Beijing Foreign 

Studies University

နိုင်ငံတကာဆက်ဆံရေးကောလိပ်

发布时间:2019-05-15

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးကောလိပ်ကို ၂၀၀၆ ခုနှစ်တွင် သံတမန်ရေးအထူးပြုဘာသာနှင့် နိုင်ငံတကာပြဿနာသုတေသနဌာနတို့မှ ပူးပေါင်းဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးဟောင်းလိကျောက်ရှင်(Li Zhao Xing) မှာ နိုင်ငံတကာဆက်ဆံရေးကောလိပ်ကျောင်း၏ ဂုဏ်ထူးဆောင် ကောလိပ်ကျောင်းအုပ် ဖြစ်ပါသည်။ ကျောင်းတွင် သံတမန်ရေးရာအထူးပြုဘာသာဌာန၊ ကမ္ဘာ့နိုင်ငံရေးအထူးပြု ဘာသာဌာန၊ နိုင်ငံရေးသိပ္ပံနှင့်စီမံခန့်ခွဲရေး အထူးပြုဘာသာဌာန ၊ နိုင်ငံတကာပြဿနာ သုတေသနဌာန၊ International Forum ဂျာနယ် အယ်ဒီတာရုံး ၊ The Center for Gender and Global Studies၊ အရှေ့တိုင်းနိုင်ငံများနှင့် အနောက်တိုင်း နိုင်ငံများ၏ဆက်ဆံရေး သုတေသနဗဟို၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ သုတေသနဗဟိုနှင့် Public Diplomacy သုတေသနဌာနများ ရှိပါသည်။ ၂၀၀၉ခုနှစ်တွင် နိုင်ငံတကာဆက်ဆံရေးကောလိပ်မှ ဦးစီးကျင်းပသော “ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ___  China Trade Promotion Association”တွင် ကျောင်းပြင်ပလက်တွေ့ဆင်း သုတေသနဖောင်ဒေးရှင်းမှာ ပေကျင်းမြို့ ကျောင်းပြင်ပလူရည်ချွန်များ ပြုစုပျိုးထောင်ပေးနိုင်သော ဖောင်ဒေးရှင်းကြီးဟု သတ်မှတ်ခံရပါ သည်။

ကျောင်းတွင် ဆရာ/ဆရာမအင်အား (၂၅) ဦး ရှိပါသည်။ ၎င်းတို့အနက် အချိန်ပြည့်ဆရာ/ ဆရာမများဖြစ်သော ပါမောက္ခ (၅) ဦး ၊ လက်ထောက်ပါမောက္ခ (၁၂) ဦးရှိပြီး ၈၀% မှာ ပါရဂူဘွဲ့ရရှိပြီးသူများ ဖြစ်သည့်အပြင် ၅၀ % မှာ တစ်နှစ်နှင့်အထက် နိုင်ငံခြားသို့သွားရောက် ပညာသင်ကြားဖူးသူများဖြစ်သည်။ ထို့အပြင် ကောလိပ်ကျောင်းမှ ရက်ရှည်ဖိတ်ကြားထားသော နိုင်ငံခြားပညာရှင် (၂) ဦး ၊ ရက်တိုဖိတ်ကြားထားသော နိုင်ငံခြားပညာရှင်များ၊ အချိန်ပိုင်းဆရာများ၊ ဧည့်ပါမောက္ခများ၊ ကျောင်းတွင်းရှိအခြား အထူးပြုဘာသာရပ်များမှ သက်ဆိုင်ရာ ကျွမ်းကျင်အဆင့် ဆရာ/ဆရာမများနှင့် နိုင်ငံခြားရေးရာလုပ်ငန်းများ သံတမန်ရေးရာလုပ်ငန်းများတွင် တာဝန်ထမ်း ဆောင်နေသော BFSU ကျောင်းသားဟောင်းများလည်း ရှိပါသေးသည်။

နိုင်ငံတကာဆက်ဆံရေးကောလိပ်မှာ နိုင်ငံရေးနှင့်သက်ဆိုင်သော အထူးပြုဘာသာရပ်များ အား မဟာဝိဇ္ဇာဘွဲ့ အပ်နှင်းပိုင်ခွင့်ရရှိပြီး ၎င်းအထူးပြုဘာသာရပ်များမှာ Chinese and foreign political systems ၊ နိုင်ငံတကာဆက်ဆံရေး ၊ နိုင်ငံတကာနိုင်ငံရေးသိပံ္ပ ၊ သံတမန်ရေးရာ ၊ ဒေသဆိုင်ရာလေ့လာမှု ၊ Public Diplomacy ဟူ၍ (၆) မျိုးရှိသည့် တစ်ပြိုင်တည်းမှာပင် နိုင်ငံတကာဆက်ဆံရေးအထူးပြုဘာသာရပ်နှင့် ဒေသဆိုင်ရာလေ့လာမှု (regional studies) အထူးပြုဘာသာရပ်များသည် ပါရဂူဘွဲ့အပ်နှင်းပိုင်ခွင့်ရှိသောကြောင့် ရိုးရိုး(Bachelor)ဘွဲ့မှ ဘွဲ့လွန်ပါရဂူဘွဲ့အထိ တက်ရောက်နိုင်သည့် လူတော်လူကောင်းများပြုစုပျိုးထောင်ပေးသော ကောင်းမွန်ပြည့်စုံသည့် ပညာသင်ကြားရေးစနစ်များရှိပါသည်။ ၂၀၁၄ ခုနှစ်တွင် ပေကျင်းနိုင်ငံခြား ဘာသာတက္ကသိုလ်၏ ခွင့်ပြုချက်အရ ကျောင်းတွင် နိုင်ငံရေးသိပ္ပံနှင့်စီမံခန့်ခွဲရေး အထူးပြု ဘာသာရပ်ဖွင့်လှစ်ကာ ရိုးရိုး(Bachelor) ဘွဲ့သင်တန်းသားများ ခေါ်ယူလက်ခံခဲ့ပါသည်။ ယခုအခါ နှစ်စဉ်  ကျောင်းသားသစ်ခေါ်ယူလက်ခံသောအစီအစဉ်မှာ  ရိုးရိုး(Bachelor)ဘွဲ့သင်တန်းတွင် တရုတ်ကျောင်းသား/သူ (၉၆) ယောက်နှင့် နိုင်ငံခြားပညာတော်သင် (၁၅) ယောက်မှ (၂၀) ယောက်အထိ ၊ မဟာဝိဇ္ဇာဘွဲသင်တန်းတွင်  (၄၀) ယောက် မှ (၄၅) ယောက်အထိနှင့် နိုင်ငံခြားပညာတော်သင် (၁၅) ယောက် မှ (၂၀) ယောက်အထိ၊ ပါရဂူဘွဲ့သင်တန်းသား (၄) ယောက် မှ (၆) ယောက်အထိနှင့် ရိုးရိုး(Bachelor)ဘွဲ့နှစ်ခုကို တပြိုင်တည်းသင်ယူသူ  (၃၅) ယောက် မှ (၄၀) ယောက်အထိ ဖြစ်ပါသည်။

သင်ကြားပို့ချသော ဘာသာရပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ နိုင်ငံတကာဆက်ဆံရေးကောလိပ် မှာ အထူးပြုဘာသာကို လေ့လာသင်ယူသည့််အပြင် နိုင်ငံခြားဘာသာစကားကိုလည်း သင်ယူ လေ့လာရမည်ဟူသော BFSU၏ ထူးခြားချက်၊ အားသာချက်များနှင့်အညီ သင်ကြားပို့ချရေး စနစ်များကို အလေးထားဆောင်ရွက်ပါသည်။ ရိုးရိုး(Bachelor) ဘွဲ့သင်တန်းများ၏ အထူးပြုဘာသာရပ်များကို သင်ကြားပို့ချသည့် ဘာသာစကားအရ (၃) မျိုးခွဲထားရာ ၎င်းတို့မှာ တရုတ်စာ၊  Bilingualနှင့် အင်္ဂလိပ်စာ တို့ဖြစ်ပါသည်။ ကျောင်းမှ ကျောင်းသားများအား အင်္ဂလိပ်ဘာသာစာပေဘွဲ့နှင့်အတူ နှစ်ထပ်ကွမ်းBachelorဘွဲ့ရယူရန်နှင့် အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲကို ကျွမ်းကျင်အဆင့်  Level 8 ရယူရန် တောင်းဆိုထားပါသည်။ ပညာသင်ကာလ ပြီးဆုံးသောအခါတွင် နိုင်ငံတော်ကောင်စီ(The State Council) မှပေးအပ်သော ဥပဒေဆိုင်ရာ Bachelorဘွဲ့ကို ရရှိမည့်အပြင် ကျောင်းမှပေးအပ်သော ဥပဒေဘွဲ့နှင့် စာပေဘွဲ့ နှစ်ထပ်ကွမ်း Bachelorဘွဲ့ကိုရရှိမည်ဖြစ်ပါသည်။ မဟာဝိဇ္ဇာသင်တန်းများတွင်ပို့ချသောဘာသာရပ်များကိုမူ “နိုင်ငံတကာ မဟာဝိဇ္ဇာဘွဲ့”အစီအစဉ်အား အကောင်အထည်ဖော်နိုင်စေရန် ရာနှုန်းပြည့် အင်္ဂလိပ်ဘာသာစကားဖြင့်သာသင်ကြားပို့ချပါသည်။

နိုင်ငံတကာဆက်ဆံရေးကောလိပ်တွင် ပြည်တွင်းပြည်ပအဆင့်မြင့်တက္ကသိုလ် ဆယ်ကျောင်း ကျော်နှင့် ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုများရှိပါသည်။ ၎င်းတို့အနက် အမေရိကန် ဟာဝိုင်ယီတက္ကသိုလ်နှင့် ပူးပေါင်းဖွင့်လှစ်သည့် “3+2” အစီအအစဉ်မှာ ၀ိဇ္ဇာဘွဲ့မှမဟာဘွဲ့တစ်ဆက်တည်း သင်ကြားနိုင်သောအစီအစဉ်ဖြစ်ပြီး၊ အမေရိကန်ဒန်ဗာတက္ကသိုလ် (the University of Denver)၊ အင်္ဂလန်နိုင်ငံ လန်ကက်စ်တက်တက္ကသိုလ် (Lancaster University)၊ ရုရှားနိုင်ငံ ပြည်သူ့ချစ်ကြည်ရေးတက္ကသိုလ်(Peoples’ Friendship University)တို့နှင့်ပူးပေါင်း၍ နှစ်ထပ်ကွမ်းမဟာဘွဲ့ အစီအစဉ်များလည်း ဆောင်ရွက်လျက်ရှိပါသည်။ ထိုင်ဝမ်ရှိ National Chengchi University ၊ National Chung Cheng University၊ National Taiwan Normal Universityတို့နှင့်ပူးပေါင်း၍မွမ်းမံသင်တန်းများ ဖွင့်လှစ်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြား၌ရှိသောပညာရပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးဖလှယ်မှုများရှိပြီး နှစ်စဉ် ဆရာ/ဆရာမများကို နိုင်ငံခြားသို့စေလွှတ်၍ သင်ယူဆည်းပူးလေ့လာမှုများ၊ ဆွေးနွေးဖလှယ်မှုများ ရှိရာ နိုင်ငံခြားပညာရှင်အမြောက်အမြားကလည်း BFSU နိုင်ငံတကာဆက်ဆံရေးကောလိပ်သို့ လာရောက် လေ့လာဆွေးနွေးခြင်းများအဆက်မပြတ်ရှိပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC