ပင်မစာမျက်နှာ > သတင်းများ

စပိန်မိဖုရား Letizia ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သို့ လာရောက်လည်ပတ်

Updated: 2025-11-18

စပိန်မိဖုရား Letizia သည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သို့ နိုဝင်ဘာလ ၁၃ ရက်က လာရောက်လည်ပတ်ခဲ့သည်။ အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနမှ ပါတီအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာန၏ဒုတိယဝန်ကြီး ရန့်ယိုချွင်၊  နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ယန်သန်း၊ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ပါတီကော်မတီ အတွင်းရေးမှူး ဝမ်တိန့်ဟွာ၊ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး၊ ပါမောက္ခချုပ် ကျာကျန့်ဝန်၊ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ဒုတိယပါမောက္ခချုပ် ကျောက်ကန်းတို့သည် တက်ရောက်ကြသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် စပိန်နှင့် ပေါ်တူဂီဘာသာစကားကျောင်း၊ နိုင်ငံတကာဆက်ဆံရေးကျောင်း၊ ပညာရေးကျောင်းနှင့် ပေကျင်းရှိအခြားတက္ကသိုလ်များမှ စပိန်ဘာသာရပ်အထူးပြုဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသား ၃၀၀ ကျော်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။


ပွဲအစတွင် Leticia သည် ရန့်ယိုချွင်၊ ယန်သန်း၊ ဝမ်တိန့်ဟွာ၊ ကျာဝန်ကျန့်တို့နှင့်အတူ အထိမ်းအမှတ် ဆိုင်းဘုတ်အပ်နှင်းပွဲအခမ်းအနားကို အတူသက်သေပြုခဲ့ပြီး ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် အခြားသောတက္ကသိုလ်များတွင် စပိန်ဘာသာစကားကို ပထမဦးဆုံး စတင်ပို့ချပေးခဲ့သော စပိန်ဆရာ၊ ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် လေးစားပါကြောင်း ပြောကြားခဲ့သည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် စပိန်နှင့် ပေါ်တူဂီဘာသာစကားကျောင်း၏ အကြီးအကဲ ချန်ဖုလျန်က ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် တရုတ်နိုင်ငံတစ်ဝှမ်းရှိအခြားတက္ကသိုလ်များတွင် စပိန်ဘာသာစကား သင်ကြားရေးနှင့် သုတေသနလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကြောင်းနှင့် တည်ဆောက်မှုအခြေအနေများကို  မိတ်ဆက်ပေးခဲ့သည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ စပိန်ဘာသာအဓိကကျောင်းသူ မာခဲ့ယဉ်နှင့် နိုင်ငံတကာဆက်ဆံရေးအထူးပြုကျောင်းသား Alberto တို့သည် စပိန်ဘာသာနှင့် တရုတ်ဘာသာတို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တရုတ်နှင့် စပိန်နိုင်ငံမှ လူငယ်များ၏ ဘာသာစကား သင်ယူမှုခရီးတွင် အပြန်အလှန် ဉာဏ်အလင်းဖွင့်ပေးပြီး စိတ်တူသဘောတူရှိမှုကို ကောင်းစွာ ပြသခဲ့ကြသည်။

Letizia သည် ပေကျင်းနိုင်ငံခြားဘာသာစကားတက္ကသိုလ် စပိန်ဘာသာစကား သင်ကြားရေးနှင့် သုတေသန၊ ဖလှယ်မှုဆိုင်ရာအောင်မြင်မှုများအကြောင်းကို စိတ်ဝင်တစားစွာ လေ့လာခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသားများနှင့် ခင်မင်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့သည်။