Beijing Foreign 

Studies University

တို့ကျောင်းက ၂ဝ၁၆ ခုနှစ် မောင်မယ်သစ်လွင်များကျောင်းဖွင့်အခမ်းအနားကို ကျင်းပ

发布时间:2019-05-15

开学典礼配图

စက်တင်ဘာလ ၅ ရက်နေ့တွင် ကျွန်နော်တို့ကျောင်းက ၂ဝ၁၆ ခုနှစ် မောင်မယ်သစ်လွင်များ ကျောင်းဖွင့်အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ၂ဝ၁၆ ခုနှစ် သာမန်ဘွဲ့ကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသားများ၊ ပညာတော်သင်များနှင့် အုပ်ထိန်းသူမိဘများအချို့သည် ယင်းအခမ်းအနားသို့ ပါဝင်တက်ရောက်ကြပါသည်။ တရုတ်နိုင်ငံဆိုင်ရာအိုင်ယာလန်နိုင်ငံသံအမတ်ကြီး Kavanagh၊ ကျောင်းသားဟောင်းအဖွဲ့ဝင်များ၏ကိုယ်စားလှယ်ဖြစ်သူ ၂ဝ၁၃ ခုနှစ် Yale World Fellow တရုတ်ပြည် ဆင်းရဲသားကူညီထောက်ပံ့ရေးရန်ပုံငွေအဖွဲ့ ဒုဥက္ကဌ Wang Xingzui၊ ကျွန်တော်တို့ ကျောင်းဒါရိုက်တာဘုတ်အဖွဲ့ ဒါရိုက်တာလူကြီး Zhengzhou Zhujiang Real Estate Co. LTD ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဌ Lu Min၊ ကျွန်တော်တို့ကျောင်းပါတီအထွေထွေအတွင်းရေးမှူး Han Zheng၊ ပါမောက္ခချုပ် PengLong၊ ဒုပါတီအထွေထွေအတွင်းရေးမှူး Zhao Ming၊ Jiang Xufan၊ ဒုပါမောက္ခချုပ် Yan Guohua၊ Jia Dezhong၊ Jia Wenjian၊ SunYouzhong ကလည်း ပါဝင်တက်ရောက်ကြပါသည်။

ယခုနှစ် ကျွန်တော်တို့ကျောင်းက သာမန်ဘွဲ့ကျောင်းသား ၁၃၃၈ ယောက်၊ မဟာဘွဲ့လွန်ကျောင်းသား ၈၄၁ ယောက်၊ ပါရဂူဘွဲ့လွန်ကျောင်းသား ၉၉ ယောက်ကို ရွေးချယ်လက်ခံထားပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC