Beijing Foreign 

Studies University

နိုင်ငံတကာစီးပွားရေးပညာကောလိပ်

发布时间:2019-05-15

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ ပညာသင်ကြားရေးပမာဏအကြီးဆုံးထဲမှ တစ်ခုဖြစ်သော ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် နိုင်ငံတကာစီးပွားရေးပညာ ကောလိပ်ကို ၂၀၀၁ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။  လူတော်လူကောင်း ပျိုးထောင်သင်ကြားရေး အစီအစဉ်များတွင် Bachelor (ရိုးရိုး)ဘွဲ့၊ တရုတ်-နိုင်ငံခြား ပူးပေါင်းသင်ကြားမှု Bachelor (ရိုးရိုး)ဘွဲ့၊ ဘာသာရပ်သဘောတရားသင်ဘွဲ့လွန်၊ ပါရဂူဘွဲ့၊ အသက်မွေးဝမ်းကြောင်းပညာဘွဲ့လွန်၊ နှစ်ဘွဲ့သင် (Double Bachelor’s Degree) ဘွဲ့၊ အဆင့်မြင့်စီမံခန့်ခွဲရေး လေ့ကျင့်မှုစသည်တို့ ဆက်စပ်ပါဝင်သည်။ ယခုတွင် Bachelor (ရိုးရိုး)ဘွဲ့ကျောင်းသား ထောင်ကျော်၊ နိုင်ငံခြားသား ပညာတော်သင်ကျောင်းသား ၄၀၀ နီးပါး၊ ပညာရေး ဌာနမှ နိုင်ငံခြားပညာတော်သင်အဖွဲ့ခွဲမှ ကျောင်းသား (၂၀၀) ဦးရှိပြီး၊ ကျောင်းသားများမှာ ကမ္ဘာအနှံ့ နိုင်ငံပေါင်း (၅၀)ကျော်မှ ဖြစ်ကြသည်။

တရုတ်ပြည်၏ စီးပွားရေးပညာ ကမ္ဘာပြန့်နှံ့ရေးကို တက်တက်ကြွကြွ တွန်းတိုက်ဆောင်ရွက်သော ဌာနတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် အသိဥာဏ်ဗဟုသုတရလိုစိတ်နှင့် မသိကျွမ်းသေးသော လောကအပေါ် စူးစမ်းလိုစိတ်တို့ ပေါ်ပေါက်လာစေရန်၊ စီးပွားရေးလောကအပေါ်တာဝန်ယူလိုစိတ်ရှိသော စီးပွားရေးလောကကိုဦးဆောင်နိုင်သူများ ပေါ်ပေါက်စေရန်၊ တည်ဆောက်မှု အင်အားကြီးမားသောအတွင်းစိတ်၏ ခေါင်းဆောင်အဖြစ်သတ်မှတ်နိုင်ရန်၊ ကုန်သွယ်ရေးလုပ်ငန်းနယ်ပယ်၏ ဆုံးဖြတ်နိုင်မှုအင်အားနှင့် ဖန်တီးတည်ဆောက်နိုင်မှုအင်အား ပုံဖော်ဖြစ်မြောက်လာရန်တို့အတွက် ပေးအပ်သောတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ကျွန်ုပ်တို့၏ကျောင်းသားများကို လှုံ့ဆော်ပေးထားပါသည်။ ဆရာ၊ ကျောင်းသား၊ ၀န်ထမ်းများနှင့် ကျောင်းသားဟောင်းများ အားလုံး၏ ကြိုးပမ်းအားထုတ်မှုဖြင့် တရုတ်နိုင်ငံ၏ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဒေသပေါင်းစုံတို့၏ ပထမဦးဆုံး ဂလိုဘယ်လိုက်ဇေးရှင်း စီးပွားရေးကောလိပ်ဖြစ်လာကာ တရုတ်နိုင်ငံနှင့် ကမ္ဘာအနှံ စီးပွားရေး ယဉ်ကျေးမှုများကို စပ်ဆက်ကာ အမြင်ကျယ်၍ လူ့အဖွဲ့အစည်းပေါ် တာဝန်ယူတတ်သော အနာဂတ်စီးပွားရေးခေါင်းဆောင်များ မွေးထုတ်ပေးလျက်ရှိပါသည်။

နိုင်ငံတကာစီးပွားရေးကောလိပ်သည် သင်္ချာ၊ သုတေသန၊ လူမှုရေးလုပ်ငန်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစရှိသော ကဏ္ဍအသီးသီး၌ အောင်မြင်မှုများ ဆက်တိုက်ရလျက် ရှိပါသည်။ ၂၀၀၂ ခုနှစ် နိုင်ငံတကာစီးပွားရေးကောလိပ် စီးပွားရေးစီမံခန့်ခွဲမှု အထူးပြုဌာနစုသည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ “နိုင်ငံတော် ၂၁၁ စီမံကိန်း” တည်ဆောက်မှု၏အဓိက အထောက်အပံ့ပြုသော အထူးပြုဘာသာရပ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။ ၂၀၀၇ ခုနှစ် ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်သော အဆင့်မြင့်တက္ကသိုလ်များ “အရည်အသွေး စီမံကိန်း”တွင် “နိုင်ငံတကာစီးပွားရေးစီမံခန့်ခွဲမှု လူတော်လူကောင်းများ ပြုစုပျိုးထောင်လေ့ကျင့်ပေးသောဌာန” အဖြစ် သတ်မှတ်ပေးခြင်းခံခဲ့ရပါသည်။  ၂၀၀၉ ခုနှစ်တွင် ကျွန်ုပ်တို့ကောလိပ်မှ နိုင်ငံတကာစီးပွားရေးစီမံခန့်ခွဲမှု လူတော်လူကောင်းများကို ပြုစုပျိုးထောင်သင်ကြားမှုပုံစံ တော်လှန်ပြောင်းလဲရေးရလဒ်မှာလဲ “ပေကျင်းမြို့ ပညာရေးရလဒ် ပထမဆု”ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ၂၀၁၂ ခုနှစ်တွင် စီးပွားရေးစီမံခန့်ခွဲမှုပညာ လက်တွေ့သင်ကြား/ သင်ယူရေး ဗဟိုဌာနသည်လည်း “နိုင်ငံတော်အဆင့် လက်တွေ့သင်ကြားရေး စံနမူနာပြုဗဟို တည်ဆောက်ရေးဌာန”အဖြစ် အကဲဖြတ်သတ်မှတ်ခြင်းခံခဲ့ရပါသည်။ ထို့အပြင် ကျွန်ုပ်တို့ ကောလိပ်မှ တက္ကသိုလ်ဆရာ (၅)ဦးသည် ပညာရေးဝန်ကြီးဌာန၏ “ရာစုသစ်လူတော်လူကောင်း ထောက်ပံ့ရေးအစီအစဉ်” အတွက် ရွေးချယ်ခန့် ထားခြင်း ခံရပါသည်။

နိုင်ငံတကာ စီးပွားရေးကောလိပ်သည် “One Body with Two Wings” ဟူသော ပညာ သင်ကြားရေး မဟာဗျူဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို အကောင်ထည်ဖော် ဆောင်ရွက်လျက် ဥရောပ၊ အမေရိကန် အစရှိသော နာမည်ကျော်တက္ကသိုလ်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို အခြေပြုကာ နိုင်ငံတကာဈေးကွက်စီးပွားရေး၊ တရုတ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ နာမည်ကျော်တက္ကသိုလ်များနှင့် ဆက်ဆံရေးကို စည်ပင်တိုးတက် ပြန့်ပွားအောင်ဆောင်ရွက်နေပါသည်။ Bachelor (ရိုးရိုး)ဘွဲ့နှင့် ဘွဲ့လွန်ကျောင်းများကို နိုင်ငံရပ်ခြားသွားရောက်၍ အပြန်အလှန်လဲလှယ်ပညာသင်ကြားရေး အားပေးလျက်ရှိသည့်အပြင် ကျောင်းသားများအားလုံးကိုလည်း နိုင်ငံတကာ အပြန်အလှန်လဲလှယ်ပညာသင်ကြားရေး အခွင့်အလမ်းများကိုလည်း ဖန်တီးပေးလျက်ရှိပါသည်။ ထို့အတူ တရုတ်အစိုးရ၊ စီးပွားရေးလုပ်ငန်းကြီးများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့်တကွ နိုင်ငံများစွာတွင် ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီကြီးများနှင့် ကောင်းမွန်သော ပူးပေါင်းဆက်ဆံရေး အဆက်အသွယ်များလည်း ရှိပါသည်။

သင်ယူ/သင်ကြားမှုတွင်ဖြစ်စေ၊ သုတေသနလုပ်ငန်းများတွင်ဖြစ်စေ၊ လူမှုရေးလုပ်ငန်း နယ်ပယ်များတွင်ဖြစ်စေ၊ နိုင်ငံတကာစီးပွားရေးကောလိပ်မှ အစဉ်အမြဲ စွဲကိုင်ထားသော သဘောထားခံယူချက်မှာ – ဂလိုဘယ်လိုက်ဇေးရှင်းရှုထောင့်မှ တရုတ်နိုင်ငံစီးပွားရေးကို မြှင့်တင်ရန်၊ ဂလိုဘယ်လိုက်ဇေးရှင်းရှုထောင့်မှ စီးပွားရေးစီမံခန့်ခွဲမှု သဘောတရား တည်ထွင်ဖန်တီးရေး၌ ပါဝင်ဆောင်ရွက်ရန်နှင့် ဂလိုဘယ်လိုက်ဇေးရှင်းရှုထောင့်မှ လူတော်လူကောင်းများ ပြုစုပျိုးထောင်ရန် တို့ပင်ဖြစ်ပါသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ တမူထူးခြား ပေါ်လွင်ထင်ရှား၍ တရုတ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အများနှင့်မတူ ထူးခြားပြောင်မြောက်သည့် အကျိုး သက်ရောက်မှု ကောင်းများရှိသော ဂလိုဘယ်လိုက်ဇေးရှင်းကောလိပ်အဖြစ် တည်ဆောက်သွားရန်တို့ ဖြစ်သည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC