Beijing Foreign 

Studies University

နိုင်ငံတကာသတင်းနှင့်ဆက်သွယ်ရေးကောလိပ်

发布时间:2019-05-15

၂၀၀၃ခုနှစ်တွင် ထည့်သွင်းခဲ့သော အင်္ဂလိပ်ဘာသာကောလိပ်၏ နိုင်ငံတကာသတင်းနှင့် ဆက်သွယ်ရေး အထူးပြုဘာသာရပ်ကို  ၂၀၁၄ ခုနှစ်တွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် နိုင်ငံတကာသတင်းနှင့် ဆက်သွယ်ရေးကောလိပ် (အတိုကောက် “သတင်းကောလိပ်” ) ဟူ၍ တိုးမြှင့်တည်ထောင်ခဲ့ပါသည်။

နိုင်ငံတကာသတင်းနှင့် ဆက်သွယ်ရေးကောလိပ်၏ အင်္ဂလိပ်အမည်မှာ“School of International Journalism and Communication” ဖြစ်ပြီး အတိုကောက် “SIJC” ဟုခေါ်ပါသည်။ “SIJC”ဆိုသည်မှာSelf-discipline စည်းကမ်းစောင့်ထိန်းခြင်း ၊ Independence လွတ်လပ်ခြင်း ၊ Justice တရားမျှတခြင်း ၊ Cooperation ပူပေါင်းဆောင်ရွက်ခြင်း ဟူ၍ဖြစ်ပြီး ယင်းမှာ ကျောင်း၏ဆောင်ပုဒ်လည်းဖြစ်ပါသည်။

နိုင်ငံခြားဘာသာစာပေနှင့် သတင်းမီဒီယာဆက်သွယ်ရေးပညာများကို အသက်ဝင်ပေါင်းစပ် ထားသောကြောင့် သမားရိုးကျသင်ကြားပုံစနစ်တည်းသာ မဟုတ်ပေ။ ၎င်းပညာသင်ကြားမှုစနစ်မှာ လက်ရှိလူမှုအဖွဲ့အစည်းတွင်လိုအပ်နေသည့် နိုင်ငံတကာအဆင့်မီ သတင်းမီဒီယာပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှု၊ နိုင်ငံခြားဘာသာစကားကျွမ်းကျင်မှုတို့နှင့်ပြည့်စုံသော လူတော်လူကောင်းများ မွေးထုတ်ပေးရန် ထောက်အပံ့ပြုပါသည်။ နိုင်ငံခြားဘာသာစကားတတ်ကျွမ်းမှုရှိသူဟု ဆိုရာတွင် အခြေခံကောင်းသော အင်္ဂလိပ်စာအပြင် အခြားနိုင်ငံဘာသာစကားတစ်မျိုးကို ကျွမ်းကျင် တတ်မြောက်ခြင်းကို ဆိုလိုပါသည်။

ကျောင်းတွင် သင်ကြားပို့ချနေသော အချိန်ပြည့်ဆရာ/ဆရာမ (၁၃) ဦး ရှိပြီး ၎င်းတို့အနက် ပါမောက္ခ (၄) ဦး ၊ လက်ထောက်ပါမောက္ခ (၂) ဦး၊ ပါရဂူဘွဲ့ရရှိပြီးသူ (၁၂) ဦးရှိပါသည်။ တချိန်တည်းမှာပင် ကျောင်းမှ ဖိတ်ကြားထားသော ပြည်တွင်း/ပြည်ပ နာမည်ကြီးပညာရှင်များ ၊ မီဒီယာပညာရှင်များနှင့် နာမည်ကြီးသတင်းထောက်များက အချိန်ပိုင်းဆရာဆရာမများအဖြစ် (သို့မဟုတ်) ဧည့်ပါမောက္ခများအဖြစ် လာရောက်လေ့ ရှိပါသည်။

ယခုအခါ ကျောင်းတွင် ရိုးရိုးဝိဇ္ဇာ(Bachelor)ဘွဲ့ သင်တန်းသား/သူ (၂၀၀) ခန့်ရှိပြီး မဟာဝိဇ္ဇာဘွဲ့သင်တန်းသား/သူ (၆၀) ခန့် ရှိပြီး ၂၀၁၆ခုနှစ်မှ စတင်၏ ပါရဂူဘွဲ့ သင်တန်း စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

နိုင်ငံတကာသတင်းနှင့် ဆက်သွယ်ရေးကောလိပ်မှာ  ရိုးရိုးဝိဇ္ဇာ(Bachelor)ဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့ နှင့် ပါရဂူဘွဲ့  အပ်နှင်းနိုင်သည့်ကျောင်းဖြစ်ပါသည်။ ရိုးရိုးဝိဇ္ဇာ(Bachelor) ဘွဲ့သင်တန်းများ၏ အထူးပြုဘာသာရပ်များကို  သတင်းပညာ(နိုင်ငံတကာသတင်း)နှင့် မဟာဗျူဟာ ဆက်သွယ်ရေး (Strategic communications)ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။

မဟာဝိဇ္ဇာ၏ အထူးပြုဘာသာရပ်နှစ်မျိုးမှာ သတင်းပညာ(နိုင်ငံတကာသတင်း) နှင့် ဆက်သွယ်ရေးပညာ (နိုင်ငံတကာဆက်သွယ်ရေး) (Communication __ especially the international communication)  တို့ဖြစ်သည်။ ပါရဂူဘွဲ့ ရွေးချယ်တက်ရောက်နိုင်သော အထူးပြုဘာသာရပ်များမှာ ကူးလူးဖလှယ်နေသောယဉ်ကျေးမှုအဆက်အသွယ် (Cross-cultural communication) ၊ နိုင်ငံတကာသတင်းမီဒီယာမျိုးစုံ ၊ မဟာဗျူဟာ ဆက်သွယ်ရေး (Strategic communications)    တို့ဖြစ်ပါသည်။

ကျောင်းတွင် သုတေသနဗဟို (၃) ခုနှင့်သုတေသနဌာန (၁) ခု ရှိပါသည်။ ၎င်းတို့မှာ နိုင်ငံတကာသတင်းသုတေသနဗဟို၊ နိုင်ငံတာဆက်သွယ်ရေးသုတေသနဗဟို ၊ မီဒီယာကျင့်ဝတ်နှင့်ဥပဒေသုတေသနဗဟို၊ သမိုင်းဘာသာစကားနှင့် မဟာဗျူဟာဆက်သွယ်ရေး (Strategic communications)သုတေသနဌာန တို့ဖြစ်ပါသည်။

ရိုးရိုးဝိဇ္ဇာ(Bachelor)ဘွဲ့ သင်တန်းများ၏ အဓိကသင်ကြား ပို့ချသောဘာသာရပ်များမှာ အင်္ဂလိပ်စာ၊ သတင်းဆက်သွယ်ရေးနှင့်  ယဉ်ကျေးမှု၊ သံတမန်ဆက်သွယ်ရေး၊ နိုင်ငံရေးပညာရပ် စသည့်တို့ဖြစ်သည်။ ကျောင်းသားများကို အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ အဆင့်(၈)ရရန်နှင့် အင်္ဂလိပ်စာဖြင့်သာ စာတန်းရေးသားပြုစုရန် သတ်မှတ်ထားပါသည်။ ကျောင်း၏ ပို့ချသင်ခန်းစာ ဘာသာရပ်များအနက် ၉၀% ကျော်ကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချရာ သတင်းဆက်သွယ် ရေးအသိပညာများ သင်ယူဆည်းပူးနေသည့်နှင့်တစ်ပြိုင်တည်းမှာပင် အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖက်နှင့် နားထောင်မှုစွမ်းကိုလည်း မြှင့်တင်ပေးပါသည်။ ကျောင်းသား/သူ များက အခြားနိုင်ငံခြားဘာသာစကားတစ်မျိုးကိုလည်း စိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်ပြီး  ရိုးရိုး (Bachelor) ဘွဲ့နှစ်ခု တပြိုက်တည်းရယူနိုင်ရန် ဆည်းပူးလေ့လာနိုင်ပါသည်။

ကျောင်းတွင် ကျောင်းသားမီဒီယာသီးသန့်ရှိပါသည်။ ထို့အပြင် ကျောင်းမှ ကျောင်းသား/သူများ ဆင်ဟွာသတင်းဌာန၊ China Daily၊ တရုတ်နိုင်ငံတကာအသံလွှင့်ဌာ(CRI)၊ CCTVရုပ်မြင်သံကြား ဌာန အစရှိသည့် နိုင်ငံအဆင့်မီဒီယာဌာနများတွင် လက်တွေ့ဆင်းလေ့လာနိုင်ရန်လည်း စီစဉ် ပေးပါသည်။

ကျောင်းတော်ကြီးမှာ  အမေရိကန်၊အင်္ဂလန်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိုင်ယာလန်၊ သြစတြီးယား စသည့်နိုင်ငံများရှိ ပထမတန်းစား အဆင့်မြင့်တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှု များ ရှိပါသည်။ နိုင်ငံတကာသတင်းနှင့် ဆက်သွယ်ရေးကောလိပ်မှ ကျောင်းသားကျောင်းသူများမှာ သတင်းဆက်သွယ်ရေး ကျွမ်းကျင်မှုအဆင့် ပညာရပ်များကို သင်ယူရရှိနိုင်ရုံသာမက နိုင်ငံခြားဘာ သာစကား ကျွမ်းကျင်တတ်မြောက်မှုရှိသောကြောင့် အလားအလာကောင်းမွန်သည့် အလုပ်အကိုင် ခွင့်အရေးများကိုလည်း အလွယ်တကူရရှိနိုင်ပြီး ကမ္ဘာအနှံ့ကို လျှောက်လှမ်းနိုင်ပေသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC