Beijing Foreign 

Studies University

အင်တာနက် နှင့် အွန်လိုင်း ဆက်လက်ပညာသင်ကြားရေး ကောလိပ်

发布时间:2019-05-15

အင်တာနက်နှင့်  အွန်လိုင်း ပညာသင်ကြားရေး ဌာနအား (၂၀၁၃)ခုနှစ်တွင် စတင် တည်ထောင် ခဲ့သည်။ ဆက်လက်ပညာသင်ကြားရေးကောလိပ်၊  မွမ်းမံသင်တန်းကျောင်း ၊ အွန်လိုင်း ပညာရေး ဌာနနှင့် Education Development Training Center စသည့် ဌာန လေးခုတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယခုအခါ  ဌာနတွင် တာဝန်ထမ်းဆောင်နေသော ဆရာပေါင်း (၁၁၅)ဦး ရှိပြီး၊ ထိုအတွင်းမှ ပုံမှန် တာဝန် ထမ်းဆောင်သော ဆရာ(၂၆)ဦး ရှိပြီး၊ ရုံးတာဝန် ထမ်းဆောင်သူ (၂၀)ဦးနှင့်၊ ပြင်ပမှ ခေါ်ယူ ထာသော ၀န်ထမ်း (၆၉)ဦး ရှိသည်။

ဌာနသည် ပညာရေးဝန်ကြီးဌာနမှ မတည်ငွေ ပေးအပ်သော နိုင်ငံခြားသို့ ပညာတော်သင် စေလွတ်၍ မွမ်းမံ သင်တန်းများ သွားရောက် သင်ယူသည့် ဌာန ၊ပညာရေး ၀န်ကြီးဌာန၏ စာမေးပွဲဖြေဆိုမှုဌာန အား တိုက်ရိုက် အုပ်ချုပ်သော ပီကင်းနိုင်ငံခြား ဘာသာ တက္ကသိုလ် စာမေးပွဲ ဖြေဆိုဌာန စသည်တို့မရှိပါ။ ဤဌာနသည် ပညာရေး ၀န်ကြီးဌာန၏ တရုတ်နိုင်ငံ ပညာတော်သင် ၀န်ဆောင်မှုဌာန၏ ခွင့်ပြုမှု ရရှိသော မိမိ၏ ကုန်ကျစရိတ်ဖြင့် ပညာတော်သင် တက်ရောက် သင်ကြားရေး ဌာန ဖြစ်သည်။ ဌာန၏ အကြီးတန်း အဆင့်မြင့်ဘွဲ့ ပေးအပ်သော ပညာရေး စနစ်သည် အရည်အသွေးကို ဦးစားပေးသော ကျောင်း၏ ဖွဲ့စည်းပုံ စနစ်အား ဦးထိပ်ထား၍ ၊ နှစ်စဉ် ကျောင်းသား ဦးရေ (၂၀၀)ဦးသာ လက်ခံ သင်ကြားပြီး၊ သင်တန်းပြီး ကျောင်းသားများ၏ နိုင်ငံခြား ဘာသာစကား အရည်အသွေးနှင့် အသုံးပြုနိုင်မှုများမှာ ၀န်ထမ်း ခေါ်ယူသော အဖွဲ့အစည်း ဌာနများ၏ ချီးမွမ်း ဂုဏ်ပြုမှုများ ကိုသာ ရရှိခဲ့သည်။ ဌာန၏ အင်တာနက် နည်းပညာဆိုင်ရာ ဘွဲ့ပေး ပညာရေးဌာနသည် ဆန်းသစ်သော ပညာသင်ကြားမှု သီအိုရီများနှင့် သင်ကြားမှု နည်းပညာရပ်များကို ပေါင်းစပ် ထားသည့် အတွက်၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားဘာသာ အွန်လိုင်း ပညာသင် စနစ်တွင် ထူးချွန်သော အမှတ်တံဆိတ် တခုအဖြစ် ရပ်တည် နိုင်ခဲ့ပြီး၊ အင်္ဂလိပ်ဘာသာစကား၊ စီင်္းပွားေ၇း စီမံ ခန့်ခွဲမှုပညာ၊ စားရင်းအင်းပညာ၊ ဘဏ္ဍာရေး ၊ အွန်လိုင်း စီးပွားရေး ပညာရပ်၊ သတင်း အချက်အလက် စီမံခန့်ခွဲမှုနှင့်  သတင်း အချက်အလက် ခွဲခြမ်း စိတ်ဖြာသော ပညာရပ်၊ နိုင်ငံတကာ စီးပွား ကုန်သွယ်မှု စသည့် ဘာသာရပ် (၇)ခုအား ဖွင့်လှစ်ထားပြီး၊ တက်ရောက် ပညာ သင်ကြားနေသော ကျောင်းသူ ကျောင်းသားပေါင်း (၄၅၀၀၀)ကျော် ရှိသည်။ ဤဌာနသည် ရဲဝန်ထမ်းဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ တရုတ်နိုင်ငံ မိုးလေ၀သဌာန၊ China Bank၊ China Construction Bank၊ China National Petroleum Corporation ၊ China Southern Airlines စသည့် နိုင်ငံတော်၏ ၀န်ကြီးဌာနများ နှင့် နိုင်ငံတော်မှ ဆောင်ရွက်သော လုပ်ငန်း (၂၀)ကျော် တို့နှင့် လက်တွဲ၍ နိုင်ငံတကာ အဆင့်မှီ ထူးချွန် လူငယ်များကို မွေးထုတ်ပေးရန် သဘော တူညီမှု ရယူ ထားသည်။ ထို့ကြောင့် နှစ်စဉ်ပင်  သဘောတူညီမှု ရယူ ထားသော ဌာနများအတွက် ထူးချွန် လူငယ်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ဌာန၏ လုပ်ငန်းများတွင် နိုင်ငံခြားသားများအား တရုတ် သာသာစကား မွမ်းမံ သင်ကြားမှုနှင့် လူမှု ပတ်ဝန်းကျင် မွမ်းမံ သင်ကြားရေး တာဝန်များလည်း ပါဝင်သည်။

အင်တာနက်နှင် အွန်လိုင်း ဆက်လက်ပညာသင်ကြားရေးကောလိပ် ၏ ကျောင်းတည်ထောင်မှု စနစ်တွင် ဘွဲ့အပ်နှင်းသော ပညာ သင်ကြားရေး စနစ်နှင့် ဘွဲ့ပေးအပ်ခြင်း မရှိသော ပညာ သင်ကြားရေး စနစ်ဟူ၍ နှစ်ပိုင်း ခွဲထား သော်လည်း လူမှု ပတ်ဝန်းကျင်အား အကျိုးပြုရေးကိုသာ ပထမ ဦးတည်ချက် အဖြစ်ထား ရှိသော ကျောင်းဖွဲ့စည်းမှုသာ ဖြစ်သည်။  နိုင်ငံတော်၏ စုပေါင်း ကျောင်းသာ ခေါ်ယူသောဌာမှ လွဲ၍ အခြား လိုအပ်ချက်များကို ဖြည့်စွက်ပေးသည့် ပီကင်းနိုင်ငံခြား သာသာ တက္ကသိုလ်၏ လူမှု ပတ်ဝန်းကျင်သို့ ၀န်ဆောင်မှု ပေးသော ဌာနတစ်ခုပင် ဖြစ်သည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC