွာ လိုက်နာကျင့်သုံးပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံနှင့် ပြည်လုံးဆိုင်ရာ ပညာရေးညီလာခံ၏စိတ်ဓာတ်ကို အပြည့်အဝ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ရှီကျင့်ဖိန်၏ ပညာရေးဆိုင်ရာ အရေးကြီးသုံးသပ်ချက်များနှင့် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခကြီးများထံသို့ အရေးကြီးပြန်စာ၏စိတ်ဓာတ်ကို လိုက်နာကျင့်သုံးလျက်၊ ကျောင်း၏ ၁၀ ကြိမ်မြောက် ပါတီညီလာခံစိတ်ဓာတ်နှင့် ”၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း”၏ စီမံကိန်းစီမံချက်များကို အကောင်အထည်ဖော်လျက်ရှိသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အလုံးစုံဦးဆောင်မှုအား အခိုင်အမာ လက်ကိုင်ထားမြှင့်တင်ဆောင်ရွက်ကာ လူရည်ချွန်များဖြင့် တက္ကသိုလ် အားကောင်းစေရေး၊ သုတေသနပညာရပ်များဖြင့် တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ် ထူထောင်ရေးမဟာဗျူဟာကို ဖော်ဆောင်ခဲ့သည်။ နိုင်ငံတကာအသွင်၊ ထူးခြားချက်ရှိမှု၊ အဆင့်မြင့်မားပြီး သိပ္ပံဝိဇ္ဇာကဏ္ဍနှစ်ရပ် တတ်ကျွမ်းသော ကမ္ဘာ့အဆင့်မီ နိုင်ငံခြားဘာသာစကားတက္ကသိုလ်တစ်ခု တည်ဆောက်ရန် ရည်မှန်းချက်ဖြင့် “ဘာသာစကားများဖြင့် တရုတ်နှင့် ကမ္ဘာကို ပေါင်းကူးကာ အမှန်တရားနှင့် တရားမျှတမှုကို လက်ကိုင်ထားခြင်းဖြင့် ကမ္ဘာကို ပံ့ပိုးကူညီခြင်း" ဟူသောတာဝန်ဖြင့် မျိုးချစ်စိတ်၊ ကမ္ဘာလုံးဆိုင်ရာအမြင်၊ ကျွမ်းကျင်မှုစွမ်းရည်နှင့် ပြည့်စုံသော၊ ပိုမိုများပြားသော ပေါင်းစပ်လူရည်ချွန်များကို ပြုစုပျိုးထောင်လျက်ရှိသည်။ တရုတ်နိုင်ငံကို ကမ္ဘာသို့ ပိုမိုကောင်းမွန်စွာ ရှေ့ရှုလျှောက်လှမ်းရေး၊ ကမ္ဘာကြီးက တရုတ်နိုင်ငံကို ပိုမိုနားလည်စေရေးကို တွန်းအားပေးရန်အတွက် ပိုမိုကြီးမားသောအကျိုးသစ်ကို ဆောင်ကြဉ်းသွားမည် ဖြစ်သည်။