Beijing Foreign 

Studies University

GIVING TO BFSU

发布时间:2019-05-15

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ပညာရေးရံပုံငွေအဖွဲ့သည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မှတ်ပုံတင်တည်ထောင်ခဲ့ပြီး၊ Non-Public Offering ရံပုံငွေအဖွဲ့ ဖြစ်ပါသည်။ ရံပုံငွေအဖွဲ့၏ နောက်ဆုံးရည်ရွယ်ချက်မှာ အလှူငွေများကို ကျောင်းကြီးဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ သင်ကြားရေးဆုနှင့် ပညာသင်ထောက်ပံ့ရေးများ ချီးမြှင့်ပါသည်။ ရံပုံငွေအဖွဲ့မှာ ပြည်တွင်းပြည်ပ ပရဟိတအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းကြီးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တသီးပုဂ္ဂလတို့မှ မိမိတို့ဆန္ဒအလျှောက် လှူဒါန်းမှုများကို လက်ခံလျက်ရှိပါသည်။  ရံပုံငွေအဖွဲ့၏ ပစ္စည်းဥစ္စာများကို ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ရန်အတွက် အသုံးချပြီး၊ ပညာသင်ကြားရေး၊ ပတ်ဝန်းကျင်နှင့် ပညာသင်ကြားရေး အခြေအနေများ တိုးတက်ကောင်းမွန်အောင် ပြုလုပ်လျက်ရှိပါသည်။ ယင်းတို့မှာ ထူးချွန်သော ကျောင်းသားများနှင့် ဆရာများကို ဆုချီးမြှင့်ခြင်း၊ အခြေခံသုတေသနလုပ်ငန်းများကို ငွေကြေး ထောက်ပံ့ခြင်း၊ ပညာရေး သုတေသနနှင့် စာပေလက်ရာများ ပုံနှိပ်ထုတ်ဝေခြင်း၊ ကျောင်းသားများ နိုင်ငံတကာ နှီးနှောဖလှယ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ရာ၌ ငွေကြေးပံ့ပိုးပေးခြင်း၊ ဆရာများ နိုင်ငံခြားသွားရောက်၍ ပညာဆက်လက်ဆည်းပူးခြင်းနှင့် နိုင်ငံတကာပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပါဝင်နိုင်ရေး၊ နိုင်ငံတကာ ပညာရပ်ဆိုင်ရာအစည်းအဝေးပွဲများအတွက် ငွေကြေးပံ့ပိုးပေးခြင်း၊ အထူးသတ်မှတ် ထားသော ပရောဂျက်များအတွက် အလှူရှင်ဆန္ဒနှင့် သဘောထားညွှန်ကြားချက်အရ ပံ့ပိုးပေးခြင်းတို့ဖြစ်ပါသည်။

ရံပုံငွေအဖွဲ့မှ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းကြီးများ၊ လုပ်ငန်းဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်ကြီးများ၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံပေးရေးနှင့် အကူအညီများကို ဖြူစင်သောစိတ်ရင်းသဘောထားဖြင့် မျှော်လင့်လျက်ရှိပါသည်။

ဆက်သွယ်ရန် –

Contact Number  : 0086-10-88810271,  0086-10-88817794

Fax :  0086-10-88810192

E-mail :  jjh@bfsu.edu.cn

Website :  jjh.bfsu.edu.cn

Address :  No.(2), Haidian District, Beijing West, Third Ring Road, Beijing Foreign Studies University, Arabic Language Building, 5th Floor, 501 A, 501 B, 501 D.

Postal Code : 100089


လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC