Beijing Foreign 

Studies University

ဥပဒေပညာကောလိပ်

发布时间:2019-05-15

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၊ ဥပဒေပညာကောလိပ်သည် ပေကျင်း နိုင်ငံခြားဘာသာတက္ကသိုလ်၊ အင်္ဂလိပ်ဘာသာကောလိပ်၏ ဥပဒေအထူးပြု ဘာသာရပ်အနေဖြင့် ကနဦးပေါ်ပေါက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် စတင် ကျောင်းသားစုဆောင်းကာ ၂၀၀၆ ခုနှစ်တွင် ဥပဒေပညာ ကောလိပ်အဖြစ် တရားဝင်တည်ထောင်ခဲ့ပါသည်။ ကျောင်းတွင် လက်ရှိ ဆရာ/ဆရာမ အင်အား (၃၅)ဦးရှိပြီး၊ ၎င်းတို့အနက် (၃၃)ဦးမှာ ပါရဂူဘွဲ့ရရှိထားသည့်အပြင်၊ ဆရာ/ဆရာမ (၃၂)ဦးတို့မှာ နိုင်ငံရပ်ခြားပညာတော်သင်အတွေ့အကြုံရှိပြီးသူများ ဖြစ်ကြပါသည်။ ၀ိဇ္ဇာဘွဲ့ပညာသင်ကျောင်းသား (၂၂၈)ဦး၊ မဟာဝိဇ္ဇာဘွဲ့ပညာသင်ကျောင်းသား (၁၀၅)ဦး၊ ဘာသာစကားအမျိုးမျိုးအား ဒုတိယဘွဲ့ အနေဖြင့် သင်ယူနေသောကျောင်းသား (၇၈)ဦးတို့ ပညာသင်ယူလျက်ရှိကြပြီး၊ ဥပဒေပညာ မဟာဝိဇ္ဇာဘွဲ့အတွက် ပထမတန်းစားဘာသာရပ်များရှိရာ ကောလိပ်လည်းဖြစ်ပါသည်။ ယခုလတ်တလောတွင် နိုင်ငံတကာကုန်သွယ်ရေး ဥပဒေပညာ၊ နိုင်ငံတကာဥပဒေ ပညာ၊ အသိပညာ အတတ်ပညာဆိုင်ရာ ရပိုင်ခွင့်ဥပဒေပညာ၊ တရားမနှင့် ကုန်သွယ်ရေးဥပဒေပညာတို့နှင့် ဥပဒေဖော်ဆောင်ထိန်းသိမ်းမှု ပူးပေါင်းဆောင်ရွက်ရေးပညာ (Law Enforcement Cooperation) စသည့်ပညာရပ်များအတွက် ဦးတည်၍ ကျောင်းသားစုဆောင်းလျက်ရှိပါ သည်။ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကြံပေးအဖွဲ့ဒုဥက္ကဌဟောင်း လောဟောက်ချိုက် (Luo Hao Cai) မှ ဥပဒေပညာကောလိပ်၏ ဂုဏ်ထူးဆောင်ဌာနမှူးအဖြစ် တာဝန်ယူထားပြီး၊ ပြည်သူ့အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီ (Standing Committee of the National People’s Congress) ဥက္ကဌ၊ နိုင်ငံတော်ပြည်သူ့တရားရုံးချုပ် (Supreme People’s Court) ခုံသမာဓိဥက္ကဌ၊ တရားသူကြီးမင်း “၀မ့်ဧည့်ဝှမ်း” (Wang E Xiang) မှ အကြီးအကဲပါမောက္ခအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။

ကျွန်ုပ်တို့ကောလိပ်၏ သင်ရိုးညွှန်းတမ်းများတွင် တရုတ်ဥပဒေဘာသာရပ် (နှစ်ဘာသာဖြင့်)၊ အင်္ဂလိပ်/အမေရိကန်ဥပဒေဘာသာရပ် (အင်္ဂလိပ်ဘာသာ) အင်္ဂလိပ်/အမေရိကန်  ဘာသာစကား နှင့် ယဉ်ကျေးမှုဘာသာရပ်၊ စီးပွားရေးပြဌာန်းချက်များ စသည်တို့ သိမ်းကြုံးပါဝင်သည်။ (၄)နှစ်တာ ရိုးရိုးဝိဇ္ဇာဘွဲ့ပညာသင်ကြားပြီးနောက် ကျောင်းသားများတွင် တရုတ်နိုင်ငံဥပဒေစနစ်များကို အခြေခံကျကျ ပိုင်နိုင်ကျွမ်းကျင်နိုင်ပြီး၊ အင်္ဂလိပ်/အမေရိကန် ဥပဒေများ ကိုလည်း စနစ်တကျ သဘောပေါက်နားလည်နိုင်၍ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေလက်တွေ့လုပ်ငန်းများကို အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့ကောလိပ်သည် ကိုလံဘီယာတက္ကသိုလ် ဥပဒေပညာကောလိပ်၊ ဂျော့ခ်ျတောင်း တက္ကသိုလ် (Gerogetown University) ဥပဒေပညာကောလိပ်၊ ပန်စီဗေးနီးယားပြည်နယ် တက္ကသိုလ် (The Pennsylvania State University) ဥပဒေပညာကောလိပ်၊ အင်္ဂလန်နိုင်ငံ Oxford Brooks တက္ကသိုလ် ဥပဒေပညာကောလိပ်၊ လန်ဒန်ဘောဂဗေဒနှင့် နိုင်ငံရေးသိပ္ပံ ကောလိပ် (The London School of Economics and Political Science) (ဥပဒေပညာရပ်)၊ သြစတေးလျ ကွင်းစလန်းတက္ကသိုလ် (The University of Queensland, Australia) ဥပဒေပညာ ကောလိပ်၊ မဲလ်ဘုန်းတက္ကသိုလ် (University of Melboume) ဥပဒေပညာကောလိပ်၊ The University of New South Wales ဥပဒေပညာကောလိပ်၊ Bond University ဥပဒေပညာကောလိပ်၊ တော်လတိုတက္ကသိုလ် (The University of Toledo) ဥပဒေပညာကောလိပ် အစရှိသော နာမည်ကျော်နိုင်ငံခြားတက္ကသိုလ်များ၏ ဥပဒေပညာကောလိပ်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးများ ထိန်းသိမ်းထားရှိပြီး၊ ကဏ္ဍအသီးသီး အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ကောလိပ်ရှိ ဆရာနှင့် ကျောင်းသားများအားလုံးကို အကျိုး ရှိစေပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC