Beijing Foreign 

Studies University

ရုရှားဘာသာကောလိပ်

发布时间:2019-05-15

ရုရှားဘာသာကောလိပ်သည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သမိုင်းတွင် သက်တမ်း အရှည်ဆုံးဌာနဖြစ်ပြီး ၁၉၄၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ရုရှားဘာသာကောလိပ်သည် ပါရဂူဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့ အပ်နှင်းနိုင်သော ဌာနဖြစ် သည့်အပြင် ပေကျင်းမြို့၏ အရေးပါအရာရောက်သောဘာသာရပ်ဖြစ်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလအထိ ၀ိဇ္ဇာဘွဲ့ကျောင်းသား (၂၈၄) ဦး၊ မဟာဝိဇ္ဇာဘွဲ့ကျောင်းသား (၄၆) ဦး၊ ပါရဂူဘွဲ့ကျောင်းသား (၂၁) ဦး၊ ပါရဂူဘွဲ့လွန်ပညာရှင်ကျောင်းသား (၆) ဦး၊ နိုင်ငံခြားသား ပညာတော်သင် (၅) ဦး၊ ပညာရေးဝန်ထမ်း (၂၃) ဦး ရှိပါသည်။ ၎င်းတို့အပြင် ဆရာ (၁၉)ဦး၊ အုပ်ချုပ်ရေး အကူဝန်ထမ်း (၄) ဦး၊ ပါရဂူဘွဲ့ပညာသင်ယူနေသော တက္ကသိုလ်ဆရာ (၅) ဦး၊ တက္ကသိုလ်ကထိက (၈) ဦး (ပါရဂူဘွဲ့ပညာသင်ယူသူများပါဝင်)၊ လက်ထောက်ကထိက (၈) ဦး၊ သရုပ်ပြဆရာ (၄) ဦး၊ နိုင်ငံခြားပညာရှင် (၁) ဦးတို့ပါဝင်ပါသည်။ ပညာရေး ၀န်ထမ်းများအနက် ပါရဂူဘွဲ့ရပုဂ္ဂိုလ် (၁၆) ဦး ပါဝင်သည့်အပြင်၊ ဆရာ (၅) ဦးမှာ နိုင်ငံတကာရုရှားဘာသာစကားလောက၏ အမြင့်ဆုံးဆုဖြစ်သည့် “Pushkin Prize” (တစ်နိုင်ငံလုံး အတိုင်းအတာဖြစ် လက်ရှိအချိန်အထိ (၂၀)ဦးသာရှိ)ဆုကို ရရှိခဲ့သူများ ဖြစ်သည်။ ဆရာများမှာလည်း ရုရှားနိုင်ငံ “သမ္မတဆု”၊ “ချစ်ကြည်ရေးဆု”၊ “Golgi စာပေပညာဆု” အစရှိသော အရေးပါအရာရောက်သည့် ဆုအသီးသီးကို အကြိမ်ကြိမ်ရရှိခဲ့ ပြီးသူများဖြစ်သည်။ ဆရာ/ကျောင်းသားများအဖွဲ့မှ ရေးသားပြုစုသော ရုရှားဘာသာအထူးပြု ပင်မသင်ရိုးညွှန်းတမ်းစာတမ်းမှာလည်း ပေကျင်းမြို့တွင် နိုင်ငံတော်အဆင့်ဆုကို ရရှိခဲ့ပြီး၊ တက္ကသိုလ်အများအပြားမှလည်း အဆိုပါ သင်ရိုးညွှန်းတမ်းကို အသုံးပြုလျက်ရှိပါသည်။

ရုရှားဘာသာကောလိပ်၏ ပညာသင်ကြားရေးနှင့် သုတေသနပြုရေး ဦးတည်ချက်များမှာ ဘာသာဗေဒ၊ စာပေအနုပညာ၊ ဘာသာပြန်ပညာ၊ ယဉ်ကျေးမှု၊ ဒေသဆိုင်ရာလေ့လာရေးပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာပညာရေး၊ ရုရှားဘောဂဗေဒ စသည်တို့ ဖြစ်ကြပါသည်။ ရုရှားဘာသာကောလိပ် သင်ကြားရေးတွင် လက်တွေ့၊ သဒ္ဒါ၊ နားထောင်မှု နားလည်နိုင်စွမ်း၊ ဖတ်ရှုမှု နားလည်နိုင်စွမ်း၊ ဘာသာပြန်စွမ်းရည် (စာဘာသာပြန်၊ နှုတ်ဘာသာပြန်)၊ အရေးအသား အစရှိသော ဘာသာစကားစွမ်းရည်ဖြည့် သင်ခန်းစာများ၊ ရုရှားပထ၀ီ၊ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ အနုပညာ၊ လူ့အဖွဲ့အစည်း၊ ဒေသလေ့လာရေးပညာ၊ ရုရှားကုန်သွယ်စီးပွားရေး၊ နိုင်ငံခြားဆက်ဆံရေး အစရှိသော အသက်မွေးဝမ်းကျောင်းအထူးပြုဘာသာရပ် သင်ရိုးညွှန်းတမ်းများ တည်ထောင်ထားရှိပါသည်။ မဟာဝိဇ္ဇာဘွဲ့သင်ကျောင်းသားများကို သဘောတရားသင်ယူမှုအမျိုးအစား (Academic Type) နှင့် အသုံးချသင်ယူမှုအမျိုးအစား (Application Type)ဟူ၍ ခွဲခြားထားပါသည်။ သဘောတရားသင်ယူမှုအမျိုးအစား (Academic Type)တွင် မဟာဝိဇ္ဇာဘွဲ့ကျောင်းသားနှင့် ပါရဂူဘွဲ့ကျောင်းသား ပျိုးထောင် သင်ကြားပေးသော ခေတ်သစ်ရုရှားဘာသာ၊ ရှရှားစာပေပညာ၊ လူ့အဖွဲ့အစည်း ယဉ်ကျေးမှုနှင့် ဒေသလေ့လာရေး (Areography) သင်ကြားမှုများ ပါဝင်သည်။

ဤကောလိပ်တွင် ထူးခြားပြောင်မြောက်သော ရုရှားဘာသာကျွမ်းကျင်သူများ ဖြစ်ထွန်းလာအောင် ပျိုးထောင်သင်ကြားပေးနိုင်သော အရည်အသွေးများရှိသည်။ ကျောင်းသား/ကျောင်းသူများ၏ အသက်မွေးဝမ်းကြောင်းပညာနှင့် စွမ်းရည်များပေါ်လွင် ပြောင်မြောက်မှုရှိသည့်အပြင် အဆင့် (၄)၊ အဆင့် (၈) ကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲများ၏ အောင်ချက်ရာခိုင်နှုန်းနှင့် ထူးချွန်မှုရာခိုင်နှုန်းများသည် တစ်နိုင်ငံလုံး အတိုင်းအတာ၏ ထိပ်ဆုံးရှိအဆင့်အတန်းများတွင် အမြဲရောက်ရှိနေပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်အသီးသီး၊ ကျောင်းအသီးသီး ပါဝင်ယှဉ်ပြိုင်သော ရုရှားဘာသာပြိုင်ပွဲများတွင် ကျွန်ုပ်တို့တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ကျောင်းသားနှင့် မဟာဝိဇ္ဇာဘွဲ့ကျောင်းသားများသည် အများအာရုံစိုက်ခံရသော အောင်မြင်မှုများရရှိလေ့ရှိပါသည်။ ထို့အတူ ပါရဂူဘွဲ့ ပျိုးထောင်သင်ကြားရေးအဆင့်တွင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအတွက် အရည်အသွေးမြင့်မားသော သင်ကြားပို့ချရေးဆရာနှင့် စီမံအုပ်ချုပ်ရေး လူတော်လူကောင်း အမြောက်အများကို ပြုစုပျိုးထောင် ပေးလျက်ရှိပါသည်။

တရုတ်နှင့် ရုရှား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုနှင့် နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ရုရှား ဘာသာအထူးပြုကျောင်းသား များ၏ အလုပ်အကိုင် အခွင့်အလမ်းဆက်တိုက်ပိုမိုကောင်းမွန်လာရာ၊ အောင်မြင်စွာ သင်ယူပြီးနောက် အလုပ်အကိုင်ရနိုင်မှုမှာ ၁၀၀% နီးပါးရှိပါသည်။ ကျောင်းသားများမှာလည်း ပညာစုံတတ်မြောက်ရေး (Diversification) သို့ ရှေးရှုကြပါသည်။ အလုပ်အကိုင်ရရှိကြသော ဌာနများမှာ အဓိကအားဖြင့် နိုင်ငံတော်အစိုးရဌာနဆိုင်ရာအသီးသီးနှင့် လုပ်ငန်းဌာနများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ တရုတ်နိုင်ငံအခြေစိုက် အကြီးစား ရုရှားစီးပွားရေးလုပ်ငန်းကြီးများ စသည်တို့ ဖြစ်ကြပါသည်။

ရုရှားဘာသာကောလိပ်သည် မော်စကိုတက္ကသိုလ် (Moscow State University)၊ မော်စကိုဘာသာစကားတက္ကသိုလ် (Moscow Language University)၊ မော်စကို နိုင်ငံတကာ ဆက်ဆံရေးတက္ကသိုလ် (Moscow International Relations University)၊ Pushkin Russian Academy၊ ရုရှားပြည်သူချစ်ကြည်ရေးတက္ကသိုလ် (People’s Friendship University of Russia)၊ စိန့်ပီတာဘတ်တက္ကသိုလ် (St Peterburg University) စသော တက္ကသိုလ်များနှင့် ကူးလူးဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုများ ရှိပါသည်။ အဆိုပါကျောင်းများသို့ ကျွန်ုပ်တို့ကောလိပ်မှ ကျောင်းသားနှင့် ဆရာများကို နှစ်စဉ်ပညာတော်သင်စေလွှတ်လေ့ရှိပါသည်။ ထို့အတူ ကျွန်ုပ်တို့ကောလိပ်မှလည်း နိုင်ငံရပ်ခြားမှ ၀ိဇ္ဇာဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့ ကျောင်းသားများလာရောက်၍ ရှရှားဘာသာ စကားသင်ယူမှုကိုလည်း လက်ခံသင်ကြားပေးလျက်ရှိပါသည်။

သမိုင်းအသစ်ကာလတွင် ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် အဆင့်မြှင့်တင်ရေး စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်၌ ကျွန်ုပ်တို့ကောလိပ်၏ ပျိုးထောင်သင်ကြားရေး ရည်မှန်းချက်များမှာ –

နိုင်ငံတကာဘာသာစကားသင်ကြားရေးတွင် တရုတ်နည်းဟန် ပထမတန်းစား နိုင်ငံခြား ဘာသာသင်ကြားနည်းနှင့် ပုံသဏ္ဍာန်ဖန်တီးပုံဖော်၍ သင်ကြားရေးတို့ဖြင့်သင်ကြားလျှက်ရှိပါသည်။ တောင့်တင်းခိုင်မာသော ရုရှားဘာသာ စာပေအင်အားဖြင့် နိုင်ငံတော်၏ မဟာဗျူဟာမြောက် လိုအပ်ချက်များ၊ ဒေသဆိုင်ရာစီးပွားရေး၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရာတွင် လိုအပ်လျော့နည်းနေသော လူတော်လူကောင်းများကို ပြုစုပျိုးထောင်ပေးပြီး အသစ်ဖန်တီးနိုင်မှုနှင့် တည်ဆောက်ရေးအဓိကထားကာ အဆင့်မြင့်ဘာသာပြန် ပုဂ္ဂိုလ်များ၊ ဒေသဆိုင်ရာသုတေသနနှင့် စီမံအုပ်ချုပ်သူ လူတော်လူကောင်းများ၊ တရုတ်-ရုရှား ယဉ်ကျေးမှုများကို နှစ်ဘက်ကူးလူးဖြန့်ဖြူးနိုင်သူ လူတော်လူကောင်းများ မွေးထုတ်ရေးနှင့် ဖွံ့ဖြိုးရေးတို့ကိုရည်ရွယ်၍သင်ကြားပေးခြင်းဖြစ်ပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC