Beijing Foreign 

Studies University

သင်ကြားရေးဌာနများ

发布时间:2019-05-15

အင်္ဂလိပ်ဘာသာကောလိပ်အောက်တွင် အင်္ဂလိပ်ဘာသာစကားနှင့်ဘာသာပြန်ပညာရပ် ဟူ၍ အထူးပြုဘာသာရပ်နှစ်မျိုးရှိပါသည်။ အင်္ဂလိပ်ဘာသာကောလိပ်မှ အင်္ဂလိပ်ဘာသာစာပေနှင့် ဘာသာပြန်ပညာရပ်တို့အတွက် ပါရဂူဘွဲ့ထိ ပေးအပ်နိုင်ခွင့်ရှိပြီး အင်္ဂလိပ်ဘာသာစာပေမှာ နိုင်ငံတော်အဆင့် အထူးဘာသာရပ်အဖြစ် သတ်မှတ်ထားပါသည်။ ကျောင်းတော်ကြီးမှာ တရုတ်နိုင်ငံ၏အကောင်းဆုံး ပထမတန်းစားအဆင့်ရှိ ကျောင်းကြီးဖြစ်စေရန်နှင့် ကျောင်းရှိအင်္ဂလိပ်ဘာသာနှင့်ဘာသာပြန်ပညာ အထူးပြုဘာသာရပ်များမှ အမိနိုင်ငံတော်အတွက် ဗဟုသုတကြွယ်ဝသော နိုင်ငံတကာအဆင့်ရှိ လူတော်လူကောင်းများ မွေးထုတ်ပေးရန် အဆက်မပြတ် ကြိုးစားလျက်ရှိပါသည်။

အင်္ဂလိပ်ဘာသာကောလိပ်၏ အင်္ဂလိပ်ဘာသာစာပေနှင့်ဘာသာပြန်ပညာ အထူးပြု ဘာသာရပ်များသည် ရှေးယခင်ထက်သာလွန်သော ပညာသင်ကြားရေးစနစ်နှင့်သုတေသနများ ကြောင့် အောင်မြင်မှုများ ရှိပါသည်။  အင်္ဂလိပ်ဘာသာကောလိပ်၏ ၀ိဇ္ဇာ(bachelor)ဘွဲ့ ပညာရေးစနစ်မှာ အခြေခံကောင်းသော အင်္ဂလိပ်ဘာသာနှင့်ဘာသာပြန် အခြေခံဗဟုသုတပညာရပ်များ၊ humanities & social sciences ဗဟုသုတများကို သင်ကြားပို့ချပေးသည့်အပြင် ထူးချွန်ထက်မြက်သည့် ပညာသင်ကြားရေးအပိုင်း၊ အတွေးခေါ်အပိုင်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သော ခေါင်းဆောင်အရည်အချင်းရှိသည့် နိုင်ငံတကာအဆင့် ဗဟုသုတ ကြွယ်သော ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများကို ပြုစုပျိုးထောင်ပေးနေပါသည်။ ဘွဲ့လွန်ပညာရေး (postgraduate education)မှာ အဆင့်မြင့်သာလွန်သော အင်္ဂလိပ်ဘာသာ အသုံးအနှုန်းများနှင့် ဘာသာပြန်ပညာရပ်၊ ကျောင်းသားကိုယ်တိုင် သုတေသန ဖန်တီးလုပ်ဆောင်နိုင်မှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ သုတေသနအမြင်ကျယ်လာစေရန် အရည်အချင်းပြည့်ဝသော နိုင်ငံတကာအဆင့်မီ နိုင်ငံခြား ဘာသာစကား ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်းပေးနေပါသည်။ ယခုအခါ ကျောင်းတော်ကြီး တွင် ရိုးရိုးဝိဇ္ဇာ(bachelor)ဘွဲ့ သင်တန်းသား/သူ ၅၉၉ ယောက် ၊ မဟာဝိဇ္ဇာဘွဲ့သင်တန်းသား/သူ ၃၈၁ ယောက် နှင့် ပါရဂူဘွဲ့သင်တန်းသား/သူ ၈၇ ယောက်ရှိပါသည်။

အင်္ဂလိပ်ဘာသာကောလိပ်မှာ နိုင်ငံတကာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးများကို အထူးအလေးထားပါသည်။ Lancaster University ၊ Columbia University ၊ the University of Adelaide ၊ University of Toronto ၊ the University of Auckland စသည့် တက္ကသိုလ်များနှင့်လည်း ရေရှည်ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများရှိပြီး ကျောင်းသား အပြန်အလှန် စေလွှတ်ပညာသင်ယူစေခြင်း၊ ရက်တိုနိုင်ငံခြားပညာတော်သင်အတန်းများ ၊ နွေရာသီ ကျောင်းပိတ်ရက် သင်တန်းများ အစရှိသည့် ပညာသင်ကြားရေးစနစ်များ ရှိပါသည်။ ကျောင်းတော်ကြီးမှာ နိုင်ငံခြားပညာတော်သင် ကျောင်းသား/သူများကို ကျောင်းရှိဘွဲ့သင်တန်း များတွင် ပညာသင်ကြားနိုင်ရန် လက်ခံထားပြီး ၎င်းကျောင်းသား/သူများကို နိုင်ငံတကာပညာရေး တွေးအခေါ်နှင့်အညီ တရုတ်ကျောင်းသား/သူများနှင့်အတူ ပညာသင်ကြားပို့ချပေးလျှက်ရှိပါသည်။

