Beijing Foreign 

Studies University

အနုပညာ သုတေသနဌာန

发布时间:2019-05-15

အနုပညာ သုသေတနဌာနအား ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့သည်။ ပီကင်းနိုင်ငံခြားဘာသာ တက္ကသိုလ်မှ တိုင်းရင်းသားများ၏ ကိုယ်ပိုင် အနုပညာများ တိုးတက် အတွက် တွန်းအား ပေးနိုင်ရန်၊ တိုင်းရင်းသားများ၏ စစ်မှန်သော အနုပညာ အမွေအနှစ်များကို အဖက်ဖက်မှ ဖေါ်ထုတ်နိုင်ရန်၊ တရုတ်နိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှု အနုပညာများ နိုင်ငံတကာသို့ ထွန်းကား ပျံ့နှံ့သွားစေရန် အတွက် တိုင်းရင်းသား အမွေအနှစ် အနုပညာများအား စုစည်း၍ အဓိက သုသေတနပြုသော စည်းစနစ်ကျသော အဆင့်မြင့် ပညာ သင်ကြားမှု သုသေတနဌာန ဖြစ်သည်။ အနုပညာ သုသေတန ဌာနသည် ပီကင်း နိုင်ငံခြားဘာသာ တက္ကသိုလ်၏ ဆောင်ပုဒ် ဖြစ်သည့်“နိုင်ငံတကာသို့ ပျံ့နှံ့ရန်၊ ထူးခြားမှုရှိရန်၊ အနှစ်သာရ ပြည့်ဝရန်”တို့ကို အဓိကထား၍၊ ကျွန်ုပ်တို့ကျောင်း၏ ဘာသာစကား အပိုင်းတွင် ထူးချွန်မှုကို အခြေခံ၍ တရုတ် တိုင်းရင်းသားများ၏ အနုပညာများ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိရန် ဖြစ်သည်။ ပီကင်း နိုင်ငံခြားသာ တက္ကသိုလ်တွင်းရှိ ဆရာ ဆရာမများနှင့် ကျောင်းသားများ၊ နိုင်ငံတကာမှ လာရောက်ပညာ သင်ကြားသော ကျောင်းသာများ ၊ ပီကင်းမြို့ရှိ  ပြည်ပနှင့် ဆက်သွယ်သော အဖွဲ့အစည်းများနှင့် Confucius Institute မှ လုပ်အားပေးသူများအား တရုတ်နိုင်ငံ၏ Opra(အထူးသဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံ ကိုယ်စားပြုဟု သတ်မှတ်နိုင်သော  ပီကင်း Opra) စသည့်  တိုင်းရင်းသား တို့၏ အနုပညာ အခြေခံ သီအိုရိများနှင့် အခြေခံ တတ်ထားသင့်သော ပညာရပ်များအား  နားလည် ပိုင်နိုင်ရန် သင်တန်းပေးမှုများ ပြုလုပ် ပေးခဲ့ပြီး၊ ပီကင်း နိုင်ငံခြား ဘာသာ တက္ကသိုလ်၏ ထူးခြားသော အနုပညာ ပတ်ဝန်ကျင် အငွေ့အသက် များအား ဖန်တီးနိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ တိုင်းရင်းသား အနုပညာများသည် နက်နဲများပြားခြင်း၊ သုသေတန ပြုရမည့် အကြောင်းအရာများလည်း ကျယ်ဝန်းခြင်း၊ သုသေတနပြုသည့် နည်းလမ်းများတွင်လည်း၎င်း၏ ကိုယ်ပိုင် ထူခြားချက်များ ရှိသည့် အပြင်၊ တချိန်တည်းမှာပင် နက်နဲသော ယဉ်ကျေးမှု အနုပညာ အခြေခံနှင့် လက်တွေ့စမ်းသပ် သော အတွေ့အကြုံများ ရှိရန် လိုအပ်သည်။ ပီကင်းနိုင်ငံခြားဘာသာ တက္ကသိုလ် အနုပညာ သုသေတနဌာနသည် တိုင်းရင်းသားများ၏ အနုပညာရပ် ထူးခြားချက်များအား သေချာ ပိုင်နိုင်စွာ လေ့လာပြီး၊ ကျမ်းကျင်သောတီထွင် ဆန်းသစ်မှုများအား အခြေခံ၍၊ သင်ကြားမှု၊ သုသေတနပြုမှု ၊ပြန့်ပွားမှုများ အတွက် သိပံ္ပနည်းကျနှင့် တိကျသေချာသော နည်းစနစ်များဖြင့် တိုင်းရင်းသားများ၏ အကောင်းဆုံး ကိုယ်ပိုင် အနုပညာ များအား အထွဋ်အထိပ် ရောက်အောင် ဖေါ်ထုတ်ပေးခဲ့သည်။ ထိုသို့ ဖေါ်ထုတ်ရာတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင် အနုပညာ ထူးခြားချက်များအား ထိန်းသိမ်းထားနိုင်ပြီး၊ တိုင်းရင်းသား အနုပညာများနှင့် ကိုက်ညီသော ဘာသာရပ် အသစ်တခုကို တည်ထောင်ပေးနိုင်ခဲ့သည်။

အနုပညာ သုသေတန ဌာနသည် ဂုဏ်ထူးတန်းဘွဲ့ကို ပေးအပ်နိုင်သော အဖွဲ့အစည်း တခုဖြစ်ပြီး၊ ယခုအခါ ဂုဏ်ထူးတန်းတွင် လေ့လာ သင်ကြားနေသော ကျောင်းသား (၉)ဦး ရှိသည်။  သင်ကြားမှုနှင့် သုသေတနပြုမှု ဦးတည်ချက်များမှာ တရုတ်ရိုးရာအော်ပရာအား နိုင်ငံတကာသို့ ပြန့်ပွားရေးပင် ဖြစ်သည်။ သတ်မှတ်သင်ကြားသော ဘာသာရပ်များမှာ– အနုပညာ ပြန့်ပွားရေး ဘာသာရပ်၊ တရုတ်နှင့် နိုင်ငံတကာအော်ပရာသမိုင်း၊  တရုတ်နှင့် နိုင်ငံတကာ ရုပ်ရှင် သမိုင်း၊ Aesthetics Of Literature And Art ၊ အနုပညာရပ် ဆိုင်ရာ သီအိုရီများ၊ အနောက်နိုင်ငံများ၏ စာပေ ယဉ်ကျေးမှု သီအိုရီများ၊ သရုပ်ဆောင်မှုနှင့် ရိုက်ကူးရေး ဆိုင်ရာ အခြေခံ ပညာရပ်များ စသည်တို့ ဖြစ်သည်။

အနုပညာ သုသေတနဌာန၏ သင်ကြားမှုသည် သီအိုရီနှင့် လက်တွေ့ ပေါင်းစပ်မှုကို အဓိကထား၍၊ ကျွမ်းကျင်သော အနုပညာ သင်ကြားမှုနှင့်  အနုပညာ တိုးတက် ပြန်ပွားရေး သင်ကြားမှု တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အနုပညာ လက်တွေ့ လုပ်ဆောင်မှုနှင့် သီအိုရီများအား သင်ကြားမှုနှင့် သုသေတနပြုမှုတို့တွင် ထည့်သွင်း ထားသည့် အတွက် လက်တွေ့နှင့် သီအိုရီ တထပ်တည်း ကျသော သင်ကြားမှု စနစ်ကို ဖြစ်တည် စေခဲ့သည်။ တချိန်တည်းမှာပင် အနုပညာ သုသေတနဌာနမှ ဂုဏ်ထူးတန်း ကျောင်းသားများသည် “ပီကင်းအော်ပရာ အပိုင်း(၁၀၀)ပါ အနှစ်ချုပ် စာအုပ်အား  အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည့် လုပ်ငန်းများ”တွင် တတပ်တအား ပါဝင် ဆောင်ရွက်လျှက် ရှိသည်။  လက်တွေ့ လုပ်ဆောင်မှုများတွင် လေ့လာ စမ်းစစ်မှုများ၊ သင်ယူမှု အပိုင်းများတွင် လက်တွေ့ပြုလုပ်မှုများ ပေါင်းစပ်ထားသည့် အတွက် ကျောင်းသာများအား တရုတ် အော်ပရာ အနုပညာအား ပိုမိုနက်နဲစွာ သိရှိနားလည် စေခဲ့သည်။ ထိုစာအုပ်၏ ဘာသာပြန်မှုနှင့် အနုပညာ ဖေါ်ပြမှု အရည်အသွေးများမှာ ပညာရှင်များနှင့် ထိုလုပ်ငန်းကို ဆောင်ရွက် နေသူများ၏ အသိအမှတ် ပြုမှုကို ရရှိခဲ့သည်။

ယခုအခါတွင် အနုပညာ သုသေတနဌာနတွင် တာဝန်ထမ်းဆာင်နေသူ (၄)ဦး၊  ပြင်ပမှ ဖိတ်ခေါ်လာသော ကျွမ်းကျင် ပညာရှင် ပါမောက္ခ (၁၂)ဦးရှိပြီး၊ ထိုအထဲတွင် သင်ကြားရေး တာဝန် ထမ်းဆောင်နေသော ဆရာ (၁၄) ရှိသည်။ ဆရာများအတွင်း ပါမောက္ခ (၆)ဦး ၊ လက်ထောက် ပါမောက္ခ (၂)ဦး ဖြစ်ပြီး၊ ထိုအထဲတွင် ဒေါက်တာဘွဲ့ ရထားသူ (၈)ဦး ရှိသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC