Beijing Foreign 

Studies University

ပြင်သစ်ဘာသာဌာန

发布时间:2019-05-15

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ပြင်သစ်ဘာသာဌာန၏ မူလကနဦးမှာ ပေကျင်းနိုင်ငံခြားဘာသာသင်ကျောင်း ပြင်သစ်ဘာသာအဖွဲ့ဖြစ်ပြီး၊ ယင်းကို ၁၉၅၀ ခုနှစ် မတ်လတွင် တည်ထောင်ခဲ့ပါသည်။ ၎င်းသည် နိုင်ငံတော်အဆင့် အထူးပြုသင်ကြားရေးဌာနနှင့်  ပေကျင်းမြို့၏ အရေးပါသောပညာရပ်သင်ကြားရေးဖြစ်ပြီး  ၊  ဘွဲ့ကြို ၊  ဘွဲ့လွန် ၊  ပါရဂူ  ဟူသောအဆင့်(၃)ဆင့် ခွဲ၍ ဘွဲ့ချီးမြှင့်ခွင့်ရှိကာ၊  နိုင်ငံတော်ပြင်သစ်ဘာသာပြန်  မဟာဝိဇ္ဖာဘွဲ့ (MTI) ချီးမြှင့်ရာဌာနလည်း ဖြစ်ပါသည်။

ပြင်သစ်ဘာသာဌာနမှ ဦးစီးထုတ်ဝေသော “ပြင်သစ်ဘာသာသင်ယူရေး” မဂ္ဂဇင်းကို ၁၉၈၀ ခုနှစ်တွင် စတင်ထုတ်ဝေ၍ တရုတ်နိုင်ငံ ပြင်သစ်ဘာသာလောကတွင် ပထမဦးဆုံး နိုင်ငံအနှံ့ထုတ်ဝေသော ပညာရပ်ဆိုင်ရာ မဂ္ဂဇင်းဖြစ်သည့်အပြင်၊ ကျယ်ပြန့်နက်ရှိုင်းစွာ သြဇာရှိသော မဂ္ဂဇင်းလည်းဖြစ်ပါသည်။ ထို့အပြင် ပြင်သစ်ဘာသာဌာနသည် ပြင်သစ်စကားပြောနိုင်ငံများနှင့် ဒေသများသုတေသနစင်တာ၊ ဆွီဒင်သုတေသနစင်တာ၊ ဘယ်ဂျီယမ် သုတေသနစင်တာ၊ ကက်ဘက် (Quehec) သုတေသနစင်တာတို့ တည်ထောင်ထားရှိပြီး၊ ၂၀၁၅ ခုနှစ်တွင် “ပြင်သစ်ဘာသာစကား ပြောနိုင်ငံများနှင့် ဒေသများ သုတေသန”ဟူသော မဂ္ဂဇင်း ထုတ်ဝေခဲ့ပါသည်။

ပြင်သစ်ဘာသာဌာနတွင် နိုင်ငံခြားဘာသာစကားစွမ်းရည်မြင့်မားသော ပညာရပ်ဆိုင်ရာ အသိပညာဗဟုသုတ ကျွမ်းကျင်မှုပြည့်ဝသော၊ ပညာသင်ကြားရေးလုပ်ငန်းကို ချစ်မြတ်နိုးသော ဆရာများအဖွဲ့ ရှိပါသည်။ ယခုလက်ရှိတွင် အချိန်ပြည့်ဆရာ (၂၄)ဦး ရှိသည့်အနက် ကထိက (၅)ဦး၊ လက်ထောက်ကထိက (၈)ဦး၊ သရုပ်ပြဆရာ (၁၁)ဦး၊ ပါရဂူဘွဲ့ရဆရာ (၁၅)ဦးတို့ ရှိပါသည်။ ၎င်းတို့သည် ဘာသာဗေဒ၊ စာပေပညာ၊ ဘာသာပြန်သုတေသနနှင့် ဒေသနိုင်ငံအသီးသီး သုတေသနပညာဟူသော ပညာရပ် (၄)မျိုးစလုံး ကျွမ်းကျင်ကာ၊ အားသာချက်ကိုယ်စီဖြင့် ပညာတတ်ကျွမ်းမှုနှင့် သင်ကြားရေးအရည်အသွေးများမြင့်ကြပြီး၊ အင်အားတောင့်တင်းခိုင်မာသော ဆရာ/ဆရာမ အရင်းအမြစ်များ ဖြစ်ကြပါသည်။ ထို့အပြင် ပြင်သစ်ဘာသာဌာနသည် နှစ်စဉ် ပြင်သစ်နိုင်ငံမှ ကျွမ်းကျင်သူနှစ်ဦး ဖိတ်ခေါ်ခန့်ထားသည့်အပြင်၊ ဘယ်ဂျီယမ်ပြင်သစ်ကားပြောဒေသကြီးမှလည်း ဆရာတစ်ဦး စေလွှတ်ပေးပို့ခြင်းကို လက်ခံရရှိပါသည်။

ပြင်သစ်ဘာသာဌာနသည် ဆယ်စုနှစ် အတော်များများတိုင်အောင် ထူးချွန်ကောင်းမွန်သော ပညာရေးဓလေ့ထုံးစံများကို အစဉ်တစိုက် ထိန်းသိမ်းကာ၊ အခြေခံအဆင့် သင်ကြားရေး အလေးပေး၍ ကျောင်းသားများ၏ နားထောင်၊ အပြော၊ အဖတ်၊ အရေး၊ ဘာသာပြန်စွမ်းရည်များကို အခြေခံခိုင်ခိုင် သင်ကြားတတ်မြောက်ရေးကို အာရုံစိုက်လျက်၊ ပျိုးထောင်သင်ကြားရေး နည်းလမ်းများနှင့် သင်ရိုးညွှန်းတမ်း သတ်မှတ်မှုများကို အစဉ်တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်လျက်ရှိပါသည်။ ကျွမ်းကျင်အရည်သွေးသင်ခန်းစာ (Professional skills course)နှင့် ကျွမ်းကျင်ဗဟုသုတသင်ခန်းစာ (Professional knowledge course)များမှာ ပိုမိုကောင်းမွန်ပြည့်စုံ၍၊ ဘာသာစကားသင်ကြားမှုနှင့် ယဉ်ကျေးမှုဗဟုသုတများကို ထိရောက်သော စာသင်ခန်းအတွင်းတွင် ရောစပ်သင်ကြားနိုင်ရန် ကြိုးစားလျက်ရှိပါသည်။ ဘွဲ့ကြိုကျောင်းသား ပျိုးထောင်သင်ကြားရေးတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးဆောင်စံပြဖြစ်သော အားသာချက်ရှိကာ၊ စတုတ္ထနှင့် အဋ္ဌမအဆင့် စာမေးပွဲများတွင် ထူးခြားသောအောင်မြင်မှုများရှိသည့်အပြင်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်သော ပြင်သစ်ဘာသာယှဉ်ပြိုင်ပွဲများတွင် ရမှတ်ကောင်းများကို ကျွန်ုပ်တို့ဌာနမှ ကျောင်းသားများနှစ်စဉ်ရရှိကြပါသည်။

ကျွန်ုပ်တို့ အထူးပြုဘာသာရပ်မှ ပြင်သစ်ဘာသာစကား အခြေခံခိုင်မာသော၊ ပြင်သစ်စကားပြောနိုင်ငံများနှင့် ဒေသများ၏ နိုင်ငံအခြေအနေနှင့် ယဉ်ကျေးမှုများကို ကျွမ်းဝင်မှုရှိသော၊ လူ့အဖွဲ့အစည်း၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို လိုက်လျောညီထွေ ရင်ဆိုင်နိုင်ရန်လိုအပ်သော၊ အဆင့်မြင့်လူတော်လူကောင်းများကို မွေးထုတ်ပေးလျက်ရှိပါသည်။ ကျောင်းသားများ ဘွဲ့ရရှိပြီးနောက် ပြင်သစ်ဘာသာစကားကို ပိုင်နိုင်ကျွမ်းကျင်စွာ အသုံးချနိုင်သောကြောင့် နိုင်ငံခြားဆက်ဆံရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ သတင်းပြန်ကြားရေး၊ ပညာရေး၊ ခရီးသွားလာရေး အစရှိသောဌာနများ၌ နိုင်ငံခြားဆက်ဆံရေး၊ ဘာသာပြန်၊ စီမံခန့်ခွဲရေးနှင့် ပညာရေးအစရှိသော အလုပ်များ တာဝန်ထမ်းဆောင်နိုင်မည့် အပြင်၊ သုတေသနနှင့် စပ်လျဉ်းသောလုပ်ငန်းများအတွက် အခြေခံအတတ်ပညာများလည်း တတ်မြောက်ကြပါသည်။

ပြင်သစ်ဘာသာဌာနသည် ပြင်သစ်နိုင်ငံ ပါရီနိုင်ငံရေးကောလိပ်၊ ပါရီအမှတ်(၃)တက္ကသိုလ်၊ ပါရီအမှတ်(၄)တက္ကသိုလ်၊ ကနေဒါနိုင်ငံ ကက်ဘက်တက္ကသိုလ် (University of Quebec)၊ လာဗေးတက္ကသိုလ် (Laval University)၊ ဘယ်ဂျီယံနိုင်ငံ “Free University of Burssels (VUB)၊ ဆွီဒင်နိုင်ငံ ဂျနီဗာတက္ကသိုလ် (University of Geneva) အစရှိသော နာမည်ကျော်နိုင်ငံခြား တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးထားပြီး၊ နှစ်စဉ်ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား (၃၀)ဦးမှ (၄၀)ဦးခန့်ထိ အဆိုပါ တက္ကသိုလ်များသို့ သွားရောက်ပညာသင်ယူကြပါသည်။

ပြင်သစ်ဘာသာဌာန ကျောင်းသားများ၏ အလုပ်အကိုင်ရရှိခြင်းအခြေအနေမှာ ကောင်းမွန်ပြီး၊ ကျောင်းသားများ၏ အခြေခံခိုင်မာသော ဘာသာစကားစွမ်းရည်နှင့် ဘက်စုံအရည်အချင်းများကြောင့် အလုပ်ခန့်ထားသော ဌာနများ၏ ကောင်းမွန်သောချီးကျူးမှုကို ရရှိကြပါသည်။ ဘွဲ့များရရှိသွားသောကျောင်းသားများသည် အဓိကအားဖြင့် နိုင်ငံခြားဆက်ဆံရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ နည်းပညာဝန်ကြီးဌာန အစရှိသော ဗဟိုအစိုးရဌာနဆိုင်ရာ ၀န်ကြီးဌာနများ၏ နိုင်ငံခြားဆက်ဆံရေး အဖွဲ့အစည်းများသာမက၊ စင်ဟွာ သတင်းဌာန၊ CCTV ရုပ်မြင်သံကြား၊ China Radio Interanational (CRI)၊ နာမည်ကျော် တက္ကသိုလ်အသီးသီးနှင့် သုတေသနဌာနများ၊ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နိုင်ငံခြားဆက်ဆံရေး၊ ပြင်သစ်စကားပြောနိုင်ငံများနှင့် ဒေသများသို့ ကုန်သွယ်ကူးသန်းရေးပြုလုပ်ကြသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ ပြည်သူပိုင်စီးပွားရေး လုပ်ငန်းများ စသည်တို့၌ အသီးသီးတာဝန် ထမ်းဆောင်ကြပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC