ပင်မစာမျက်နှာ > သတင်းများ

ဘူလ်ဂေးရီးယားနိုင်ငံ ဒုတိယသမ္မတ Iliana·Yotova ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သို့ လာရောက်လည်ပတ်ကြည့်ရှု

Updated: 2025-10-22


ဘူလ်ဂေးရီးယားနိုင်ငံ ဒုတိယသမ္မတ Iliana·Yotova သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သို့ လာရောက်လည်ပတ်ကြည့်ရှုရာ ပေကျင်းနိုင်ငံခြားဘာသာတ္ကသိုလ် ပါမောက္ခချုပ်၊ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး ကျာဝန်ကျန့်သည် Iliana·Yotova အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ကျာဝန်ကျန့်သည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ နိုင်ငံတကာကူးလူးဖလှယ်မှု၊ လူရည်ချွန် ပြုစုပျိုးထောင်မှုလုပ်ငန်းများ၏အခြေခံအခြေအနေနှင့် ဘာသာရပ်မျိုးစုံ ပေါင်းစည်းဖွံ့ဖြိုးတိုးတက်မှု၏ လတ်တလောအောင်မြင်မှုများကို ‌မိတ်ဆက်ပြောကြားခဲ့သည်။ ၎င်းက ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ဘူလ်ဂေးရီးယားဘာသာ၏ ဘာသာရပ်တည်ဆောက်ရေးနှင့် ပညာရပ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလွန်အလေးထားကြောင်း၊ ဘူလ်ဂေးရီးယားအစိုးရနှင့် တရုတ်နိုင်ငံဆိုင်ရာသံရုံးတို့သည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်အား ဆက်လက် ကူညီပံ့ပိုးပေးနိုင်ရန် မျှော်လင့်ကြောင်း၊ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်အနေဖြင့် ၎င်း၏ ဘာသာစကား အားသာချက်များကို အပြည့်အဝ အသုံးချရန်၊ နှစ်နိုင်ငံ လူငယ်ပညာရှင်များကြား အပြန်အလှန် ဖလှယ်မှုနှင့် အပြန်အလှန် ဆက်ဆံရေးကို တက်ကြွစွာ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ပြည်သူများ၏ချစ်ကြည်ရေး မြှင့်တင်မှုကို အကျိုးဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။ Yotova က လူမှုယဥ်ကျေးမှုဆိုင်ရာဘာသာရပ် ဖွံ့ဖြိုးတိုးတက်ရေး၏အရေးပါမှုကို အလေးထားပြောကြားပြီး အနာဂတ်တွင် နှစ်နိုင်ငံကျောင်းသားများ၊ ပညာရှင်များအကြား ဖလှယ်မှုနှင့် အပြန်အလှန် ကူးလူးဆက်ဆံမှု ပိုမိုရရှိလာရန် မျှော်လင့်သည်။ ၎င်းက ဘူလ်ဂေးရီးယားအစိုးရအနေဖြင့် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်နှင့်အတူ ကြိုးစားရန်၊ ပညာရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရေးကို ခိုင်မြဲစွာ တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် Yotova သည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ၎င်းတို့နှင့် အပြန်အလှန် ဆွေးနွေးပြောဆိုခဲ့သည်။

လည်ပတ်ကြည့်ရှုစဥ်ကာလအတွင်း ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သုတေသနစင်တာမှ အထူးဖိတ်ကြားထားသောသုတေသီ Ma Xipu ၏ တရုတ်နိုင်ငံတွင် ဘူလ်ဂေးရီးယားသမိုင်းနှင့် ယဥ်ကျေးမှု ဖြန့်ချိရေးကို တွန်းအားပေးရာတွင် လုပ်ဆောင်ခဲ့သော၊ ထူးချွန်သောအကျိုးဆောင်မှုများကို ချီးကျူးဂုဏ်ပြုရန် Yotova သည် ၎င်းအား ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ၏ "Saint Cyril and Saint Methodius" ထိပ်တန်းဂုဏ်ထူးဆောင်တံဆိပ်ကို ချီးမြှင့်သည်။