Beijing Foreign 

Studies University

မာက်စ်ဝါဒပညာကောလိပ်

发布时间:2019-05-15

မာက်စ်ဝါဒပညာကောလိပ်သည် စက်တင်ဘာလ ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ ယင်း၏မူရင်းအမည်မှာ “ဒဿနဗေဒ နှင့် လူမှုရေးသိပ္ပံကောလိပ်”ဖြစ်၍ ဇွန်လ ၂၀၁၄ ခုနှစ်တွင် “မာက်စ်ဝါဒပညာကောလိပ်”အဖြစ် အမည်ပြောင်းခဲ့ပါသည်။ လူမှုရေးသိပ္ပံပညာရပ်ဌာနဖြစ်သော ကျွန်ုပ်တို့မာက်စ်ဝါဒပညာကောလိပ်သည် နှစ်ပေါင်း (၃၀)နီးပါး သက်တမ်းရှိပြီဖြစ်ပါသည်။

ကျွန်ုပ်တို့ကောလိပ်၏ ခေါင်းဆောင်ပိုင်းကို ပါတီအထွေထွေဌာနခွဲနှင့် ကောလိပ်အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး လက်အောက်ခံအဖြစ် ပညာရှင်များကော်မတီနှင့် လုပ်ငန်းဆောင်ရွက်ရေးကော်မတီများ ဖွဲ့စည်း ထားရှိပါသည်။ ကျွန်ုပ်တို့ကောလိပ်တွင် သင်ကြားရေးနှင့် သုတေသနပြုရေးအခန်း (ဌာန) ၅-ခု၊ သုတေသနပြုခန်း (စင်တာ) ၄-ခု၊ ရည်ညွှန်းစာအုပ်ထားသို ခန်း ၁-ခန်းနှင့် အုပ်ချုပ်ရေးရုံးခန်းတို့ ထားရှိပါသည်။ ကျွန်ုပ်တို့ကောလိပ်၏ အဓိကလုပ်ငန်းတာဝန်မှာ တက္ကသိုလ်တစ်ခုလုံးရှိ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့ကျောင်းသားများအတွက် နိုင်ငံရေးသဘောတရား အခြေခံအတွေးအခေါ်များ သင်ကြားပေးရေး၊ ကျောင်းရှိကျောင်းသားများအတွက် အထွေထွေပညာရေး ရည်မှန်းချက်ဖြင့် မသင်မနေရရွေးချယ်ဘာသာရပ် ပြဌာန်းပေး (Selective compulsory course) ပြဋ္ဌာန်းပေးရေးတို့ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ကောလိပ်တွင် ယခုလက်ရှိ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ အထူးပြုဘာသာရပ်နှင့် နိုင်ငံတကာ ကွန်မြူနစ်ဝါဒ လှုပ်ရှားမှု အထူးပြုဘာသာရပ် တို့အတွက် ဘွဲ့လွန်ပညာသင်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေး ယဉ်ကျေးမှု၊ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ဘွဲ့လွန်ပညာသင်ကြားရေးတို့ တည်ထောင်ထားပါသည်။ ထို့အပြင် လူမှုရေး သိပ္ပံအထူးပြုနှင့် နိုင်ငံခြားယဉ်ကျေးမှု ဆက်ဆံရေးအထူးပြု ဘွဲ့လွန်ကျောင်းသားအနည်းငယ်ကိုလည်း ပျိုးထောင်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့ကောလိပ်တွင် သင်ကြားရေး ၀န်ထမ်း စုစုပေါင်း (၁၆)ဦးရှိရာ၊ ယင်းတို့အနက် ကထိက (၂)ဦး၊ လက်ထောက်ကထိက (၆)ဦး၊ သရုပ်ပြဆရာ (၆)ဦး အပြင် အုပ်ချုပ်ရေးပုဂ္ဂိုလ် (၁)ဦးတို့ ပါဝင်ပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC