Beijing Foreign 

Studies University

ကွန်ပျူတာဌာန

发布时间:2019-05-15

၁၉၉၀ တွင် ကွန်ပျူတာစင်တာအဖြစ် စတင်တည်ထောင်ခဲ့ပြီး၊ ကွန်ပျူတာပညာသင်ကြားရေး လုပ်ငန်းသက်တမ်းမှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီ ဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်တွင် ကွန်ပျူတာဌာနအဖြစ် တည်ထောင်ခဲ့ပြီး ကွန်ပျူတာသိပ္ပံနှင့် ကျွမ်းကျင်နည်းပညာ အထူးပြုဘာသာရပ်ကျောင်းသားများ စတင်စုဆောင်း သင်ကြားခဲ့ပါသည်။ စတင်တည်ထောင်ကတည်းက ပေကျင်း နိုင်ငံခြားဘာသာတက္ကသိုလ်၏ စည်းကမ်းတင်းကျပ်၍ လက်တွေ့ကျသော လုပ်နည်းလုပ်ဟန်များကို နာခံကာ တမူထူးခြားတီထွင်ဆန်းသစ်သော သင်ကြားရေး သီအိုရီများကို စွဲကိုင်လျက် ဘက်စုံထူးချွန်သော လူတော်လူကောင်းများ မွေးထုတ်ရေးကဏ္ဍ၌ တက်ကြွစွာ စူးစမ်းလေ့လာပြီး နိုင်ငံတကာ ရင်ပေါင်တန်း အမြင်ကျယ်မှု၊ အဆင့်အတန်းမြင့်မားမှုနှင့် ဘက်စုံထူးချွန်မှုရှိသော ကွန်ပျူတာကျွမ်း ကျင်ပညာရှင်များ ပျိုးထောင်လေ့ကျင့်ရေးတွင် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါသည်။

ကွန်ပျူတာဌာနတွင် ယခုလက်ရှိ ဆရာအင်အား (၁၁)ဦးရှိပါသည်။ သင်ကြားရေးဆရာ အရင်းအမြစ်သည် အသက်အရွယ်အပိုင်းအရ ဖွဲ့စည်းပုံသင့်လျော်မျှတ၍ အများစုတွင် ပါရဂူဘွဲ့ သို့မဟုတ် အဆင့်မြင့်ကျွမ်းကျင် ပညာရှင်ရာထူးများ ရရှိထားကြပါသည်။ ၅ နှစ်နီးပါးသော ကာလအတွင်း ကွန်ပျူတာဌာန ဆရာများမှ နိုင်ငံတော်သဘာဝသိပ္ပံပညာစီမံကိန်း ၂ ခု၊ နိုင်ငံတော် လူမှုရေးသိပ္ပံပညာရံပုံငွေစီမံကိန်း ၂ ခု၊ ပြည်နယ်အဆင့်စီမံကိန်း ၆ ခုတို့ကို ဦးဆောင်ကမကထပြု ဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်းပြည်ပ မဂ္ဂဇင်းများ၊ နိုင်ငံတကာ တွေ့ဆုံဆွေးနွေးပွဲညီလာခံများ စသည်တို့၏ စာတမ်းများထုတ်ဝေခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းစာတမ်းတို့အနက် SCI ၊ EI ၊ CSSCI ကွန်ပျူတာအစိတ်အပိုင်း အချက်အလက်စာတမ်း ၂၆ ပုဒ် ပါဝင်သည်။

ကွန်ပျူတာသိပ္ပံပညာနှင့် ကျွမ်းကျင်နည်းပညာရှင် ဘာသာရပ်သင်ကြားမှုသည် ကွန်ပျူတာဟက်ဝဲယားနှင့်တကွ အသုံးပြုမှုဆိုင်ရာ အခြေခံသဘောတရားနှင့် အခြေခံစွမ်းဆောင်ရည်များကို စနစ်တကျပိုင်နိုင်တတ်မြောက်နိုင် စေသည့်အပြင် နိုင်ငံခြားဘာသာစကား၊ စီးပွားရေးလုပ်ငန်းတာဝန်နှင့် ကွန်ပျူတာနည်းပညာတို့ကို အလွန်ကောင်းမွန်စွာပေါင်းစပ်၍ သတင်းအချက်အလက်နည်းပညာ (IT Technology)နှင့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း၏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးပြောင်းလဲနေမှုကို လိုက်လျော်ညီထွေစွာ ဆောင်ရွက်နိုင်ပြီး အဆင့်မြင့်နိုင်ငံခြားဘာသာ တတ်ကျွမ်း၍ နိုင်ငံတကာအဆင့်မှီ ဘက်စုံထူးချွန်သော လူတော်လူကောင်းများ မွေးထုတ်ပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့ဌာနသည် နှစ်စဉ်အတန်းတစ်တန်းစာ ကျောင်းသားများကို လက်ခံသင်ကြားပေးလျက်ရှိပြီး ယခုလက်ရှိတွင် Bachelor (ရိုးရိုး)ဘွဲ့ကျောင်းသား (၉၃)ဦး ပညာသင်ကြားလျက်ရှိပါသည်။ ကျောင်းတွင် ပညာသင်ကြား လျက်ရှိသော Bachelor (ရိုးရိုး)ဘွဲ့ကျောင်းသားများမှာ ဘာသာရပ်မျိုးစုံယှဉ်ပြိုင်ပွဲများတွင် ထူးချွန်သောစွမ်းဆောင်မှုများရှိကြပါသည်။ ထို့ပြင် နိုင်ငံလုံးဆိုင်ရာ “စိန်ခေါ်ဖလား” တက္ကသိုလ်ကျောင်းသားများ သင်ခန်းစာပြင်ပ အတတ်ပညာပစ္စည်းများ ပြိုင်ပွဲတွင် ဒုတိယဆု တစ်ကြိမ်၊ ပေကျင်းမြို့ ပထမဆုကို အကြိမ်များစွာ၊ တရုတ်တက္ကသိုလ်ကျောင်းသားများ ကွန်ပျူတာဒီဇိုင်းပြိုင်ပွဲကြီးတွင် ပထမဆု၊ အမေရိကန်တက္ကသိုလ်ကျောင်းသားများ သင်္ချာ တွက်ချက်မှု လွယ်ကူစေရန် စနစ်တစ်ခုဖန်တီးမှုပြိုင်ပွဲ (Mathematical Modeling Contest) များ တွင် အကြိမ်ကြိမ်ဆုများရရှိခဲ့ပါသည်။

ကျွန်ုပ်တို့ဌာနမှ ကျောင်းသားများ၏ အင်္ဂလိပ်စာအရည်အသွေးကောင်းမွန်ကြပြီး၊ ကျောင်းသားအများစုမှာ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုစာမေးပွဲအဆင့်(၄)ထိ အောင်မြင်ထားကြ၍ ကျောင်းသားတစ်ဝက်ကျော်မှာ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုစာမေးပွဲအဆင့် (၈)ထိ အောင်မြင်ထားကြပြီးဖြစ်ပါသည်။ ဘွဲ့များရရှိပြီးသော ကျောင်းသားများမှ (၃)ပုံ (၁)ပုံခန့်သည် နိုင်ငံရပ်ခြားသို့ ပညာဆက်လက်ဆည်းပူးကြရာ၊ သွားရောက်ပညာသင်ကြသော တက္ကသိုလ်များတွင် အမေရိကန် ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ် (University of Southern California, American)၊ အမေရိကန် မြောက်ကယ်လိုလိုင်းနားတက္ကသိုလ် (University of North Carolina, American)၊ အင်္ဂလန် ကမ်းဘရစ်ခ်ျတက္ကသိုလ် (University of Cambridge, England) အစရှိသော နာမည် ကျော်တက္ကသိုလ်များ ပါဝင်သည်။ နိုင်ငံအတွင်း ဘွဲ့လွန်ပညာ ဆက်လက်သင်ယူကြသော ကျောင်းသားများမှာလည်း ဘွဲ့ရပြီးကျောင်းသားများ၏ ၁/၃ ခန့်ရှိကြရာ၊ ဆက်လက်သင်ယူကြသော တက္ကသိုလ်များမှာ ချင်းဟွာတက္ကသိုလ် (Tsinghua University)၊ ပေကျင်းတက္ကသိုလ် (Peking University)၊ ပေကျင်းနည်းပညာတက္ကသိုလ် (Beijing Institute of Technology) စသည်တို့ဖြစ်ကြပါသည်။ ကျန် ၁/၃ ခန့်မှာ ဘဏ်လုပ်ငန်းအဖွဲ့အစည်း၊ အစိုးရဌာနဆိုင်ရာများ၊ IT စီးပွားရေးလုပ်ငန်းများ စသည်တို့တွင် တိုက်ရိုက်လုပ်ငန်းခွင် ၀င်ရောက်ကြပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC