Beijing Foreign 

Studies University

အာရပ်ဘာသာစကားကျောင်း

发布时间:2019-05-15

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် အာရပ်ဘာသာစကားကျောင်း အာရပ်ဘာသာ မေဂျာအား ၁၉၅၈ခုနှစ်တွင်တည်ထောင်ခဲ့ပြီး၊ ၁၉၈၁ခုနှစ်တွင် သီခြား အာရပ်ဘာသာရပ် အဖြစ်ရပ်တည်ခဲ့သည်။၁၉၈၁ခုနှစ် နှင့်၁၉၈၆ခုနှစ် တွင် အာရပ်ဘာသာစာပေ မဟာဘွဲ့ နှင့် ဒေါက်တာဘွဲ့အား အသီးသီးပေးအပ်နိုင်ခဲ့သည်။၂၀၀၂ခုနှစ်တွင် ပေကျင်းမြို့၏ အဓိက ဘာသာရပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး၊ ၂၀၀၇ခုနှစ်တွင် ပေကျင်းမြို့၏ အကောင်းဆုံး အရေးပေးခံရသောဘာသာရပ်အဖြစ်အပြင်၊ အဆင့်မြင့်ကျောင်းတစ်ကျောင်း၏ ထူးခြား သောဘာသာရပ်အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၅ခုနှစ် ၆လတွင် ကျောင်း၏ခွင့်ပြုချက်အရ အာရပ်ဘာသာရပ်ဌာနမှ အာရပ်ဘာသာစကားကျောင်းဖြစ်လာသည်။

ရာစုနှစ်ထက်ဝက်ကျော်ဖြတ်သန်းလာပြီးနောက် Mr.NaZong နှင့် Mr.Xujiangrong စသည့်ဝါရင့်အတွေ့အကြုံရှိကထိကများကိုယ်စားပြုသော အာရပ်လူမျိုးတို့၏ သားစဉ် မြေးဆက်ကြိုးစားမှုကြောင့် အာရပ်ဘာသာစကားကျောင်းသည် အဘက်ဘက်မှ ထူးချွန် သောရလပ် များရရှိခဲ့သည်။ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ အစုံအလင်ရှိခြင်း၊ ဆရာ၊ဆရာမများအင်အားတောင့်တင်းခြင်း၊ သင်ကြားရေးအရည်အသွေး မြင့်မားခြင်း၊ သုတေသနမှအောင်မြင်သောရလဒ်များ၏အားသာချက်များကြောင့် နိုင်ငံတွင်းမှကျောင်းတူ များကြားတွင် ရှေ့တန်းမှနေရာယူ လျက်ရှိသည်။ကျောင်းတွင် လက်ရှိသင်ကြားရေး ဆရာ၊ ဆရာမ၁၇ဦးရှိ ၍ ကထိက၄ဦး၊ လက်ထောက်ကထိက၄ဦး၊ ဒေါက်တာဘွဲ့ရ၈ဦးရှိပါသည်။ လက်ရှိ တာဝန်ထမ်းဆောင်နေသော ဆီးရီးယားနိုင်ငံသား အာရပ်စာပေပညာရှင် Mr.Ferras.Sawaheသည် ကမ္ဘာကျော် အာရပ်စာရေးဆရာ အာရပ်စာပေပညာရှင် တစ်ဦး ဖြစ်သည်။

ရာစုနှစ်ထက်ဝတ်အတွင်း အာရပ်ဘာသာစကားကျောင်းသည် သင်ကြားရေးအား အဓိကထားပြီးနိုင်ငံတော်အတွက် ရိုးရိုးဘွဲ့၊မဟာဘွဲ့ကျောင်းသား၊သူ၂၀၀၀ကျော်အားပြုစု ပျိုးထောင်ပေးခဲ့သည်။ ၎င်းတို့သည် ဘာသာစကားကျွမ်းကျင်မှူ၊ဘာသာရပ်ဆိုင်ရာ အသိပညာကြွယ်ဝမှူ၊ အရည်အချင်းပြည့်ဝမှူ တို့ကြောင့် နိုင်ငံတော်၏နိုင်ငံခြားရေးရာ နယ်ပယ်အသီးသီးတွင် အောင်မြင်စွာ တာဝန်ထမ်းဆောင်၍ ကျောင်း၏ ဂုဏ်သတင်းအား တိုးတက်ပြန့်ပွားလျက်ရှိသည်။ ပြည်တွင်းသံရုံး၌ အာရပ်ဘာသာစကားပြောနိုင်သော ၀န်ထမ်းတစ်ဝတ်ကျော်သည် မိမိတို့ကျောင်းမှဘွဲ့ရများဖြစ်ပြီး၊ထိုထဲမှလက်ရှိဒုတိယ၀န်ကြီး ကျန်းမင်၊ သံအမတ်သုံးဆယ်ကျော်နှင့်အကြံပေးအရာရှိဆယ်ယောက်ကျော်တို့ဖြစ်သည်။ လက်ရှိ ကျောင်းတွင်ရိုးရိုးဘွဲ့ကျောင်းသား၊သူ ၁၉၀ဦး၊ မဟာဘွဲ့ကျောင်းသား၊သူ ၄၄ဦး၊ ဒေါက်တာဘွဲ့ကျောင်းသား၊သူ ၁၀ဦး ရှိသည်။

အာရပ်ဘာသာစကားကျောင်း၏ ရိုးရာအစဉ်အလာသုတေသနပြုခြင်း အားသာချက်မှာ အာရပ်ဘာသာဗေဒသုတေသနပြုခြင်း၊စာပေနှင့်ယဉ်ကျေးမူသုတေသနပြုခြင်းတို့ဖြစ် သည်။ပညာရပ်ဆိုင်ရာအမြင်တိုးပွားစေရန်၊ ပညာရပ်ဆိုင်ရာအတတ်ပညာ၊နည်းပညာများ အားစုစည်း၍၊ပညာရပ်ဆိုင်ရာသုတေသနပြုခြင်းနှင့်နိုင်ငံ၏လိုအပ်ချက်များအားပိုမိုကောင်းမွန်စွာပူးပေါင်းနိုင်ရန်၊ကျောင်းမှသုတေသနဌာနသုံးခုအားဖွင့်လှစ်ခဲ့သည်။အာရပ်အစ္စလန်ယဉ်ကျေးမူသုတေသနဌာန၊ တရုတ်-အာရပ်မီဒီယာသတင်းဌာန၊ အရှေ့အလယ်နယ်မြေ သုတေသနဌာန။အာရပ်ဘာသာစကားကျောင်းနှင့်Lebanonတက္ကသိုလ်၊Egypt.AinShamsတက္ကသိုလ်၊ SuezCanal တက္ကသိုလ်၊University of King Hassan of Morocco V ၊Algeria Second University၊ The UAE University၊ Zayed University၊ United Arab Emirates စသည်ဖြင့် နိုင်ငံတကာအဆင့်မှီ အာရပ်တက္ကသိုလ် ၁၀ကျောင်းနှင့် တိုးချဲ့ပူးပေါင်းဖွင့်လှစ် ထားပါသည်။ကျောင်းမှနှစ်စဉ်ဆရာ၊ကျောင်းသားများအား အထက် ဖော်ပြပါတက္ကသိုလ်များ အပြင် အမေရိကန်၊ အင်္ဂလန်၊ အစ္စလန် စသည်နိုင်ငံများ၏ ထင်ရှားသောအဆင့်မြင့်ကျောင်းများသို့ ပညာရပ်ဆိုင်ရာ သင်တန်းများ တက်ရောက် သင်ယူ နိုင်သည်။

ယနေ့ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် အာရပ်ဘာသာစကားကျောင်းသည် နိုင်ငံ၏အရည်သွေးမြင့်မားသော အာရပ်ဘာသာစကားလူတော်များအားပြုစုပျိုးထောင်ပေး ရာ ပုခက်လွှဲသောလက်၊ အာရပ်ဘာသာရပ် သုတေသနပြုခြင်း၏ အဓိကကျောင်း၊ တရုတ်ပြည်အာရပ်ဘာသာပြန့်ပွားမှုပေးသောနေရာ၊တရုတ်-အာရပ်နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအဖြစ် ရပ်တည်လျက်ရှိသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC