Beijing Foreign 

Studies University

ဥရောပဘာသာစကား ယဉ်ကျေးမှုကောလိပ်

发布时间:2019-05-15

ဥရောပဘာသာစကား ယဉ်ကျေးမှုကောလိပ်သည် ၁၉၅၄ ခုနှစ်တွင် တည်ထောင်ခဲ့ကာ၊ ဥရောပတိုက်ရှိ အသုံးနည်းသောဘာသာစကားသင်ကြားမှုသမိုင်း တစ်ပြည်လုံးအတိုင်းအတာဖြင့် အရှည်ကြာဆုံး၊ အရေအတွက် အများဆုံး၊ အဆင့်အစုံဆုံးသော ပညာသင်ကြားရေးဌာနဖြစ်သည်။ ယခုလက်ရှိတွင် ဥရောပဘာသာစကား (၂၃)မျိုး သင်ကြားပို့ချပေးလျက်ရှိပြီး ၎င်းတို့အနက်ဘာသာစကား ၁၅ မျိုးမှာ တရုတ်တစ်နိုင်ငံလုံးတွင် ပေကျင်းနိုင်ငံခြားတက္ကသိုလ် ဥရောပဘာသာစကားကောလိပ်၌သာ သင်ကြားပို့ချနိုင်ပါသည်။ ပညာရေးဌာနအပိုင်းနှင့် နိုင်ငံအလိုက် သုတေသန အခြေပြုဌာနများက … ဥရောပအရှေ့အလယ်ပိုင်း သုတေသနစင်တာမှ ဥရောပဘာသာကောလိပ်၊ ဥရောပအရှေ့အလယ်ပိုင်း ဘာသာစကားအထူးပြု သုတေသနပြုသင်ကြားမှုအင်အားကို မှီခိုအားထားနေရပါသည်။ ထို့အပြင် ကောလိပ်တွင် ဖင်လန်နိုင်ငံ သုတေသနစင်တာ၊ ပိုလန်နိုင်ငံ သုတေသနစင်တာ၊ ဥရောပမြောက်ပိုင်း သုတေသနစင်တာ စသည့် သုတေသနအဖွဲ့အစည်းများ မရှိသေးပါ။ နှစ်ပေါင်း (၆၀)ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ယနေ့ခေတ် ဥရောပဘာသာစကား ကောလိပ်သည် တိုင်းပြည်အတွက် လူသုံးနည်း ဥရောပဘာသာစကားတတ်ကျွမ်းသူ လူတော်လူကောင်းများ မွေးထုတ်ပေးရာပုခက် (Cradle of talents) ဖြစ်လာကာ၊ ဥရောပတိုက် နိုင်ငံအသီးသီး၏ ဘာသာစကားယဉ်ကျေးမှုများ သုတေသနပြုရာ အခြေစိုက်ဌာနအဖြစ် ဖွံ့ဖြိုးလာပြီး၊ ဥရောပအလယ်ပိုင်းပညာရေးနှင့် ယဉ်ကျေးမှု စပ်ဆက် ပညာရပ်များဖလှယ်ရာ အဓိက ပြူတင်းတံခါးပေါက် ဖြစ်လာနေပါသည်။

ဥရောပဘာသာစကားကောလိပ်သည် ပါရဂူဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့များ အပ်နှင်းရာဌာနဖြစ်ပြီး၊ ပေကျင်းမြို့၏ အရေးပါသော ပညာသင်ယူရာဌာနလည်းဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကျွန်ုပ်တို့ကောလိပ် တွင် စုစုပေါင်း ဘွဲ့ကြိုကျောင်းသား (၄၀၉)ဦး၊ မဟာဝိဇ္ဇာ တန်းကျောင်းသား (၂၄)ဦး၊ ပါရဂူဘွဲ့ကျောင်းသား (၁၀)ဦး ရှိပါသည်။ ဥရောပဘာသာစကားကောလိပ်သည် ကျောင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ အလေးထားသည်နှင့်အညီ အရည်အသွေးမြင့် ဘက်စုံ ဘာသာစကားမျိုးစုံတတ်ကျွမ်းသော နိုင်ငံတကာအဆင့်မှီ လူတော်လူကောင်းများကို နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ပြုစုပျိုးထောင်ပေးလျက် ရှိပါသည်။ ကျောင်းသားများ ပညာသင်ချိန်ကာလအတွင်း အခြေခိုင်သော နိုင်ငံခြားဘာသာစကား အခြေခံပညာ လေ့ကျင့်သင်ကြားမှုများ ခံယူကြရပြီး၊ တပြိုင်တည်းတွင် သက်ဆိုင်ရာနိုင်ငံနှင့် ဒေသဆိုင်ရာ နိုင်ငံအခြေအနေ၊ ယဉ်ကျေးမှု ဗဟုသုတများကို သင်ယူကြရပြီး၊ ကျောင်းသားအများစုမှ သက်ဆိုင်ရာနိုင်ငံများသို့ ခြောက်လမှ တစ်နှစ်ထိ ပညာတော်သင်အခွင့်အရေး ရရှိနိုင်ကြပါသည်။ ကောလိပ်မှ အင်္ဂလိပ်ဘာသာကိုလည်း မိုင်နာဘာသာ (Minor Subject) အနေဖြင့် သင်ကြားမှုကို အသုံးချ၍ နှစ်ဘွဲ့သင်၊ တတိယဘာသာစကား၊ စတုတ္ထဘာသာစကား ရွေးချယ်သင်ယူနိုင်ခွင့် အစရှိသော ပုံသဏ္ဍာန်မျိုးစုံဖြင့် ၀ိသေသပေါင်းစုံ၊ အဆင့်မြင့်နိုင်ငံခြားဘာသာတတ်ကျွမ်းသော လူတော်လူကောင်းများကို ကြိုးပမ်းပျိုးထောင် ပေးလျက်ရှိပါသည်။

ဥရောပဘာသာစကားကောလိပ်တွင် လက်ရှိဝန်ထမ်းအင်အား (၄၉)ဦး ရှိသည့်အနက် (၄၈)ဦးမှာ ဆရာများဖြစ်ကြသည်။ ဆရာများတွင် ကထိက (၅)ဦး (ပါရဂူဘွဲ့ကျောင်းသား နည်းပြဆရာ (၄)ဦးပါဝင်သည်)၊ လက်ထောက်ကထိက (၁၃)ဦး၊ ပါရဂူဘွဲ့ရ (၁၄)ဦး ပါဝင်ပါသည်။ သင်ကြားရေး၊ သုတေသနပြုရေးတို့ကို အညီအမျှ အလေးအနက်ထားဆောင်ရွက်ခြင်းသည် ဥရောပဘာသာ စကားကောလိပ်၏ နှစ်ပေါင်းများစွာ ပညာသင်ကြားရေး လက်တွေ့လုပ်ငန်းများအတွင်းဖြစ်ပေါ်လာသော ထူးခြားကောင်းမွန်သည့် အလေ့အထတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့ကောလိပ်သည် “အရှေ့ဥရောပ”ဂျာနယ်၊ “ဥရောပဘာသာစကားသုတေသန”၊ “ဥရောပဘာသာစကားသင်ကြားမှု နှင့် သင်ယူမှု” အစရှိသော ပညာရပ်ဆိုင်ရာစာတမ်းများကို အစဉ်လိုက်ရေးသားပြုစုခဲ့ပြီး၊ ဥရောပဘာသာစကားများနှင့် ယဉ်ကျေးမှုအမျိုးမျိုး သုတေသနပြုရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကို စုစည်းခဲ့ပါသည်။ ဥရောပဘာသာစကား ကောလိပ် ဆရာများသည် သင်ရိုးညွှန်းတမ်းများ တည်ဆောက်သတ်မှတ်ခြင်း၊ စာအုပ်စာတမ်းကိရိယာတန်ဆာပလာ ရေးသားပြုစုခြင်း၊ စာပေပညာ ဘာသာပြန်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်း စသော ကဏ္ဍများ၌ ထူးချွန်ပေါ်လွင်သော စွမ်းဆောင်မှုများပြုလုပ်နိုင်ခဲ့၍ အသိုင်းအ၀ိုင်း အသီးသီး၏ ချီးကျူးဂုဏ်ပြုမှုနှင့် ဆုချီးမြှင့်မှုများကိုရခဲ့ပြီး ယိလိချွင် (Yi Li Qun)၊ ဖန်ကျစ်ချန် (Ping Zhi Chen)၊ ကုန်းခွန်ယွိ (Gong Kun Yu)၊ ၀မ်ကျွင်း (Wang Jun)၊ သင်းကျောက် (Ding Zhao) အစရှိသော သင်ကြားရေးနာမည်ကျော်ဆရာများ အစုလိုက် အပြုံလိုက် ပေါ်ထွန်းခဲ့ပါသည်။

တရုတ်-ဥရောပ ယဉ်ကျေးမှု ဖလှယ်ရာအဓိက ပြူတင်းတံခါးပေါက်ဖြစ်သော ဥရောပဘာသာကောလိပ်သို့ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ နှစ်စဉ် လာရောက်လေ့ရှိပါသည်။ ဥရောပ ဘာသာကောလိပ်မှ ပုဂ္ဂိုလ်များသည် စည်းလုံးညီညွတ်ပြီး တိကျကြကာ၊ ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာအသွင်အပြင်များသည် လာရောက်ခဲ့ကြသော ဧည့်သည်တော်တိုင်းအား နက်ရှိုင်းသောအမှတ်ရမှုများကို ပေးစွမ်းနိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့ကောလိပ်သည် တစ်ဘက်တွင် တရုတ်နိုင်ငံအား ဥရောပဘာသာစကားနှင့် ယဉ်ကျေးမှုမျိုးစုံ (multiculture) တို့ကို မိတ်ဆက်ပေး၍ ပြန့်ပွားအောင်ဆောင်ရွက်လျက်ရှိသည့်နည်းတူ၊ တစ်ဘက်တွင် ဥရောပနိုင်ငံအသီးသီးထံသို့ တရုတ်နိုင်ငံ၏ မြင့်မြတ်သောသမိုင်းပေး တာဝန်များကို အသိပေး မိတ်ဆက်ဖြန့်ဝေပေ့းသည့်တာဝန်ကိုလည်း ထမ်းဆောင်လျက်ရှိပါသည်။ မကြာသေးမီနှစ်များအတွင်း ကျွန်ုပ်တို့ကောလိပ်မှ ဆရာများသည် ဟော်လန်နိုင်ငံ လောရိန်းတက္ကသိုလ် (Holland Lorand University) ကွန်ဖြူးရှပ်ကောလိပ်၊ ပိုလန်နိုင်ငံ ခရာကိုးတက္ကသိုလ် (Poland, Cracow University) ကွန်ဖြူးရှပ်ကောလိပ်၊ ဘောဂေးရီးယားနိုင်ငံ ဆိုဖီယာတက္ကသိုလ် (Bulgaria Sofia University) ကွန်ဖြူးရှပ်ကောလိပ်၊ Czech Baraschi University ကွန်ဖြူးရှပ် ကောလိပ်တို့၌ တရုတ်ဘက်ကောလိပ်ဥက္ကဌအဖြစ် ဆောင်ရွက်၍ တရုတ်ယဉ်ကျေးမှုအတွက် မိမိပေးဆပ်သင့်သော ပေးဆပ်မှုများ ဆောင်ရွက်ခဲ့ ကြပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC