ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကြီးမှူး၍ ကျဲ့ကျန်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ တာဝန်ယူကျင်းပသော ပဉ္စမအကြိမ် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားဘာသာစကားတက္ကသိုလ်များ မဟာမိတ်အဖွဲ့ ပါမောက္ခချုပ်များဖိုရမ်ကို အောက်တိုဘာလ ၂၄ ရက်က ဟန်ကျိုးမြို့တွင် ကျင်းပသည်။

တရုတ်နိုင်ငံ ပညာရေးကဏ္ဍ နိုင်ငံတကာဖလှယ်ရေးအသင်း ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း လျိုလိမင်၊ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားဘာသာစကားတက္ကသိုလ်များ မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ၊ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်၊ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး ကျာဝန်ကျန့်၊ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားဘာသာစကားတက္ကသိုလ်များ မဟာမိတ်အဖွဲ့ကောင်စီဝင်၊ ကျဲ့ကျန်းနိုင်ငံခြားဘာသာတက္ကသိုလ် ပါတီကော်မတီ အတွင်းရေးမှူး၊ ပါမောက္ခချုပ် ကျန်းဟွမ်ကျို့နှင့် မဟာမိတ်အဖွဲ့ဝင် စာသင်ကျောင်းပေါင်း ၂၄ ကျောင်းမှ အကြီးအကဲများသည် ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။
ယခုအကြိမ်ဖိုရမ်၏ခေါင်းစဥ်မှာ “အနာဂတ်ကို မျက်နှာမူ၍ ဒစ်ဂျစ်တယ် ဉာဏ်ရည်ဖြင့် ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ခြင်း” ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ တက္ကသိုလ်နှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်မှ ကျွမ်းကျင်သူနှင့် ပညာရှင် ၁၇၀ ကျော်သည် ဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မဟာမိတ်အဖွဲ့သည် "ဒစ်ဂျစ်တယ် စမတ်ခေတ်တွင် ဘာသာစကားပညာရေးနှင့် သုတေသန ဆန်းသစ်တီထွင်မှု တွဲဖက်တွန်းအားပေးရေးအဆိုပြုချက်"ကို တရားဝင်ထုတ်ပြန်ခဲ့သည်။