၁၉၄၄ ခုနှစ်တွင် အင်္ဂလိပ်ဘာသာကောလိပ်ကို တည်ထောင်ခဲ့ရာ နိုင်ငံတော်အတွက် သံတမန် ဆက်သွယ်ရေး၊ နိုင်ငံခြားကုန်သွယ်ရေး ၊ ဘဏ္ဍာရေးနှင့်မီဒီယာ အစရှိသော နယ်ပယ်များတွင် အင်္ဂလိပ်ဘာသာ ထူးချွန်တတ်ကျွမ်းသော ဘာသာပြန် အမြောက်အများကို မွေးထုတ်ပေးခဲ့ပါသည်။ အင်္ဂလိပ်ဘာသာကောလိပ်၏ ထူးချွန်ကျော်ကြားသော ကျောင်းသားဟောင်း လီကျောက်ရှန်း (Li Zhao Xing) ၊ ဆွန်းကျန့်ယီ (Sun Zhen Yu) ၊ ကျန်းယဲ့စဝေ့ (Zhang Ye Sui) ၊ ပေါ်ရင်း (Bo Ying) ၊ ကျင်းလိချွန်း (Jin Li Qun) ၊ ကျန်းချီယွဲ့ (Zhang Qi Yue) ၊ ယန်လန် (Yang Lian) ၊ ရှီကဲဝေး (Xu Ge Hui) ၊ ဆွန်းနင်(Sun Ning) တို့သည် နာမည်ကြီးပုဂ္ဂိုလ်များလည်း ဖြစ်ကြပါသည်။ ယခုလက်ရှိ အင်္ဂလိပ်စာ အထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရရှိသော ကျောင်းသားကျောင်းသူများမှာ အစိုးရ၀န်ကြီးဌာနများ၊ နိုင်ငံပိုင်ကုမ္ပဏီကြီးများ၊ နိုင်ငံခြားဖက်စပ်လုပ်ငန်းများ၊ နာမည်ကြီးမီဒီယာ လုပ်ငန်းများ၊ နိုင်ငံခြားကုန်သွယ်ရေးဌာနများ ၊ ယဉ်ကျေးမှုဆိုင်ရာ (သို့မဟုတ်) ပညာရေးဆိုင်ရာ အဖွဲ့အစည်းဌာနများ ၊ ဘာသာပြန်ပုံနှိပ်ထုတ်ဝေသောလုပ်ငန်းများ ၊ ရှေ့နေနှင့်စာရင်ကိုင်ဌာနများ စသည်တို့တွင် အလုပ်အကိုင်များ ရရှိခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် နှစ်စဉ်ကျောင်းပြီးသော ကျောင်းသားများအနက် ရာခိုင်နှုန်း၃၀% ကျော်မှာ အောက်စဖို့ဒ် တက္ကသိုလ်(University of Oxford) ၊ ဟားဗက်တက္ကသိုလ်(Harvard University) အစရှိသည့် ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်များသို့သွားရောက်၍ မဟာဘွဲ့ ၊ ပါရဂူဘွဲ့များ ဆက်လက်သင်ယူလေ့လာ ကြပါသည်။

ကျောင်းတွင် သင်ကြားပို့ချနေသော ဆရာ/ဆရာမ (၉၆) ဦး ရှိပြီး ၎င်းတို့အနက် အချိန်ပြည့် ဆရာ/ဆရာမ (၈၇) ဦး ရှိပါသည်။ အချိန်ပြည့် ဆရာ/ဆရာမများအနက် ပါမောက္ခ (၂၇) ဦး ၊ တွဲဖက်ပါမောက္ခ (၂၈) ဦးနှင့် ပါရဂူဘွဲ့ ရရှိထားသော ဆရာ/ဆရာမ (၆၆) ဦး ရှိပါသည်။ ကောလိပ်ရှိ ဆရာ/ဆရာမများမှာ ပညာသင်ကြားရေးလုပ်ငန်းများကို အဓိကအလေးထား ဆောင်ရွက်သည့် အပြင် သုတေသန လုပ်ငန်းများကိုလည်း မလစ်ဟင်းအောင်ဆောင်ရွက်ခဲ့ပါသည်။ ဆရာ/ဆရာမ များက စေတနာ၊ ၀ါသနာ ၊အနစ်နာ ဟူသော နာ(၃)နာဖြင့် ကျောင်းသူကျောင်းသားများကို အသိပညာဗဟုသုတများ သင်ကြားပို့ချပေး သောကြောင့်  တရုတ်နိုင်ငံအင်္ဂလိပ်စာသင်ကြားမှုများ တွင် စံနမူနာအဖြစ်ရှိပြီး ကျောင်း၏ ကျော်ကြားသော နာမည်ဂုဏ်သတင်းမှာ သင်းပျံနေပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC