Beijing Foreign 

Studies University

မိတ်ဆက်

发布时间:2019-05-15

ပညာသင်နှစ်

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ပညာသင်နှစ်တစ်နှစ်ကို နွေဦးရာသီပညာသင်ကာလနှင့် ဆောင်းဦးရာသီပညာသင်ကာလ ဟူ၍နှစ်ခုခွဲခြားထားပါသည်။ ဆောင်းဦးရာသီပညာသင်ကာလမှာ ပညာသင်နှစ်တစ်နှစ်၏အစဖြစ်ပြီး သာမန်အားဖြင့် စက်တင်ဘာလဆန်းမှ နောက်နှစ်ဇန်န၀ါရီလလယ် အထိဖြစ်ကာ နွေဦးရာသီပညာသင်ကာလမှာ ဖေဖော်ဝါရီလကုန်မှ ဇူလိုင်လလယ်အထိဖြစ်သည်။ ပညာသင်နှစ်တိုင်းတွင် ဆောင်းရာသီကျောင်းပိတ်ရက်နှင့် နွေရာသီကျောင်းပိတ်ရက်ဟူ၍နှစ်ခုရှိရာ နွေရာသီကျောင်းပိတ်ရက်မှာ ဇူလိုင် ၊သြဂုတ် နှစ်လတာကြာရှည်ပြီး ဆောင်းရာသီကျောင်းပိတ်ရက်ကတော့ တရုတ်နှစ်သစ်ကူးပွဲတော်ကာလဖြစ်ပြီး သာမာန်အားဖြင့် ရက်သတ္တပတ်လေးပတ်သာ ရှိသည်။ နွေရာသီကျောင်းပိတ်ရက်နှင့် ဆောင်းရာသီကျောင်းပိတ်ရက်များတွင် အချိန်ပိုင်း တရုတ်စာမွမ်းမံသင်တန်းများ ဖွင့်လှစ်လေ့ရှိပါသည်။

အချိန်ပြည့်ဘွဲ့သင်တန်းများ

၁။ Bachelor(ရိုးရိုး)ဘွဲ့သင်တန်းများ၏သင်တန်းကာလကြာမြင့်ချိန်မှာ ၄ နှစ်ဖြစ်သည်။ ကျောင်း၏စံသတ်မှတ်ညွှန်ကြားချက်များနှင့်အညီ သင်ရိုးပြီးမြောက်အောင်မြင်၍စာတမ်းပြုစုဖြေဆိုမှု(Thesis Defence)အောင်မြင်ပါက တက္ကသိုလ်အောင်လက်မှတ်ရမည်ဖြစ်ပြီး ရိုးရိုးဘွဲ့အရည်အချင်းသတ်မှတ်ချက်နှင့်ကိုက်ညီပါက Bachelor ဘွဲ့လက်မှတ်ရရှိမည်ဖြစ်သည်။

၂။ မဟာဘွဲ့သင်တန်းများ၏သင်တန်းကာလကိုအထူးပြုဘာသာအလိုက်၂ နှစ်(သို့) ၃ နှစ်သတ်မှတ်ထားပါသည်။သင်ရိုးပြီးမြောက်အောင်မြင်ကာ စာတမ်းပြည့်စုံအောင်ရေးသားနိုင်ပြီး စာတမ်းပြုစုဖြေဆိုမှု(Thesis Defence) အောင်မြင်ပါကတက္ကသိုလ်အောင်လက်မှတ်နှင့် မဟာဘွဲ့လက်မှတ်ရရှိမည်ဖြစ်သည်။

၃။ ပါရဂူဘွဲ့သင်တန်းများ၏ပညာသင်နှစ်မှာ ၃ နှစ် ဖြစ်ပါသည်။သင်ရိုးပြီးမြောက်အောင်မြင်ကာသိပံ္ပသုတေသနမှာ အတိုင်းတာတစ်ခုထိအောင်မြင်မှုရှိရမည်။ ပါရဂူဘွဲ့စာတမ်းပြီးဆုံးအောင် ရေးသားနိုင်ပြီးစာတမ်းပြုစုဖြေဆိုမှု(Thesis Defence) အောင်မြင်ပါကတက္ကသိုလ်အောင်လက်မှတ်နှင့်ပါရဂူဘွဲ့လက်မှတ်ရရှိမည်ဖြစ်သည်။

အောင်လက်မှတ်ရအချိန်တိုသင်တန်းများ

၁။ သာမာန်မွမ်းမံသင်တန်း၏ သင်တန်းကာလကြာမြင့်ချိန်မှာ ၆ လ မှ ၁ နှစ်အထိဖြစ်ပြီး အခြေအနေ ပေါ်မှာ မူတည်၍ ပညာဆက်လက်သင်ကြားရန် လျှောက်ထားနိုင်ပါသည်။တရုတ်စာမွမ်းမံသင်တန်း သို့မဟုတ် အခြားအထူးပြုဘာသာရပ်များ၏ မွမ်းမံသင်တန်းကာလပြီးဆုံးသောအခါ အရည်အချင်းစစ်စာမေးပွဲ အောင်မြင်ပါက သင်တန်းဆင်းလက်မှတ်ရရှိမည်ဖြစ်သည်။

၂။ လက်ရှိတွင်အချိန်တိုမွမ်းမံသင်တန်းများကို တရုတ်စာအချိန်တိုမွမ်းမံသင်တန်းများသာ ဖွင့်လှစ်ထားပါသည်။၎င်းအချိန်တိုမွမ်းမံသင်တန်းများကိုတော့ တရုတ်ပြည်ကိုလာရောက်လည်ပတ်၍ပညာသင်လိုသူများ၊ တရုတ်စာနှင့်တရုတ်ယဉ်ကျေးမှုကို လက်တွေ့ခံစားသိရှိလိုသော နိုင်ငံခြားပညာတော်သင်များလျှောက်ထားရန် သင့်တော်ပါသည်။နွေရာသီကျောင်းပိတ်ကာလတွင် အချိန်တိုမွမ်းမံသင်တန်းများကို ၈ ပတ်ကြာသင်တန်း၊၄ပတ်ကြာသင်တန်းနှင့်၃ပတ်ကြာသင်တန်းဟူ၍ သုံးမျိုးခွဲထားရာဆောင်းရာသီကျောင်းပိတ်ကာလတွင် နှစ်စဉ်လျှောက်ထားသော နာမည်စာရင်းပေါ်တွင်မူတည်၍၄ပတ်ကြာသင်တန်းများ ဖွင့်လှစ်ထားပါသည်။အတန်းချိန်မှာ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိဖြစ်ပြီး သင်တန်းအစီအစဉ်မှာ မနက်ပိုင်းတွင်တရုတ်စာသင်ကြားပို့ချခြင်း၊ ညနေပိုင်းတွင် တရုတ်ယဉ်ကျေးမှု အကြောင်းအရာများကို သင်ကြားပို့ချခြင်းနှင့် တနင်္လာနေ့တိုင်းပေကျင်းမြို့အတွင်းလည်ပတ်ကြည့်ရှုခြင်းတို့ဖြစ်ပါသည်။သင်တန်းအစတွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ ကျောင်းသားကတ်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးချိန်တွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ ပညာသင်လက်မှတ်ရရှိမည်ဖြစ်သည်။

လုပ်ထုံးလုပ်နည်းများ

၁။ကျောင်းဝင်ခွင့်လျှောက်ထားခြင်း။ ။ ကျောင်းသူကျောင်းသားများသည် နာမည်စာရင်းပေးသွင်းနိုင်သည့်ကာလဖြစ်သော ဆောင်းဦးရာသီပညာသင်ကာလ၏ဧပြီလလယ်မှ ဇွန်လဆန်းပိုင်းနှင့် နွေဦးရာသီပညာသင်ကာလ၏ အောက်တိုဘာလလယ်မှ နောက်နှစ်ဇန်န၀ါရီလဆန်းပိုင်းများတွင်http://study.bfsu.edu.cn၌နာမည်စာရင်း ပေးသွင်းရပါမည်။တစ်ချိန်တည်းမှာပင်နိုင်ငံကူးလက်မှတ်နှင့် လျှောက်ထားသော အထူးပြုဘာသာဌာနမှ တောင်းဆိုသည့် သက်ဆိုင်ရာအောင်လက်မှတ်များကိုလည်း upload လုပ်ရပါမည်။ ကျောင်းမှ စစ်ဆေးပြီးနောက်လိုအပ်သည့်စာရွက်စာတမ်းများကို ထပ်မံ ပေးပို့ရန် အချိန်မီအကြောင်းကြားမည်ဖြစ်ရာ ၀င်ခွင့်စာမေးပွဲများ၊ အရည်အချင်းစစ်စာမေးပွဲများကိုလည်း ဖြေဆိုရန်စီစဉ်မည်ဖြစ်ပါသည်။ထိုကြောင့် application status များအား နာမည်စာရင်ပေးသွင်းသည့် အင်တာနက်ဝက်ဆိုဒ်ကနေ စောင့်ကြည့်နိုင်ပါသည်။

၂။ကျောင်းတက်ရောက်ခွင့်အကြောင်းကြားခြင်း။ ။ ကျောင်းတက်ရောက်ခွင့်ရရှိပါက တက်ရောက်ခွင့်အကြောင်းပြန်ကြားလွှာ၊ နိုင်ငံခြားပညာတော်သင်များ နေထိုင်ခွင့်လျှောက်ထားလွှာ(JW202)နှင့် ကျောင်းသားသစ်များကိုပေးပို့စာစသည့် သက်ဆိုင်ရာစာရွက်စာတမ်းများကို အချိန်မီပေးပို့ပေးမည် ဖြစ်သည်။ကျောင်းတက်ရောက်ခွင့်ရရှိသည်မှ သက်ဆိုင်ရာစာရွက်စာတမ်းများပေးပို့ပေးသည့်အထိ အချိန်လေးငါးပတ်ကြာမြင့်မည်ဖြစ်ပါသည်။

အဆောင်နှင့်နေအိမ်

နိုင်ငံခြားပညာတော်သင်များအတွက် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်တွင် အဆောင်အမျိုးမျိုး

ရှိပါသည်။ကျောင်းတွင်းရှိအဆောင်များတွင်မနေထိုင်လိုပါက ကျောင်းအပ်ချိန်မတိုင်မီ နေထိုင်ရန်

ကြိုတင်ဆက်သွယ်စီစဉ်ထားရပါမည်။ ထို့အပြင် အိမ်ရှင်နှင့်အတူ မိမိနေထိုင်ရာရပ်ကွက် သို့မဟုတ်

သက်ဆိုင်ရာ ရဲစခန်းသို့သွားရောက်၍ နေထိုင်ကြောင်းထောက်ခံစာယူရပါမည်။ ကျောင်းအပ်သောအခါ

တွင်လည်းကောင်း၊ ဗီဇာသက်တမ်းတိုး လျှောက်ထားသောအခါတွင်လည်းကောင်း ရဲစခန်း၏ နေထိုင်ကြောင်းထောက်ခံစာ ယူလာရန်လိုအပ်ပါသည်။

ပညာသင်စရိတ်

အထူးပြုဘာသာရပ် သင်တန်း ပညာသင်စရိတ် ကျောင်းအပ်ခ

အချိန်ပြည့်ဘွဲ့သင်တန်းများ




တရုတ်ဘာသာအထူးပြု

သာမာန်ဘွဲ့

၁၂၁၅၀ ယွမ် / ပညာသင်ကာလ

၂၂၁၅၀ ယွမ် / ပညာသင်နှစ်

၄၀၀ ယွမ်


မဟာဘွဲ့

၁၇၀၀၀ ယွမ် / ပညာသင်နှစ်

၈၀၀ ယွမ်

တရုတ်ဘာသာမဟုတ်သော

အခြာအထူးပြုဘာသာများ

သာမာန်ဘွဲ့

၂၆၀၀၀ ယွမ် / ပညာသင်နှစ်

၈၀၀ ယွမ်


မဟာဘွဲ့

၂၇၁၅၀ ယွမ် / ပညာသင်နှစ်

၈၀၀ ယွမ်


အဆင့်မြင့်ဘာသာပြန် ကောလိပ်၏မဟာဘွဲ့

၃၀၀၀၀ ယွမ် / ပညာသင်နှစ်

၈၀၀ ယွမ်


ပါရဂူဘွဲ့

၃၄၀၀၀ ယွမ် / ပညာသင်နှစ်

၈၀၀ ယွမ်

အောင်လက်မှတ်ရအချိန်တိုသင်တန်း




တရုတ်ဘာသာအထူးပြု

သာမာန်မွမ်းမံသင်တန်း

၁၁၁၅၀ ယွမ် / ပညာသင်နှစ်

၂၁၁၅၀ ယွမ် / ပညာသင်နှစ်

၄၀၀ ယွမ်

WELCOME TO OUR BFSU

ONLINE REGISTRATION

it doesn't take a genius to start and also can become the best person

CLICK HERE

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC