ပင်မစာမျက်နှာ > သတင်းများ

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်က ၂၀၂၆ ခုနှစ် နွေဦးရာသီစာသင်ကာလလုပ်ငန်းများအား လေ့လာစီမံ

Updated: 2026-03-29

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ ၂၀၂၆ ခုနှစ် နွေဦးရာသီစာသင်ကာလ လုပ်ငန်းစီမံခန့်ခွဲရေးအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ ရက်က Yifu ဆောင်၌ ကျင်းပခဲ့သည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ခေါင်းဆောင်တစ်ရပ်လုံးက အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ပါတီကော်မတီ အတွင်းရေးမှူး Li Hai၊ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး၊ ပါမောက္ခချုပ် Jia Wenjian တို့သည် နှစ်သစ်တစ်နှစ်တာလုပ်ငန်းအရပ်ရပ်ကို လမ်းညွှန်ချက်များ အသီးသီးချမှတ်ပေးခဲ့သည်။


နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍနှင့်ပတ်သက်၍ Li Hai က ကမ္ဘာလုံးဆိုင်ရာဘာသာစကား၊ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု၊ ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု စသည့်အဓိကနယ်ပယ်များကို အာရုံစိုက်ပြီး တက္ကသိုလ်၏ ပြည်ပသို့ ဖွင့်လှစ်မှုနှင့် နိုင်ငံတကာကူးလူးဖလှယ်မှုလုပ်ငန်းများကို ကောင်းမွန်အောင် ဘက်စုံမှနေ၍ စီမံခန့်ခွဲမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နာမည်ကျော်တက္ကသိုလ်များနှင့် အဆင့်မြင့်၊ ကဏ္ဍစုံလင် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်ကာ တရုတ်-နိုင်ငံခြား စာသင်ကျောင်း ပူးပေါင်းတည်ထောင်ရေး၏အရည်အသွေးနှင့် ထိရောက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း၊ ကွန်ဖြူးရှပ်အင်စတီကျူ တည်ဆောက်မှုကို တည်ငြိမ်စွာ မြှင့်တင်လျှောက်လှမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး “ဟန့်ယွီချောင်”(တရုတ်စာပေပေါင်းကူးတံတား) ကဲ့သို့သော ထူးခြားသည့် အစီအစဉ်များမှတစ်ဆင့် အမှတ်တံဆိပ်၏လွှမ်းခြုံမှုနှင့် ယဉ်ကျေးမှုဖြန့်ဝေနိုင်စွမ်းကို ထိရောက်စွာ မြှင့်တင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Jia Wenjian က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေအနေသစ် ဖွင့်လှစ်ရန် စွဲစွဲမြဲမြဲ ဆောင်ရွက်သွားရမည်ဖြစ်ပြီး လန်ဒန်တက္ကသိုလ် အာရှနှင့် အာဖရိက လေ့လာရေးကျောင်းနှင့် စာသင်ကျောင်း ပူးပေါင်းတည်ထောင်ခြင်းလုပ်ငန်းကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ပူးပေါင်းပညာရေးဆိုင်ရာပုံစံသစ်၊ ကွန်ဖြူးရှပ်အင်စတီကျူအတွက် ပလက်ဖောင်းသစ်၊ “၁၁၁ ထူးချွန်ကျွမ်းကျင်သူပညာရှင်များ ဆွဲဆောင်ရေးစခန်း”ကွန်ရက်အခင်းအကျင်းသစ်တို့ကို ဖန်တီးတည်ဆောက်ကာ ရေရှည်စီမံကိန်းကို ကောင်းမွန်စွာ ချမှတ်ပြီး ရေရှည်စီမံခန့်ခွဲမှုကို အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မဟာဗျူဟာကို တက်ကြွစွာ အကျိုးပြုရမည်ဖြစ်ပြီး စာသင်ကျောင်း ပူးပေါင်းတည်ထောင်ခြင်းလုပ်ငန်းများကို အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်လာစေရန် မြှင့်တင်ဆောင်ရွက်ကာ “တရုတ်နိုင်ငံတွင် ပညာသင်ကြားခြင်း”အမှတ်တံဆိပ်နှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရှေ့တိုးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။