ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ၎င်း၏ပညာတော်သင်အရင်းအမြစ်များဖြင့် ခေတ်သစ် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအောင်မြင်မှုများကို ပြသသည့်ဗီဒီယိုတိုများကို စီစဉ်ထုတ်လုပ်ခဲ့သည်။ ဤဗီဒီယိုများသည် မတူညီသောနိုင်ငံများမှ ပညာတော်သင်များကို အဓိကရိုက်ကူးထားခြင်း ဖြစ်ပြီး အကြောင်းအရာအားဖြင့် အွန်လိုင်း ငွေပေးချေမှု၊ စမတ် စားသောက်ကုန်လုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး၊ အချိန်နှင့်တပြေးညီ ဒလီပို့ဆောင်ရေးနှင့် စက်ဘီး မျှဝေအသုံးပြုမှု စသည့် နိုင်ငံခြားသားမိတ်ဆွေများ စိတ်ဝင်စားသည့် တရုတ်အသွင် ခေတ်မီရေးခေါင်းစဉ်များစွာကို ထည့်သွင်းဖော်ပြထားပါသည်။ ဗီဒီယိုများတွင် တရုတ်၊ အင်္ဂလိပ်၊ ရုရှား၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား စသည့်ဘာသာစကားမျိုးစုံ ပါဝင်ပေသည်။
I
II
III
IV
V
VI