Beijing Foreign 

Studies University

ဂျပန်ဘာသာဌာန

发布时间:2019-05-15

ဂျပန်ဘာသာဌာနကို ၁၉၅၆ ခုနှစ်တွင် စတင်တည်ထောင်၍ ၁၉၈၆ ခုနှစ်တွင် ဂျပန်ဘာသာစာပေပညာ မဟာဝိဇ္ဇာဘွဲ့ကျောင်းသားများ လက်ခံသင်ကြားပေးနိုင်သောအဆင့် ရောက်ရှိခဲ့ပြီး၊ ၁၉၉၃ ခုနှစ်တွင် ပါရဂူဘွဲ့ ကျောင်းသားများ လက်ခံသင်ကြားပေးနိုင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ဂျပန်ဘာသာ စာပေပညာသင်ကြားပျိုးထောင်ရေးတွင် အရေးပါသော ဌာနအဖြစ် သတ်မှတ်ပေးခြင်း ခံခဲ့ရပါသည်။ ထိုနှစ်တွင်ပင် ပေကျင်းမြို့ အရေးပါသော ပညာရေး ဗဟိုချက်မအဖြစ် သတ်မှတ်ခံခဲ့ရပါသည်။

ဂျပန်ဘာသာဌာနတွင် အရည်အချင်းမြင့်မားသော ဆရာအဖွဲ့ရှိပါသည်။ ယခုတွင် အချိန်ပြည့်ဆရာ (၂၂)ဦးရှိသည့်အနက်၊ ကထိက (၃)ဦး၊ လက်ထောက်ကထိက (၁၂)ဦး၊ သရုပ်ပြ ဆရာ (၁၂)ဦးတို့ ပါဝင်ပါသည်။ ဆရာများတွင် ပါရဂူဘွဲ့ရဆရာ (၁၇)ဦး ရှိပြီး၊ မဟာဝိဇ္ဇာဘွဲ့ရဆရာ (၄)ဦး ရှိပါသည်။ ထို့အပြင် ဂျပန်ဘာသာဌာနမှ ဂျပန်နိုင်ငံသား ဘာသာဗေဒကျွမ်းကျင်ပညာရှင် (၂)ဦး၊ ဧည့်သည်တော်ကထိက (၂)ဦးတို့ကိုလည်း ကာလရှည် ခန့်ထား လျက်ရှိပါသည်။

ကျွန်ုပ်တို့ဌာနမှ နှစ်စဉ် ဘွဲ့ကြိုကျောင်းသား (၇၄)ဦး၊ ဘွဲ့လွန်ကျောင်းသား (၂၀)ဦး၊ ပါရဂူ ကျောင်းသား (၃-၄)ဦး နှစ်စဉ်လက်ခံသင်ကြားပေးလျက်ရှိပါသည်။

ဘွဲ့ကြိုကျောင်းသားများ လက်ခံသင်ကြားရာတွင် အခြေခံမရှိသူများနှင့် အခြေခံကောင်းသူများဟူ၍ နည်းလမ်းနှစ်သွယ်ဖြင့် လက်ခံသင်ကြားပေးပါသည်။ အခြေခံမရှိသူများအတန်းအတွက် နိုင်ငံအနှံအပြား အထက်တန်း ဖြေဆိုထားသူများ ရွေးချယ်သင်ကြားပေးပါသည် (၂)တန်း၊ အခြေခံ ကောင်းသူများအတွက် အတန်း (တစ်တန်း)မှာ ပြည်နယ်အသီးသီးရှိ နာမည်ကျော် နိုင်ငံခြားဘာသာသင်ကျောင်းများမှ အရည်အချင်းစစ်စာမေးပွဲပြုလုပ်ပြီး စေလွှတ်သော ဂျပန်ဘာသာသင်ကျောင်းသားများ လက်ခံ သင်ကြားပေးပါသည်။

ဂျပန်ဘာသာဌာန၏ သင်ကြားရေးထူးခြားချက်မှာ ကျောင်းသားများ၏ဘာသာစကား အခြေခံကို အလေးထားပျိုးထောင်ပေးနေစဉ် တချိန်တည်းတွင် လူ့ယဉ်ကျေးမှုအရည်သွေးနှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု ဗဟုသုတကိုလည်း အလေးပေးလေ့ကျင့်ပေးလျက်ရှိပါသည်။ အထူးသဖြင့် တတိယနှစ်၊ စတုတ္ထနှစ်တို့တွင် ဂျပန်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စာပေပညာ ပညာရပ်ဆိုင်ရာသင်ခန်းစာများနှင့် ဆွေးနွေးပို့ချမှုများ သင်ကြားပေးပါသည်။ ထို့အပြင် ပိုမိုသင်ယူနိုင်သော ကျောင်းသားများအနေဖြင့် တက္ကသိုလ်ရှိ နိုင်ငံတကာစီးပွားရေးပညာ ကောလိပ်၊ နိုင်ငံတကာဆက်ဆံရေးကာလိပ်၊ ဥပဒေပညာကောလိပ်တို့တွင် ရွေးချယ်သင်ယူ၍ ဘွဲ့နှစ်ခု တစ်ပြိုင်နက်တည်း ရယူနိုင်ပါသည်။

နိုင်ငံတကာဆက်ဆံရေးအပိုင်းတွင် ဂျပန်ဘာသာဌာနသည် ဂျပန်နိုင်ငံ ၀ါစီဒါ တက္ကသိုလ် (Waseda University)၊ ကိုဘီ တက္ကသိုလ် (Kobe University)၊ အိုကာယာမာ တက္ကသိုလ် (Okayama University)၊ ဂါခူစွမ်း တက္ကသိုလ် (Gakushuin University)၊ ရစ်ကျို တက္ကသိုလ် (Rikkyo University/ Saint Paul’s University)၊ အေရိုရာမဂါကွင်း တက္ကသိုလ် (Aoyama Gakuin University)၊ ခမ်းဆိုက် တက္ကသိုလ် (Kansai University)၊ ဘန်ကျို တက္ကသိုလ် (Bunkyo University)၊ ဒိုက်တိုဘမ်က တက္ကသိုလ် (Daito Bunka University)၊ နာဂိုယာ နိုင်ငံခြားဘာသာတက္ကသိုလ် (Nagoya Unisersity of Foreign Studies)၊ နာဂါစာကီ ဂျမ်ရှင်း ကတ်ဟို တက္ကသိုလ် (Nagasaki Junshin Catholk University)၊ ရှိုရင်း တက္ကသိုလ် (Shoin University) အစရှိသော ကျောင်းများနှင့် ပညာတော်သင် ကျောင်းသားဖလှယ်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး၊ နှစ်စဉ် ဘွဲ့လွန်ကျောင်းသား (၁၆)ဦးမှ (၂၈)ဦးနှင့် ဘွဲ့ကြို ကျောင်းသားများ ဂျပန်နိုင်ငံသို့စေလွှတ် ပညာတော် သင်ယူစေပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC