Beijing Foreign 

Studies University

ဂျာမန်ဘာသာဌာန

发布时间:2019-05-15

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ဂျာမန်ဘာသာ အထူးပြုဘာသာရပ်ကို ၁၉၅၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ထိုအချိန်က ဆရာ (၂)ဦးနှင့် ကျောင်းသား (၄၀)ဦးသာရှိပါသည်။ ဂျာမန်ဘာသာစကား လောက ၀ါရင့်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သူ ယောက်ခက်ခွန်း (Yao Ke Kun) ကထိကမှ ဆိုခဲ့ဖူးသော မှတ်သားဖွယ်စကားတစ်ခွန်းမှာ – “ဆရာ နှစ်ဦး၊ ကျောင်းသား (၄၀)၊ တစိတ်တ၀မ်းတည်း ပေါင်းစည်းပါက “ဂျာမန်” ဟူသော စကားလုံး တစ်လုံးရတယ်” ဟုပင် ဖြစ်ပါသည်။

၂၀၀၂ ခုနှစ် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ဂျာမန်ဘာသာ စာပေပညာ အထူးပြုဘာသာရပ်မှာ ပညာရပ်ဆိုင်ရာဘွဲ့အပ်နှင်းရေးကော်မတီ (နိုင်ငံတော်ကောင်စီ)မှ နိုင်ငံတော်၏အရေးပါသော ဘာသာရပ် သင်ကြားရေးဌာနအဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံတော်အဆင့် အထူးပညာရှင် တည်ထောင်ရေးဌာနဖြစ်ခဲ့ပါသည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ဂျာမန်ဘာသာ စာပေပညာ ဘာသာရပ်တွင် ဂျာမန် ဘာသာ-စာပေပညာ၊ ဂျာမန်ဘာသာစကားပညာ၊ ဘာသာပြန်ပညာ၊ မတူကွဲပြားသော ယဉ်ကျေးမှုများ သုတေသနပြုရေးပညာ၊ ဂျာမန်နိုင်ငံခြားဆက်ဆံရေးနှင့် ဘောဂဗေဒ၊ ပညာသင်ကြားရေး ပညာအစရှိသော အထူးပြုဘာသာရပ် (၆)မျိုး ရှိပါသည်။ အရည်အသွေးမြင့်မားသော၊ ပညာစုံတတ်ကျွမ်းသော လူတော်လူကောင်းများ မွေးထုတ်၍ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို အလုပ်အကျွေးပြုရေးမှာ ဂျာမန်ဘာသာဌာန ဘွဲ့ကြိုသင်ကြားရေး၏ ပထမဦးဆုံးသော ရည်ရွယ်ချက်ဖြစ်ပါသည်။ ဤကဲ့သို့သောလုပ်ငန်းစဉ်အတွင်း ကျွန်ုပ်တို့သည် ကျောင်းသား ဗဟိုပြုပညာရေး၊ ကျောင်းသားများ ပညာဗဟုသုတလေ့လာလိုက်စားရေးနှင့် စိတ်ဝင်စားမှုအသီးသီးတို့ကို ဦးတည်၍ သင်ရိုးညွှန်းတမ်းများကို ချမှတ်ထားပါသည်။ ပထမ၊ ဒုတိယနှစ် အခြေခံပညာပေါ် အခြေခံထားကာ ကျွန်ုပ်တို့သည် “Dynamic Multivariate Course System”အတွင်းသို့ ခေါ်သွင်း၍ တတိယ၊ စတုတ္ထနှစ်တွင် “Introductory Course” နှင့် “Intensified Course” ဟူ၍ သင်ရိုးညွှန်းတမ်းနှစ်မျိုး ခွဲထားပါသည်။ ကျောင်းသားများမှလည်း မိမိတို့၏ စိတ်ဝင်စားမှုနှင့် ဘ၀စီမံကိန်းအလိုက် ဂျာမန်ဘာသာစာပေပညာ၊ ဘာသာဗေဒ၊ ဘာသာပြန်ပညာ၊ ယဉ်ကျေးမှုသုတေသန၊ နိုင်ငံခြား ဆက်ဆံရေး၊ ဘောဂဗေဒ ဟူသော အပိုင်းကြီး (၆)ပိုင်းအနက် ကြိုက်နှစ်သက်ရာ (၄)ပိုင်းကို မသင်မနေရ သင်ရိုးညွှန်းတမ်းအဖြစ် ရွေးချယ်သင်ယူနိုင်ပါသည်။

ဂျာမန်ဘာသာဌာနတွင် ဆရာဝန်ထမ်း (၃၇)ဦးရှိရာ၊ (၃၃)ဦးမှာ အချိန်ပြည့်ကျွမ်းကျင်ဆရာများဖြစ်ပြီး၊ ၎င်းတို့အနက် (၂၉)ဦးမှာ ပါရဂူဘွဲ့ရရှိထားသူများ ဖြစ်ကြပါသည်။ ရာထူးများအလိုက် ကထိက (၈)ဦး၊ အလယ်တန်း နည်းပြဆရာ (၆)ဦး၊ လက်ထောက်ကထိက (၁၁)ဦးတို့ ပါဝင်ပါသည်။ ယခုလက်ရှိ ၂၀၁၅ ခုနှစ်အတွင်း ဘွဲ့ကြိုကျောင်းသား (၃၄၅)ဦး၊ မဟာဝိဇ္ဇာကျောင်းသား (၉၂)ဦး၊ ပါရဂူကျောင်းသား (၂၅)ဦး ရှိပါသည်။

ဂျာမန်ဘာသာဌာနသည် ဂျာမနီနိုင်ငံ ဟီးဒါဘက်တက္ကသိုလ် (Heidelburg University)၊ ဂျော်တင်ဂမ်တက္ကသိုလ် (University of Goettingen)၊ ဂျမ်နာတက္ကသိုလ် (University of Jena)၊ ပါဆူးတက္ကသိုလ် (University of Passau)၊ မြူးနစ်ဘာသာပြန်ကောလိပ် (The Munich Translation Institite)၊ သြစတြီးယားနိုင်ငံ ဗီယင်နာတက္ကသိုလ် (University of Vienna) စသည် တို့နှင့် တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံရေးများ ရှိပါသည်။ ဂျာမန်ဘာသာဌာနသည် နှစ်စဉ်ကျောင်းသားများနှင့် ဆရာများကို အထက်ဖော်ပြပါကျောင်းများသို့စေလွှတ်၍ ပညာသင်စေခြင်း၊ အပြန်အလှန် ဖလှယ်ဆက်ဆံစေခြင်းတို့လုပ်သည့်အပြင် နိုင်ငံရပ်ခြားမှ လာရောက်ပညာ သင်ကြားသော ကျောင်းသားများကိုလည်း လက်ခံသင်ကြားပေးလျက်ရှိပါသည်။ ၂၀၀၈ ခုနှစ်မှ စတင်၍ ဂျာမန်ဘာသာဌာနသည် နန်ကျင်းတက္ကသိုလ်၊ ဂျော်တင်ဂမ် တက္ကသိုလ်တို့နှင့် ပူးပေါင်း၍ တရုတ်-ဂျာမနီ ယဉ်ကျေးမှု နှစ်ထပ်ကွမ်း မဟာဝိဇ္ဇာဘွဲ့ Arts of Germanistic ကိုလည်း ပျိုးထောင်သင်ကြားပေးကာ၊ ဘွဲ့လွန်ကျောင်းသားများအနေဖြင့် တရုတ်-ဂျာမန် ဘွဲ့နှစ်ခုကို တက္ကသိုလ်ပြီးဆုံးချိန်တွင် တပြိုင်နက်တည်း ချီးမြှင့်ပေးလျက်ရှိပါသည်။ ထို့အတူ ဂျာမန် ဘာသာဌာနနှင့် ဂျာမနီနိုင်ငံ နိုင်ငံတော်ဘာသာဗေဒ သုတေသနဌာန၊ မာန်ဟိန်းတက္ကသိုလ် (University of Mannheim) တို့ ပူးပေါင်း၍ နှစ်ထပ်ကွမ်းပါရဂူဘွဲ့ရများ ပျိုးထောင်သင်ကြားပေးလျက်ရှိပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC