ပင်မစာမျက်နှာ > သတင်းများ

ပါမောက္ခချုပ် Jia Wenjian သည် တရုတ်-ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ပါရဂူကျောင်းသား ပျိုးထောင်ရေးနှင့် ဆန်းသစ်တီထွင်ရေးစင်တာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Updated: 2025-09-21


ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်၊ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး Jia Wenjian သည် စက်တင်ဘာလ ၅ ရက်မှ ၆ ရက်အထိ ဟားအယ်ပင်းမြို့တွင် ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ပါရဂူကျောင်းသား ပျိုးထောင်ရေးနှင့် ဆန်းသစ်တီထွင်ရေးစင်တာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Wu Yan၊ ဟေးလုံကျန်းပြည်နယ် ဒုတိယအုပ်ချုပ်‌ရေးမှူး Sui Hongbo နှင့် ဘီလာရုစ်နိုင်ငံ အစိုးရနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် Kharytonchyk Sergey စသည့် တရုတ်နှင့် နိုင်ငံခြားဧည့်သည်များသည် ယင်းအခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် တရုတ်တက္ကသိုလ်များ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အနေဖြင့် Jia Wenjian သည် အမှာစကား ပြောကြားပြီး ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ဒုတိယပါမောက္ခချုပ် Liu Xinlu က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ပါရဂူကျောင်းသား ပျိုးထောင်ရေးနှင့် ဆန်းသစ်တီထွင်ရေးစင်တာ နိုင်ငံတကာပူးပေါင်းဆောင်မှုပလက်ဖောင်းအတွက် ဆိုင်းဘုတ်ဖွင့်လှစ်ပေးခဲ့သည်။