အချိန်ပြည့်ဘွဲ့သင်တန်းများ
၁။ Bachelor(ရိုးရိုး)ဘွဲ့သင်တန်းများ၏သင်တန်းကာလကြာမြင့်ချိန်မှာ ၄ နှစ်ဖြစ်သည်။ ကျောင်း၏စံသတ်မှတ်ညွှန်ကြားချက်များနှင့်အညီ သင်ရိုးပြီးမြောက်အောင်မြင်၍စာတမ်းပြုစုဖြေဆိုမှု(Thesis Defence)အောင်မြင်ပါက တက္ကသိုလ်အောင်လက်မှတ်ရမည်ဖြစ်ပြီး ရိုးရိုးဘွဲ့အရည်အချင်းသတ်မှတ်ချက်နှင့်ကိုက်ညီပါက Bachelor ဘွဲ့လက်မှတ်ရရှိမည်ဖြစ်သည်။
၂။ မဟာဘွဲ့သင်တန်းများ၏သင်တန်းကာလကိုအထူးပြုဘာသာအလိုက်၂ နှစ်(သို့) ၃ နှစ်သတ်မှတ်ထားပါသည်။သင်ရိုးပြီးမြောက်အောင်မြင်ကာ စာတမ်းပြည့်စုံအောင်ရေးသားနိုင်ပြီး စာတမ်းပြုစုဖြေဆိုမှု(Thesis Defence) အောင်မြင်ပါကတက္ကသိုလ်အောင်လက်မှတ်နှင့် မဟာဘွဲ့လက်မှတ်ရရှိမည်ဖြစ်သည်။
၃။ ပါရဂူဘွဲ့သင်တန်းများ၏ပညာသင်နှစ်မှာ ၃ နှစ် ဖြစ်ပါသည်။သင်ရိုးပြီးမြောက်အောင်မြင်ကာသိပံ္ပသုတေသနမှာ အတိုင်းတာတစ်ခုထိအောင်မြင်မှုရှိရမည်။ ပါရဂူဘွဲ့စာတမ်းပြီးဆုံးအောင် ရေးသားနိုင်ပြီးစာတမ်းပြုစုဖြေဆိုမှု(Thesis Defence) အောင်မြင်ပါကတက္ကသိုလ်အောင်လက်မှတ်နှင့်ပါရဂူဘွဲ့လက်မှတ်ရရှိမည်ဖြစ်သည်။