ပင်မစာမျက်နှာ > သတင်းများ

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၅ ခုနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပ

Updated: 2025-09-21


ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၅ ခုနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်က ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၉၀ နှင့် တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှ မောင်မယ်သစ်လွင် ၃,၉၁၇ ဦးသည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏မိသားစုကြီးတွင် ဝင်ရောက်လာကြသည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ပါတီကော်မတီ အတွင်းရေးမှူး Wang Dinghua၊ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး ပါမောက္ခချုပ် Jia Wenjian၊ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး Jia Dezhong နှင့် Su Dapeng၊ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ဒုတိယပါမောက္ခချုပ် Ding Hao နှင့် Zhao Gang၊ တရုတ်နိုင်ငံဆိုင်ရာ ဂျော်ဂျီယန် သံအမတ်ကြီး Bada Kalandaże၊ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် နိုင်ငံတကာစီးပွားရေးကျောင်းမှ ၂၀၁၃ ခုနှစ် ကျောင်းဝင် ကျောင်းသားဟောင်းများနှင့် "ကမ္ဘာလှည့်ခရီးသွား" စေတနာ့ဝန်ထမ်း ခရီးသွားပလက်ဖောင်း၏ တည်ထောင်သူ Wang Yuhao တို့သည် အဆိုပါအခမ်းအနားသို့ တက်ရောက်ကြသည်။

ပါမောက္ခချုပ် Jia Wenjian သည် ၂၀၂၅ ခုနှစ် ကျောင်းဝင် မောင်မယ်သစ်လွင်များကို လှိုက်လှဲစွာ ကြိုဆိုပြီး ၎င်းတို့အပေါ် ထားရှိသောမျှော်လင့်ချက်များနှင့် နွေးထွေးနက်ရှိုင်းသောအမှာစကားများ ပြောကြားခဲ့သည်။

သံအမတ်ကြီး Bada Kalandaże၊ ကျောင်းသားဟောင်းများကိုယ်စားလှယ်၊ ဆရာဆရာမများကိုယ်စားလှယ်၊ ဘွဲ့ကြိုကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသားများနှင့် ပညာတော်သင်ကျောင်းသားကိုယ်စားလှယ်များသည် အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။

အတွင်းရေးမှူး Wang Dinghua သည် မောင်မယ်သစ်လွင်ကိုယ်စားလှယ်များအား ကျောင်းတံဆိပ်များ တပ်ပေးခဲ့ပြီး ကျောင်းတွင်းသုံးကတ်များကို ထုတ်ပေးခဲ့သည်။

ထို့နောက် မောင်မယ်သစ်လွင်ကိုယ်စားလှယ်များသည် အခမ်းအနားရှိ ဆရာဆရာမကိုယ်စားလှယ်များထံ ပန်းများကို ပေးပြီး‌ မောင်မယ်သစ်လွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်း ဦးဆောင်ကိုယ်စားလှယ်သည် မောင်မယ်သစ်လွင်များအားလုံးကို ဦးဆောင်၍ ကျောင်းဝင် ကျမ်းသစ္စာအား ကျိန်ဆိုဖတ်ကြားခဲ့သည်။ ကျောင်းဖွင့်ပွဲအခမ်းအနားသည် ကြည်လင်ကျယ်လောင်သော ကျောင်းသီချင်းသံ ပြိုင်ဆိုခြင်းဖြင့် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။