Beijing Foreign 

Studies University

အားကစားလေ့ကျင့် သင်ကြားရေးဌာန

发布时间:2019-05-15

အားကစား လေ့ကျင့် သင်ကြားရေး ဌာနသည် ကျွန်ုပ်တို့ကျောင်း၏ အားကစားပိုင်းနှင့် ပတ်သက်သော အဓိက ဌာန တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့ ကျောင်းမှတိုက်ရိုက် အုပ်ချုပ်သော ဌာနခွဲ တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ကျောင်း၏ ကျောင်းအုပ်ကြီးမှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး၊ အားကစားလေ့ကျင့် သင်ကြားရေးဌာန၊ ကျောင်းသားရေးရာဌာန၊ လူငယ်များအဖွဲ့ ၊အလုပ်သမားရေးရာ ဌာန စသည့် ဌာနများအား အဖွဲ့ဝင် အဖြစ် ဖွဲ့စည်းထားသော ပီကင်း နိုင်ငံခြား ဘာသာတက္ကသိုလ် အားကစား ဌာနဖြစ်သည်။ ဌာန အားလုံး မိမိတို့၏ ဖွဲ့စည်းပုံစ နစ်ဖြင့် တည်ငြိမ်သော အဖွဲ့အစည်းများ ဖြစ်သည်။

အားကစား လေ့ကျင့် သင်ကြားရေး ဌာနမှ ကျောင်းတွင်းရှိ ကျောင်းသား ကျောင်းသူ အားလုံး၏ အားကစား သင်ကြားမှု၊ စာသင်ချိန် ပြင်ပရှိ အားကစား လေ့ကျင့်မှု၊ ကျောင်းအားကစား အဖွဲ့၏ လေ့ကျင့်မှုများ၊ ကျောင်းတွင်းနှင့် ကျောင်းပြင်ပရှိ အားကစား ပြိုင်ပွဲများ (နိုင်ငံတွင်းရှိ ကျောင်းသားများ၏ ကျန်းမာရေး စံနှုန်း သတ်မှတ်ချက်) စသည့် စစ်ဆေးမှု လုပ်ငန်းများ၊ တချိန်တည်းမှာပင် ကျောင်းမှ လူငယ် အဖွဲ့အစည်းများ ၊အလုပ်သမားရေးရာ ဌာနနှင့် အဖွဲ့အစည်း မျိုးစုံတို့၏ အားကစား ဆိုင်ရာ လုပ်ငန်းများအား ကူညီ ဆောင်ရွက် ပေးသည်။

အားကစား လေ့ကျင့် သင်ကြားရေး ဌာနတွင် လက်ရှိ တာဝန် ထမ်ဆောင်လျှက်ရှိသော သင်ကြားရေး ဆရာ (၁၆)ဦးရှိပြီး၊ ထိုအတွင်းမှ သင်ကြားရေး ဆရာ(၁၅)ဦး ဖြစ်ပြီး၊ (၁)ဦးမှ လက်ထောက် နည်းပြဆရာ ဖြစ်သည်။ ထို့ပြင် ကစားကွင်း အတွက် အလုပ်သမား (၃)ဦးလည်း ထားရှိထားသည်။ ဆရာများတွင်လည်း (၅)ဦးမှာ ဂုဏ်ထူးတန်းပြီး MAဘွဲ့ရ ဆရာများ ဖြစ်ပြီး၊ အခြား ကျန်ရှိသည့် ဆရာများမှာ ဂုဏ်ထူးတန်းတွင် လေ့လာရမည့် ပညာရပ်များအား လေ့လာသင်ကြား ပြီး၍ လေ့လာရေး ဆင်းနေသော ဂုဏ်ထူးတန်း ကျောင်းသား ကျောင်းသူများ ဖြစ်သည်။ အသက် (၄၀)အောက် လူလတ်ပိုင်း ဆရာ (၆)ဦး ရှိပြီး၊ ငယ်ရွယ်သော ဆရာများနှင့် ဖွဲ့စည်းထားသော အားကစား ဘာသာရပ်နှင့် သင့်တော်သော ဆရာများအဖွဲ့ ဖြစ်သည်။ ယခုလက်ရှိတွင် ကျွန်ုပ်တို့၏ ဆရာများ အဖွဲ့တွင် လက်ထောက် ပါမောက္ခ (၉)ဦးရှိပြီး၊ စာပြဆရာ (၆)ဦးရှိသည်။ ဤဆရာများ အားလုံးသည် တက္ကသိုလ် တန်းပြ ဆရာများ တာဝန်ကို ယူထားကြသည်။

ကျွန်ုပ်တို့ ကျောင်းတွင် အမျိုးသား ဘတ်(စ်)စကတ်ဘော (basketball) အသင်း၊ အမျိုးသမီး ဘတ်(စ်)စကတ်ဘော (basketball) အသင်း၊ အမျိုးသား ဘောလီဘော(volleyball) အသင်း၊ အမျိုးသမီး ဘောလီဘော (volleyball) အသင်း၊ အမျိုးသားဘောလုံးအသင်း၊ ကြက်တောင်အဖွဲ့၊ တင်းနစ် ဘောလုံး အဖွဲ (tennis ball) ၊ ဘင်ဘောင် ဘောလုံး အဖွဲ့ (table ball) ၊ပြေးခုန်ပစ် အားကစား အဖွဲ့ ၊ အေရိုးဗစ် (aerobics) အကအဖွဲ့၊ ရေကူးအဖွဲ့(ရိုးရိုးအဖွဲ့) စသည့် ကျောင်းကိုယ်စားပြု အသင်း (11)သင်း ရှိသည်။ ကျောင်းကိုယ်စားပြု အားကစား သမားများ အားလုံးသည် အားကစားလုပ်ရန် သင့်တော်သော ခန္ဒာကိုယ်အား ကိုယ်ပိုင်ဆိုင်သော ၊အားကစား လှုပ်ရှားမှုများအား ၀ါသနာပါသော ကျောင်းသား ကျောင်းသူများဖြင့် ဖွဲ့စည်းထားပြီး၊ အားကစား ဌာနမှ သက်ဆိုင်ရာ နည်းပြများဖြင့် သင်ကြား ပြသစေသည်။ အသင်းစတင် တည်ထောင်ချိန်မှစ၍ အားကစားနည်းပြများနှင့် ကျောင်းသားများ၏ အတူတကွ ကြိုးစား အားထုတ်မှု များကြောင့်၊ ပီကင်းမြို့တွင် နှစ်စဉ် ကျင်းပလျှက် ရှိသော ကျောင်းသား အားကစား ပြိုင်ပွဲ မျိုးစုံတွင် ရမှတ်ကောင်းများ ရရှိခဲ့သည်။

2010 ခုနှစ်တွင် ကျွန်ုပ်တို့ ကျောင်းသည် ပီကင်းမြို့ ကျောင်းသား အားကစားအဖွဲ့၊ ပီကင်းမြို့ပညာရေး ဌာနနှင့် ပညာရေး ၀န်ကြီးဌာနတို့၏ သာမာန်ကျောင်းများမှ အရည်အသွေးမြင့် အားကစား သမားများ အဆင့် စစ်ဆေးမှုကို အောင်မြင်ခဲ့ပြီး၊ အဆင့်မြင့်တန်း ရေကူး အားကစား သမားများအား ခေါ်ယူနိုင်ခွင့်ကို ရရှိခဲ့ပြီး၊ ထိုနှစ်မှာပင် ပထမဆုံးသော အဆင့်မြင့်တန်း ရေကူး အားကစား သမားများ ခေါ်ယူခြင်းကို ပြုလုပ်နိုင်ခဲ့သည်။ အဆင့်မြင့် ရေကူးသမားများအား အထူးလေ့ကျင့် သင်ကြားခြင်း လုပ်ငန်းများ၊ ပြိုင်ပွဲနှင့် အခြား ယဉ်ကျေးမှု ဆိုင်ရာ ဘာသာရပ်များကို သင်ကြား ပို့ချခြင်းများအား အားကစား ဌာနနှင့် နိုင်ငံတကာ ဆက်ဆံေ၇းဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ အတူတကွ စီမံအုပ်ချုပ်သည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC