Beijing Foreign 

Studies University

ပီကင်းမြို့ရှိ ဂျပန်နှင့် ပတ်သက်သော သုတေသန ဌာနသည်

发布时间:2019-05-15

ပီကင်းမြို့ရှိ ဂျပန်နှင့် ပတ်သက်သော သုတေသန ဌာနသည်  (အတိုချုပ် “ဂျပန် သုတေသနဌာန” ဟု ခေါ်ဝေါ်သွားမည်)   ၁၉၈၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ ကျွန်ုပ်တို့ နိုင်ငံ၏ ပညာရေး ၀န်ကြီးဌာနနှင့် Japan Foundation တို့၏ လမ်းညွန်မှုနှင့် ကူညီ အားပေးမှုများ၊ ပီကင်း နိုင်ငံခြား ဘာသာ တက္ကသိုလ်၏ တိုက်ရိုက် လမ်းညွန်မှုဖြင့် ထူးချွန် အောင်မြင်သော အနှစ်(၃၀)ကို ဖြတ်ကျော်ခဲ့ပြီ ဖြစ်ပြီး၊ နိုင်ငံတော် အတွက် အဆင့်မြင့်သော၊ အရည်အသွေး ပြည်ဝသော ဂျပန်ဘာသာ စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်သော သင်ကြားမှုများ၊ သုတေသန်ပြုမှုများ အတွက် ထူးချွန်သော ဂုဏ်ထူးတန်း(MA) ဘွဲ့ရ၊ ဒေါက်တာ ဘွဲ့ရနှင့် စာပြ ဆရာပေါင်း (၁၀၀၀)ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ဂျပန်ဘာသာ သုတေသန ဌာန(Beijing Center for Japanese Studies)သည် ဒေါက်တာဘွဲ့နှင့် MAဘွဲ့ (ဂုဏ်ထူးတန်းဘွဲ့) များကို ပေးအပ်နိုင်သော ဌာန ဖြစ်ပြီး၊ ပညာရေး ၀န်ကြီးဌာနမှ အထူး အလေးထားသော ဌာန တစ်ခုနှင့် ပီကင်းမြို့၏ အရေးကြီးသော ဘာသာဌာန တစ်ခုလည်း ဖြစ်ပြီး၊ ပညာရေး ၀န်ကြီးဌာန၏ နိုင်ငံနှင့် နယ်မြေဒေသ အလိုက် သုတေသန ပြုသော ပင်မနေရာ ဖြစ်သည်။ဂျပန်ဘာသာ သုတေသန ဌာနတွင် လက်ရှိတွင် တာဝန် ထမ်းဆောင်နေသူ (၂၆)ဦး ရှိပြီး၊ ထိုအထဲတွင် ပါမောက္ခ (၉)ဦး၊ လက်ထောက် ပါမောကခ (၃)ဦး၊ စာပြဆ၇ာ (၂)ဦး တို့ဖြစ်သည်။ အဓိက လေ့လာ သုတေသန ပြုသော အပိုင်း (၆)ခု ရှိပြီး၊ ၎င်းတို့မှာ ဂျပန် ဘာသာစကား၊ ဂျပန် သာသာစကား သင်ကြားရေး၊ ဂျပန်နိုင်ငံ၏ စာပေများ၊ ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု၊ ဂျပန်နိုင်ငံ၏ လူမှုပတ်ဝန်းကျင်၊ ဂျပန်နိုင်ငံ၏ စီးပွာရေး တို့ဖြစ်သည်။ ယခုအခါ ဌာနတွင် ဂုဏ်ထူးတန်း ကျောင်းသာ (၁၀၉)ဦး၊ ဘွဲ့နှစ်ခု အတွက် တပြိုင်တည်း လေ့လာ ဆည်းပူး နေသော ဂျပန်နိုင်ငံမှ လာသော ကျောင်းသား (၁)ဦး၊ ဒေါက်တာဘွဲ့(PHD) အတွက် ပညာသင်ကြားနေသူ (၄၇)ဦး၊ ထပ်ဆင့် ဒေါက်တာဘွဲ့ အတွက် လေ့လာနေသူ (1)ဦး၊ အဆင့်မြင့် ပညာရပ်များကို လာရောက် နှီးနှောဖလှယ်သော ပညာရှင် (၂)ဦး၊ မွမ်းမံသင်တန်း လာရောက် တက်ရောက်နေသော ဆရာ (၁)ဦးတို့ ရှိသည်။

ဂျပန်ဘာသာ သုတေသနဌာန(Beijing Center for Japanese Studies)သည် ပညာသင်ကြားရာတွင် တရုတ် ဂျပန် ပူးပေါင်းသည့် နည်းစနစ်ဖြင့် အရည်အချင်း ပြည့်ဝသော ကျောင်းသားများအား အတူတကွ  မွေးထုတ်ပေးရန် ဖြစ်သည်။ Japan Foundation မှ နှစ်စဉ်ပင် နာမည်ကျော် ပညာရှင်များနှင့် ပါမောက္ခများ ဌာနသို့ စေလွတ်၍ ကျောင်းသားများအား ပညာ သင်ကြားပေးစေခြင်း ပညာရပ်ဆိုင်ရာ ဟောပြောခြင်းများကို ပြုလုပ်စေခဲ့သည်။ ဌာနတွင် ပြင်ပမှ ပါမောက္ခများ ဖိတ်ခေါ် သင်ကြားသည့် စနစ်ကို ကျင့်သုံး၍ ပြည်တွင်းရှိ အဆင့်မြင့် ပညာရှင်များအား ဌာနသို့ ဖိတ်ခေါ်၍ သင်ကြားမှုများ ပြုလုပ်စေခဲ့သည်။

ဂျပန်ဘာသာ သုတေသနဌာန(Beijing Center for Japanese Studies)သည် Kobe University၊ Okayama Universityစသည်တို့နှင့် ဂုဏ်ထူးတန်းဘွဲ့ နှစ်ခုအား တပြိုင်တည်း တက်ရောက် ရယူနိင်သော သဘောတူ စာချုပ်များ ချုပ်ဆိုထားသည်။ တချိန်တည်းမှာပင် The University of Tokyo ၊Ochanomizu Univeristy ၊ Waseda University ၊ National Institute for Japanese Language and Linguistics (NINJAL) ၊ National Institute of Japanese Literature ၊ Mie University ၊ Nagoya University Of Foreign Studies (NUFS)၊ Shinshu University စသည့် တက္ကသိုလ်နှင့် သုသေတနဌာန (23)ခုဖြင့် သဘောတူ စာချုပ်များ ချုပ်ဆိုထားသည်။

ဂျပန်ဘာသာ သုတေသနဌာန(Beijing Center for Japanese Studies)၏ စာကြည့်တိုက်သည် ဂျပန်ဘာဘာနှင့် တရုတ်ဘာသာ စာအုပ်ပေါင်း (၁၇၀၀၀၀)ကို စုစည်းထားနိုင်သော စာကြည့်တိုက် တစ်ခု ဖြစ်သည့် အတွက်၊ စုစောင်းထားသော စာအုပ် အရေအတွက် အနေဖြင့် သော်လည်းကောင်း၊ အရည်းအသွေး အနေဖြင့် သော်လည်းကောင်း တရုတ်နိုင်ငံတွင် အဆင့်မြင့်ဆုံးသော စာကြည့်တိုက် တစ်ခုဖြစ်သည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC