Beijing Foreign 

Studies University

နိုင်ငံတကာ တရုတ်တက္ကဗေဒ သုတေသနဌာန

发布时间:2019-05-15

နိုင်ငံတကာ တရုတ်တက္ကဗေဒ သုတေသနဌာနသည် တရုတ်ပြည်ပတရုတ်တက္ကဗေဒသုတေသနစင်တာ (China’s overseas sinology research center) သုသေတန ဌာနမှ ဆင်းတက်လာခြင်း ဖြစ်ပြီး၊ ၁၉၉၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတကာတရုတ်တက္ကဗေဒ သုတေသနဌာန (International sinology research center)ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။ ဌာနသည် ကမ္ဘာတ၀န်းလုံး အတိုင်းအတာဖြင့် ဆိုင်နော်လော်ဂျစ်ကယ်သုတေသန ပြုမှုကို ဦးတည်ချက် အဖြစ် ထားရှိပြီး၊ တရုတ်နိုင်ငံ၏ အစဉ်အဆက် ဆင်းသက်လာသော ထူးခြား ကောင်းမွန်သော ယဉ်ကျေးမှုများအား ဆက်ခံ၍ ဆန်းသစ်သော အတွေးအမြင်များနှင့် သုတေသနပြုခြင်း၊ တရုတ်နှင့် နိုင်ငံတကာ ဆက်ဆံရေး၏ သမိုင်းကြောင်းများအား အခြေခံ၍၊ တရုတ် ယဉ်ကျေးမှုသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လူမျိုးစုများ အကြား ထွန်းကားပြန့်ပွား လာသည့် နည်းစနစ်နှင့် လမ်းကြောင်းများအား လေ့လာခြင်း၊ တရုတ် စာပေ ယဉ်ကျေးမှုများအား နိုင်ငံခြား ဘာသာစကားသို့ ဘာသာ ပြန်ဆိုသည့် သမိုင်းများ၊ လူပုဂ္ဂိုလ်နှင့် ဘာသာ ပြန်ဆိုခဲ့သည့် စာအုပ်စာပေများအား ဆန်းစစ်ခြင်း၊ တရုတ်ဘာသာမှ အခြား ဘာသာစကားသို့ ဘာသာပြန်သည့် နည်းစနစ်နှင့် သီအိုရီများအား ပြန်လည် သုံးသပ်ခြင်း တို့ကို ပြုလုပ်ခဲ့သည်။ ပညာရပ် တစ်ခု၏ သမိုင်းကို လေ့လာသည့် နည်းပညာဖြင့် နိုင်ငံတကာရှိ တရုတ်တက္ကဗေဒ လ့လာရေး (ဆိုင်နော်လော်ဂျစ်ကယ် ပညာရပ်)၏ တိုးတက်လာပုံနှင့် ပြောင်းလဲလာသော သမိုင်းများ အကြောင်းကို လေ့လာခြင်းဖြစ်သည်။ ကူးလူး ဆက်နွယ် တတ်သော ယဉ်ကျေးမှုများ၏ သဘော သဘာဝ ရှုထောင့်မှ စတင်၍၊ တရုတ် ရိုးရာ ယဉ်ကျေးမှုသည် နိုင်ငံရပ်ခြားတွင် ကူးစက် ပျံ့နှံ့ အကျိုး သက်ရောက်ပုံများအား သုသေတနပြုခြင်း၊ နိုင်ငံတကာမှ တရုတ်နိုင်ငံအပေါ် အမြင်များ ဖြစ်ပေါ်လာပုံတို့ကို လေ့လာခြင်း၊ အပြန်အလှန် သက်ရောက်မှု ရှိတတ်သော ယဉ်ကျေးမှုအား အခြေခံ၍ တရုတ် ယဉ်ကျေးမှု၏ နိုင်ငံတကာတွင် အကျိုး သက်ရောက်ပုံ များကို ဖေါ်ပြခြင်း စသည်တို့ ဖြစ်သည်။

သုတေသန ဌာန အောက်တွင် တရုတ်ပြည်ပဆိုင်နော်လော်ဂျစ်ကယ်သုတေသနစင်တာ (China’s overseas sinology research center) သုတေသနဌာန၊  တရုတ် ယဉ်ကျေးမှု သုတေသနဌာန၊ တရုတ်ယဉ်ကျေးမှု နိုင်ငံတကာတွင် ပျံ့နှံ့ပုံအား ပြန်လည် လေ့လာ သုံးသပ် သောဌာန စသည်တို့အား တည်ထောင် ထားသည်။ ဌာနမှ ဦးစီး ထုတ်ဝေသော ပညာရပ်ဆိုင်ရာ စာအုပ်စာပေများမှာ 《နိုင်ငံတကာ တရုတ်ယဉ်ကျေးမှု လေ့လာရေး ပညာ》၊ 《နှိုင်းယှဉ် လေ့လာသော စာပေ ပညာရပ်နှင့် ကူးလူး ဆက်နွယ်သော ယဉ်ကျေးမှု  ပညာရပ်များအား သုတေသနပြုခြင်း》၊ 《နိုင်ငံတကာ ကွန်ဖြူးရှပ် အတွေးအခေါ် ပညာ သုတေသန ဆက်သွယ်မှု》၊《နိုင်ငံတကာ တရုတ် ဘာသာစကား သင်ကြားမှု သမိုင်း ပညာရပ် မဂ္ဂဇင်း》စသည်တို့ ဖြစ်သည်။ သုတေသနဌာနတွင် ဖွဲ့စည်းထားသော ပညာရပ် လေ့လာမှု အဖွဲ့အစည်များမှာ နိုင်ငံတကာ တရုတ်ယဉ်ကျေးမှု သုတေသနအဖွဲ့ (Internationl China Cultue Society)၊ နိုင်ငံတကာ တရုတ်ဘာသာစကား သင်ကြားမှု သမိုင်း သုတေသနအဖွဲ့၊ နိုင်ငံတကာ ကွန်ဖြူးရှပ် အတွေးအခေါ် ပညာ လေ့လာမှု အတွက် ဆက်သွယ် ဆောင်ရွက်သော အဖွဲ့အစည်းများ စသည်တို့ ဖြစ်သည်။

ဌာနသည် သုသေတနပြုသည့် ထူးချွန်လူငယ်များနှင့်၊ နိုင်ငံတကာသို့ ၀င်ဆံ့သော ထူးချွန် လူငယ်များအား အဓိက ထား၍ သင်ကြား မွေးထုတ် ပေးခြင်းများအား ပြုလုပ်သည်။ ထိုသို့ နှိုင်းယှဉ် လေ့လာသော စာပေ ပညာရပ်နှင့် ကူးလူး ဆက်နွယ်သော ယဉ်ကျေးမှု သုတေသန ပညာရပ်တို့၏ ဂုဏ်ထူးတန်းနှင့် ဒေါက်တာဘွဲ့တို့ကို လေ့လာသော ကျောင်းသားများအား သင်ကြား မွေးထုတ်ပေးသည့် တချိန်တည်းမှာပင်၊ တရုတ် ယဉ်ကျေးမှု သုတေသန ဘာသာရပ်၊ နိုင်ငံတကာ တရုတ်တက္ကဗေဒ လေ့လာမှု ဘာသာရပ် အတန်း တို့ကို ဖွင့်လှစ်ထားပြီး၊ နိုင်ငံတကာမှ ကျောင်းသားများအား လက်ခံခဲ့ပြီး၊ တရုတ်နှင့် အင်္ဂလိပ် ဘာသာစကား နှစ်ခုဖြင့် သင်ကြားမှုများ ပြုလုပ်စေခဲ့ပြီး၊ ဂုဏ်ထူးတန်း ကျောင်းသားများကိုလည်း မွေးထုတ်ပေးခဲ့သည်။

ဤဆယ်နှစ်ကျော် ကာလအတွင်း ဌာနမှ သုသေတန ပြုသူများသည် နိုင်ငံတော် အဆင့်နှင့် ပြည်နယ်အဆင့် စီမံကိန်းပေါင်း (၄၀)ကျော်အား လက်ခံပြုလုပ်ခဲ့ပြီး၊ ထုတ်ဝေခဲ့ပြီးသော စာအုပ်များမှာ ပညာရပ်ဆိုင်ရာ စာအုပ် (၃၆)အုပ်၊ စုစည်းသုံးသပ်တင်ပြသော စာအုပ်ပေါင်း (၄၀)အုပ်၊ ဘာသာပြန် စာအုပ်ပေါင်း (၂၉)အုပ်၊ ဘာသာရပ်ဆိုင်ရာ အဘိဓာန် (၂)အုပ်၊ သင်ရိုးညွှန်းတန်း (၃)အုပ် စသည်တို့ ဖြစ်သည်။ နာမည်ကြီး ပညာရပ်ဆိုင်ရာ မဂ္ဂဇင်များတွင်  ဘာသာရပ်ဆိုင်ရာ စာတန်းပေါင်း တစ်ရာကျော်အား ထုတ်ဝေနိုင်ခဲ့ပြီး၊ သုံးနှစ် ဆက်တိုက် တက္ကသိုလ်တန်း အဆင့် သုသေတနပြုမှု ပထမဆုများကို ရရှိခဲ့သည်။ ဌာနသည် အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ Vatican City State၊ ဆွစ်ဇာလန်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို စသည့် နိုင်ငံဒေသ (၃၃)ခုမှ တက္ကသိုလ်များ၊ သုသေတနဌာနများနှင့် အစဉ် ဆက်သွယ်မှုများ ရှိခဲ့သည်။ ကျွန်ုပ်တို့ ဌာနသည် နိုင်ငံတကာမှ လာရောက်၍ ပညာရပ် နှီးနှောဖလှယ်သော ပညာရှင်ပေါင်း တစ်ရာကျော်အား လက်ခံ တွေ့ဆုံ ဧည့်ဝတ်ပြုခဲ့ပြီး၊ ပညာရပ်ဆိုင်ရာ စာပေ ဟောပြောပွဲပေါင်း တစ်ရာကျော်ကိုလည်း ကျင်းပနိုင်ခဲ့သည်။ နိုင်ငံတကာ ပညာရပ် နှီးနှော ဖလှယ်ပွဲပေါင်း ခုနှစ်ဆယ်ကျော်ကိုလည်း ကျင်းပနိုင်ခဲ့ပြီး၊ ပြည်တွင်းရှိ သက်ဆိုင်ရာ ကျွမ်းကျင်သူများ နှင့် လည်း နှီးနှော ဆက်သွယ်မှုများ ရှိခဲ့သည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC