Beijing Foreign 

Studies University

တရုတ်နိုင်ငံ နိုင်ငံခြားသာသာ သင်ကြားမှု သုတေသန ဌာန

发布时间:2019-05-15

၂၀၀၀ ခုနှစ်တွင်  ပီကင်း နိုင်ငံခြားဘာသာ တက္ကသိုလ်မှ နိုင်ငံခြား ဘာသာစကားများ လေ့လာမှု ဌာနကို အခြေခံထား၍ ၊ အင်္ဂလိပ် ဘာသာစကား သင်ကြားမှု ဌာနတို့မှ သုတေသန ပြုသည့် နည်းပညာများအား အတုယူ၍၊ ဤဌာနကို တည်ထောင်ထားခြင်း ဖြစ်သည်။ ထိုနှစ်မှာပင် ကျွန်ုပ်တို့ဌာနအား ပညာရေး ၀န်ကြီးဌာနမှ “သာမာန် အထက်တန်းကျောင်း လူမှုပတ်ဝန်းကျင် လေ့လာ သင်ကြားမှု ဘာသာရပ် အထူး သုတေသနပြု ဌာန”အဖြစ် တည်ထောင်ရန် ခွင့်ပြုမှု ပေးခဲ့သည်။

       ဌာနမှ နိုင်ငံခြား ဘာသာစကား သင်ကြားမှု  သီအိုရီများ၊  နိုင်ငံခြားဘာသာနှင့် ဘာသာစကား နှစ်မျိုး နိုင်းယှဉ် သုတေသနပြုမှု တို့အားအဓိက လေ့လာ သုတေသနပြုရာ စီမံကိန်းနှစ်ရပ် အဖြစ် သတ်မှတ် ထားပြီး၊ နိုင်ငံခြား ဘာသာစကား သင်ကြားမှု လေ့လာမှုနှင့် စစ်ဆေးမှု ပညာတို့အား သုတေသနပြုမှု၏ အခြေခံ အသုံးပြု  ပညာရပ်များ အဖြစ် သတ်မှတ် ထားသည်။ ဌာန၏ အဓိက လုပ်ငန်များမှာ (၁) အရေးကြီးသော သုတေသနပြုမှု စီမံကိန်းများအား လက်ခံ ကျင်းပ၍၊ ထိုသုတေသနပြုမှုများ အကောင်အထည်ေ ပ်ါလာအောင် ဆောင်ရွက်ခြင်း၊ သုတေသန ရလာဒ်ကောင်းများ ရရှိစေခြင်း၊ နိုင်ငံတော် အဆင့်မြင့် နာမည်ရ သုတေသနပြု ဌာန ဖြစ်မြောက် လာစေရေး၊ (၂) အဆင့်မြင့် သုတေသနပြုသူများအား မွေးထုတ်နိုင်ရေး၊ ဘာသာရပ်ဆိုင်ရာ လေ့လာတီထွင်မှု အဖွဲ့များကို ဖွဲ့စည်းနိုင်ရေး၊ (၃) နိုင်ငံတော်အဆင့် ပထမတန်းစား နိုင်ငံခြား ဘာသာစကား သင်ကြားမှု ဆိုင်ရာ စာကြည့်တိုက်နှင့် သတင်း အချက်အလက် ဖြန့်ဝေမှုဌာန တည်ဆောက်ရေး၊  ပြည်တွင်း ပြည်ပ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအား ပြုလုပ်နိုင်ရေး၊ (၄) တရုတ်နိုင်ငံရှိ နိုင်ငံခြားသာသာ သင်ကြားမှု အတွက် လမ်းသစ် တီထွင်မှုနှင့် တိုးတက်မှု အတွက် သတင်း အချက်အလက်များ ကူညီ ထောက်ပံ့ပေးနိုင်ရေး တို့ဖြစ်တည်။

ဌာနတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသော ၀န်ထမ်းပေါင်း (၁၃)ဦးရှိသည်။ (၁၀)ဦးမှာ ပါမောက္ခများ ဖြစ်ပြီး၊ ကျန်(၂)ဦးမှာ လက်ထောက် ပါမောက္ခ ဖြစ်သည်။ ဆရာများ အားလုံးမှာ PHDဘွဲ့ ရထားသူများ ဖြစ်သည်။ ထို့ပြင် ဌာနသည် ပြည်းတွင်း ပြည်ပမှ အချိန်းပိုင်း သုတေသန ပြုများအား (အားလုံးမှာ PHDဘွဲ့ ရထားသူများ) ခေါ်ယူထားသည်။ ဌာနမှာ သုတေသနပြုမှု စီမံချက်များအား အဓိက ဦးတည်ချက် အဖြစ်ထားရှိပြီး၊ သုတေသန ပြုမှု ရလာဒ်များစွာအား ဖေါ်ထုတ်နိုင်ရေးပင် ဖြစ်သည်။ ၂၀၀၉ခုနှစ်မှ ၂၀၁၅ခုနှစ် အတွင်း၊ ဌာနမှ သုတေသန စီမံချက်ပေါင်း (၄၆)ခုအား ပြုလုပ်ရန် ခွင့်ပြုချက် ရရှိပြီး၊ ထိုအတွင်းမှ (၁၂)ခုမှာ နိုင်ငံတော်၏ The National Social Science Fund of China အဖွဲ့အစည်းမှ ရန်ပုံငွေ ကူညီ ထောက်ပံ့ပေးသော စီမံချက်များ ဖြစ်ပြီး၊ နိုင်ငံတော်၏ အဆင့်မြင့် ပညာရေး သုတေသနစီမံချက် (၃)ခု၊ ပညာရေး ၀န်ကြီးဌာန၏ အရေးကြီးသော အထူးစီမံချက် (၁၁)ခု တို့အား ပြုလုပ်ခဲ့ပြီး၊ ပြည်နယ်နှင့် Humanities and Social Sciences ၏ ထူချွန်ဆုပေါင်း များစွာအား ရရှိခဲ့သည်။ ဤအဖွဲ့တွင် ပါဝင်သော သုတေသန ပြုသူများမှ စာတမ်းနှင့် စုစည်း ထုတ်ဝေမှု စာအုပ်ပေါင်း (၄၃၀)ကို ရေးသား ထုတ်ဝေနိုင်ခဲ့သည်။ ဌာနမှ နိုင်ငံခြားဘာသာစကား သင်ယူမှုနှင့် အသုံးပြုမှု ဘာသာစကား ပညာရပ် (Apply Linguistic)ဆိုင်ရာ ဂုဏ်ထူးတန်းနှင့် ဒေါက်တာဘွဲ့ ဆိုင်ရာ အတန်းများကို ဖွင့်လှစ်ထားပြီး၊ နှစ်စဉ်ပင် သုံးနှစ်ကြာ သင်ယူလေ့လာ ရသည်  ဂုဏ်ထူးတန်း ကျောင်းသား (၂၀)ခန့်နှင့် ဒေါက်တာဘွဲ့ အတွက် သင်ယူမည့် ကျောင်းသားပေါင်း (၂၀)ခန့်အား လက်ခံခေါ်ယူခဲ့ပြီး၊ ယခုအချိန်တွင် ထပ်ဆင့် ဒေါက်တာဘွဲ့ လေ့လာသူ (5)ဦးအားလည်း လက်ခံ သင်ကြားလျှက် ရှိသည်။ ကျွန်ုပ်တို့ နိုင်ငံ၏ နိုင်ငံခြား ဘာသာစကား သုတေသန ပြုသူများအား အဓိက မွေးထုတ်ပေးသော နေရာ ဖြစ်သည်။

တရုတ်နိုင်ငံ နိုင်ငံခြား ဘာသာစကား သုတေသနမှ ထပ်မံ ဖွဲ့စည်းထားသည့် ဌာန(3)ခုမှာ–

ပညာရေးကောလိပ်

၂၀၁၅ ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် ပီကင်း နိုင်ငံခြားဘာသာ တက္ကသိုလ် ပညာရေးဌာနအား စတင် တည်ထောင်ခဲ့သည်။ ပညာရေးဌာန တည်ထောင်ခြင်းမှာ ကျန်ုပ်တို့ကျောင်း၏ပညာသင်ကြားရေး ဘာသာရပ် တိုးတက်မှု တွန်းအားပေးမှု တစ်ရပ်ဖြစ်လာစေရန် ၊ နိုင်ငံခြား ဘာသာစကား သင်ကြားမှုနှင့် ဆရာများ၏ သုတေသနပြုမှု အရည်အသွေးကို မြှင့်တင်ပေးရန် ဖြစ်ပြီး၊ ပီကင်း နိုင်ငံခြား ဘာသာတက္ကသိုလ်၏ ထူခြားချက်များ ပါဝင်သော နိုင်ငံအတွင်း အရည်အသွေး အမြင့်ဆုံးသော  ဆရာများအား မွေးထုတ်ပေးရန် ဖြစ်သည်။

ယခုအခါ ပညာရေးကောလိပ်မှ ဆရာများအဖွဲ့သည် တရုတ် နိုင်ငံခြားဘာသာ လေ့လာ သင်ကြားမှု သုတေသနဌာနအား အခြေခံထားပြီး၊ ပါမောက္ခနှင့် လက်ထောက် ပါမောက္ခ ဦးရေ စုစုပေါင်း (၅)ဦးရှိပြီး၊ အားလုံးမှ (PHD)ဒေါက်တာဘွဲ့ရများ ဖြစ်ကြသည်။ ထိုအတွင်းမှ ပါမောက္ခ (၄)ဦးမှာ (PHD)ဘွဲ့လွန်တန်းအား သင်ကြားသော ဆရာများ ဖြစ်ပြီး၊ ကျန်(၁)ဦးမှာ လက်ထောက် ပါမောက္ခ ဖြစ်သည်။

ပညာရေးဌာန၏ ယခုလက်ရှိ တာဝန် ထမ်းဆောင်လျှက် ရှိသောဆရာမျာ၏ အရည်အသွေး မြှင့်တင်ရေး အတွက် ပြင်ဆင်မှုများမှာ ကောင်းမွန်သော ရလာဒ်ကောင်းများအား ရရှိခဲ့သည်။ ဥပမာအားဖြင့် တက္ကသိုလ်များ၏ နိုင်ငံခြား ဘာသာစကား ဆိုင်ရာ ဘာသာရပ်၏ လူငယ်ဆရာများ မွမ်းမံ သင်တန်းအား (၁၀)နှစ် ဆက်တိုက် ကျင်းပနိုင်ခဲ့သည်။ ပီကင်းမြို့ အလယ်တန်းနှင့် မူလတန်း ဆရာများ မွမ်းမံသင်တန် စီမကိန်း (အင်္ဂလိပ် ဘာသာ) အာလည်း လက်ခံ ဆောင်ရွက်ပေးခဲ့သည်။ နောင်တွင်လည်း အလုပ်သင် ဆရာများ၏ ပညာရေး မွမ်းမံ သင်တန်း အပိုင်းကိုလည်း တဖြည်းဖြည်း ပါဝင် ဆောင်ရွက်သွားမည် ဖြစ်သည်။ အလုပ်သင်ကာလနှင့် အလုပ်ဝင်ပြီးနောက် ဆရာများ၏ အဆင့်မြင့် မွမ်းမံ သင်တန်းများအား ပုံမှန် ဆောင်ရွက် သွားနိုင်ရန်နှင့်၊ ပြီးပြည့်စုံသော ဆရာများ၏ ပညာရေး မွမ်းမံသင်ကြားမှု လုပ်ငန်းများအား ဆောင်ရွက်သွားမည် ဖြစ်သည်။ ပညာရေး ဌာန၏ အဓိက သုတေသနပြုသော စီမံကိန်း (၃)ခုမှာ — ဘာသာဗေဒဘာသာရပ်နှင့် သင်ကြားမှုအပိုင်းနှင့် ပတ်သက်သော သုတေသန ၊ ဘာသာစကားသင်ကြားပို့ချသောဆရာများ၏ ပညာသင်ကြားမှု ဆိုင်ရာ သုတေသနနှင့် ပညာရေး နှိုင်းယှဉ် လေ့လာမှု ပညာရပ်နှင့်  နိုင်ငံတကာ ပညာရေးသုတေသန ပြုမှု စသည်တို့ဖြစ်သည်။

တရုတ်နိုင်ငံ ဘာသာစကား စွမ်းရည် စစ်ဆေးမှု ဌာန

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့တွင် “တရုတ်နိုင်ငံ ဘာသာစကား စွမ်းရည် စစ်ဆေးမှု ဌာန”အား (နောက်ပိုင်းတွင် “စစ်ဆေးမှုဌာန”ဟု ခေါ်ဝေါ် သုံးစွဲသွားမည်) တည်ထောင်ခဲ့သည်။ စစ်ဆေးမှု ဌာနသည် ပြည်တွင်းတွင် ပထမ တန်းစားနှင့် နိုင်ငံတကာသို့လည်း လွှမ်းမိုးနိုင်သော နာမည်ကောင်း ရှိသည့် တရုတ်နိုင်ငံ နိုင်ငံခြား ဘာသာစကား စစ်ဆေးမှု ဌာနနှင့် နိုင်ငံခြား ဘာသာစကား စစ်ဆေးမှု စာမေးပွဲများ ပြုလုပ်ပေးသော ဌာန တစ်ခု အဖြစ် တည်ထောင်သွားရန် ဖြစ်သည်။ စစ်ဆေးမှု ဌာနမှာ ပညာရေး ၀န်ကြီးဌာန လူမှု ပတ်ဝန်းကျင် သုတေသန— တရုတ်နိုင်ငံ နိုင်ငံခြား ဘာသာစကား သင်ကြားရေး သုတေသန ဌာနနှင့် ပီကင်း နိုင်ငံခြား ဘာသာစကား ဌာန၏ အားသာချက်အား အခြေခံ၍၊  နိုင်ငံခြား ဘာသာစကား စာမေးပွဲများစွာကို ပြုလုပ်သွားနိုင်ရန်၊ ကျွန်ုပ်တို့ နိုင်ငံ၏ နိုင်ငံခြား ဘာသာစကား ထူချွန် ထက်မြတ်သော သူများ၏ စံချိန်စံညွန်များအား ပြန်လည် သတ်မှတ်နိုင်ရန်၊  နိုင်ငံခြား ဘာသာစကားသင်ကြားမှု ဆိုင်ရာ စစ်ဆေးမှုများအား သုတေသန ပြုရန်၊ လက်ရှိ စီးပွားရေးနှင့် လူမှုပတ်ဝန်ကျင်၏ လိုအပ်မှုကို ဖြည့်စည်းပေးနိုင်ရန်၊ ဌာနနှင့် စီးပွါးရေး လုပ်ငန်းများမှ လိုအပ်သော ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်မှု စာမေးပွဲများအား ပြုလုပ်သွား နိုင်ရန်ဖြစ်သည်။ ပညာရပ် တစ်ခုအနေဖြင့် သော်လည်းကောင်း၊ အကျိုးအမြတ် မကြည့်သော ၀န်ဆောင်မှု လုပ်ငန်း တစ်ခု အနေဖြင့် သော်လည်းကောင်း၊ စစ်ဆေးမှု ဌာနသည် အဆင့် အမျိုးအမျိုး အတွက် သော်လည်းကောင်း၊  အများပြည်သူ လိုအပ်သော ၀န်ဆောင်မှုမှ အထူး ၀န်ဆောင်မှု အနေအထားသို့ လည်းကောင်း၊ ကလေး အရွယ်မှ လူကြီး အရွယ်ထိ အရွယ်ပေါင်းစုံ၏ အဖက်ဖက်မှ နိုင်ငံခြား ဘာသာစကား စစ်ဆေးမှုနှင့် ၀န်ဆောင်မှုကို ပြုလုပ် ပေးသွားနိုင်ရန် ဖြစ်သည်။

နိုင်ငံတော်၏ ဘာသာစကား စွမ်းရည် တိုးတက်မှု သုတေသနဌာန

နိုင်ငံတော်၏ ဘာသာစကား စွမ်းရည် တိုးတက်မှု သုတေသန ဌာနသည် (နောက်ပိုင်းတွင် “ဌာန” ဟု ခေါ်ဝေါ် သုံးစွဲသွားမည်) တရုတ်နိုင်ငံ၏ နိုင်ငံခြား ဘာသာစကား သင်ကြားရေး သုတေသန ဌာန၏ ဘာသာစကား ပြဌာန်းချက် သုတေသန အဖွဲ့ အပေါ် အခြေခံ၍၊ နိုင်ငံတော်၏ စာပေနှင့် ဘာသာစကား အဖွဲ့ချုပ်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၄ ခုနှစ် ဂျူလိုင်လတွင် စတင် တည်ထောင်ခဲ့သည်။ ထိုဌာနသည် နိုင်ငံတော်၏ ဘာသာစကား သုတေသန ဌာနနှင့် ဆက်နွယ်သည့် အတွက်၊ ပညာရေး ၀န်ကြီးဌာနမှ  စာပေနှင့် ဘာသာစကား သတင်း အချက်အလက် ဆက်သွယ်မှု ဌာနနှင့် ပီကင်း နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အတူတကွ တည်ထောင် ကွပ်ကဲခြင်း ဖြစ်သည်။ ဌာန၏ အဓိက တာဝန်မှာ ဘာသာစကား၏ နိုင်ငံရေးနှင့် နိုင်ငံခြားရေး ကိစ္စရပ်များရပ်များ စသည့် အပိုင်းတို့တွင် အရေးကြီးကြောင်း တို့ကို အထူး လေ့လာ သုတေသန ပြုသွားရန် ဖြစ်သည်။  နိုင်ငံတော်၏ ဘာသာစကား စွမ်းရည်နှင့် ပတ်သက်သော သီအိုရီများ ဖေါ်ထုတ်နိုင်ရေးနှင့် လက်တွေ့ သုတေသန လုပ်ငန်း တို့ကိုသာ အဓိက ဆောင်ရွက်သွားရန် ဖြစ်ပြီး၊ ဘာသာစကားပိုင်း ဆိုင်ရာ စွမ်းရည် ပြည့်ဝသော ထူးချွန်သူများအား ဖေါ်ထုတ်ရေး၊ နိုင်ငံတကာမှ အသိအမှတ်ပြုသော ဘာသာစကား ဆိုင်ရာ ဥပဒေများ၊ နိုင်ငံတကာ မြို့ကြီးများ၏ နိုင်ငံခြား ဘာသာစကား စွမ်းရည် တိုးတက်မှု စသည့် တို့၏ သုတေသန လုပ်ငန်းများအား ဆောင်ရွက်သွားရန် ဖြစ်ပြီး၊ လိုအပ်သော ဌာနများအတွက် သတင်း အချက်အလက်များ ကူညီေ ထာက်ပံ့နိုင်ရန်နှင့် လူမှု ပတ်ဝန်းကျင် စီးပွား တိုးတက်မှု အတွက် တဖက်တလမ်းမှ ကူညီပေးနိုင်ရန် ဖြစ်သည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC