Beijing Foreign 

Studies University

အာရှ-အာဖရိက ဘာသာ ကောလိပ်

发布时间:2019-05-15

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၊ အာရှ-အာဖရိက ကောလိပ် (မူရင်းအမည် အာရှ-အာဖရိကဘာသာဌာန)သည် ၁၉၆၁ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ယခုလက်ရှိ ကျွန်ုပ်တို့ ကောလိပ်သည် ၀ိဇ္ဇာတန်း နိုင်ငံခြားဘာသာစကား (၁၆)ခု ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ သင်ရိုးညွှန်းတမ်းအဖြစ် နိုင်ငံခြားဘာသာ (၁၇)မျိုးရှိကာ၊ အာရှ-အာဖရိက ဘာသာ (၃၃)မျိုးထိ ဖွင့်လှစ်သောကြောင့် တစ်နိုင်ငံလုံးရှိ နိုင်ငံခြားဘာသာသင်ကျောင်းများအနက် အာရှ-အာဖရိက လူသုံးနည်းဘာသာစကား သင်ကြားမှုအများဆုံးနှင့် သမိုင်းနှစ်ပေါင်းအကြာဆုံးဖြစ်ပါသည်။ ကျွန်ုပ်တို့ ကောလိပ်တွင် အရှေ့တောင်အာရှ သုတေသနစင်တာ၊ တောင်အာရှသုတေသနစင်တာ၊ အနောက်အာရှ-အာဖရိက သုတေသနစင်တာ၊ တောင်-မြောက် ကိုရီးယား သုတေသနစင်တာ၊ သီရိလင်္ကာ သုတေသနစင်တာ၊ အင်ဒိုနီးရှားစင်တာ၊ အီရန်စင်တာ တို့ တည်ထောင်ဖွင့်လှစ်ထားပါသည်။ ထို့အပြင် “အာရှ-အာဖရိက သုတေသန” ပညာရပ်ဆိုင်ရာ စာနယ်ဇင်းကိုလည်း ပုံမှန် ထုတ်ဝေလျက်ရှိပါသည်။

အာရှ-အာဖရိကကောလိပ်တွင် လက်ရှိ ဆရာအင်အား (၅၀)ရှိ၍ ကျန်ကထိက၊ လက်ထောက်ကထိက (၂၀)ဦးရှိကာ၊ ဆရာ (၂)ဦးမှာ ပါရဂူဘွဲ့များ ရရှိထားကြပြီး၊ နှစ်စဉ် နိုင်ငံခြားပညာရှင် (၁၀)ဦး ဖိတ်ခေါ်ခန့်အပ် သင်ကြားပေးလျက်ရှိပါသည်။ ထို့ပြင် ပြည်တွင်းပြည်ပ ပညာရှင် အမြောက်အများကိုလည်း ဧည့်သည်တော်ပါမောက္ခအဖြစ် ဖိတ်ခေါ်ခန့်အပ်လေ့ရှိပါသည်။ ယခုတွင် ဘွဲ့ကြိုတန်း၊ မဟာဘွဲ့တန်း၊ ပါရဂူဘွဲ့တန်း အဆင့်(၃)ဆင့်၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား (၅၀၀)ဦး ရှိပါသည်။ ကျွန်ုပ်တို့ကောလိပ်သည် ကျောင်းသားများ၏ ဘာသာစကားစွမ်းရည် ပျိုးထောင်သင်ကြားပေးနေသော တချိန်တည်း၌ပင် အထွေထွေပညာရေး (General Education) ကို ဖွင့်လှစ်သင်ကြားပေးခြင်း၊ နိုင်ငံအသီးသီး၏ ပထ၀ီဘာသာများ ထည့်သွင်းသင်ကြားခြင်း၊ တရုတ်-အာရှ/အာဖရိက လက်တွေ့သင်ယူ သင်ကြားရေးအခြေစိုက်များ ဖွဲ့စည်းတည်ထောင်ခြင်း အစရှိသော နည်းလမ်းများဖြင့် တမူထူးခြားသော ပညာရေးဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ နှစ်ပေါင်း (၅၀)ကျော်အတွင်း နိုင်ငံခြားဘာသာတတ်ကျွမ်းမှု အခြေခိုင်သော၊ ဗဟုသုတ ကျယ်ပြန့် သော၊ အထွေထွေ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်သော၊ နှစ်ဘာသာ တတ်ကျွမ်းသော၊ ဘက်စုံ ထူးချွန်သော လူသုံးနည်းဘာသာစကား ကျွမ်းကျင်သူ လူတော်လူကောင်းများကို နိုင်ငံတော်အတွက် အစဉ်မပြတ် မြောက်မြားစွာ မွေးထုတ်ပေးခဲ့ပါသည်။

ကောလိပ်တည်ထောင်ရခြင်း၏ ရည်မှန်းချက်များမှာ – ကောင်းမွန်ပြည့်စုံသော သင်ကြား/ သင်ယူရေး၊ သုတေသနအရင်းအမြစ်များရှိကာ၊ ပြီးပြည့်စုံသော ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသားများ ပြုစုပျိုးထောင်ရေးစနစ် ပေါ်ပေါက်လာပြီး၊ တိုင်းပြည်အတွက် ဘာသာစကားတစ်မျိုးထက် ပိုတတ်ကျွမ်းသော၊ ဘက်စုံထူးချွန်သော၊ အရည်အသွေးမြင့် နိုင်ငံတကာအဆင့်မှီ လူတော်လူကောင်းများ မွေးထုတ်၍ ပြည်တွင်းပထမတန်းစား လူသုံးနည်းဘာသာစကား တတ်ကျွမ်းသူ လူတော်လူကောင်းများ မွေးထုတ်ပေးရေးအဓိကဌာနချုပ်ဖြစ်လာရေးကို ရည်မှန်းပါသည်။ တပြိုင်နက်တည်းတွင် နိုင်ငံတော်၏ သံတမန်ဆက်ဆံရေး၊ မဟာဗျူဟာနှင့် လိုက်လျော်ညီထွေမှုရှိသော အရှေ့အာရှ၊ အရှေ့ တောင်အာရှာ၊ တောင်အာရှ၊ အနောက်အာရှ၊ အရှေ့အာဖရိက၊ အနောက်အာဖရိက ဟူ၍ ဒေသကြီး(၆)ခု၊ နိုင်ငံပေါင်း(၂၆)နိုင်ငံခွဲကာ၊ ၎င်းတို့နှင့်စပ်ဆက်သော စာပေယဉ်ကျေးမှုအစရှိသော ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ လူမှုရေးသိပ္ပံပညာတို့နှင့် နိုင်ငံအသီးသီး၊ ဒေသအသီးသီးတို့အား သုတေသနပြုရေးနှင့်ပတ်သက်သော ပညာရပ်ဆိုင်ရာ သုတေသနဌာနတစ်ခုဖြစ်လာကာ၊ အဆင့်အတန်းမြင့်မားသော သုတေသနရလဒ်များ အဆက်မပြတ်ထုတ်လုပ်ပေး ခြင်းဖြင့် လူသုံးနည်းဘာသာ စကားတတ်မြောက်သော လူတော်လူကောင်းများ ပျိုးထောင်ပေးရေးလုပ်ငန်းနှင့် လူ့အဖွဲ့အစည်းတို့၏ လိုအပ်ချက်များကို အလုပ်အကျွေးပြုဖြည့်ဆည်း၍ အာရှ-အာဖရိက နိုင်ငံအသီးသီးတို့အား သုတေသန ပြုရာ ဗဟိုချက်မဖြစ်လာရန် ရည်ရွယ်ပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC